Wednesday, 18 September 2019 16:08

age

 

အပြည်ပြည်ဆိုင်ရာကမ္ဘောဇအာမခံကုမ္ပဏီ (IKBZ Insurance) က အသက်အာမခံဝန်ဆောင်မှုများ သီးသန့်ဆောင်ရွက်မည့် IKBZ Life Insurance Co.,Ltd ကိုစတင်ဖွင့်လစ်လိုက်ကြောင်း IKBZ မှသိရသည်။

"IKBZ Insurance မှာ ယခင်အတိုင်း ဆက်လက်ဝန်ဆောင်မှုပေးသွားမှာဖြစ်ပါတယ်။ အဲလိုဝန်ဆောင်မှုပေးနိုင်ဖို့အတွက် Life Planners များ ခန့်အပ်ထားပြီး အပြည့်အ၀ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်" ဟု IKBZ Insurance ဒုတိယဥက္ကဋ္ဌ ဦးညိုမြင့်ဆိုသည်။

မြန်မာနိုင်ငံတွင် တွင်ကျယ်မှုမရှိသေးသည့် အသက်အာမခံအမျိုးအစားများကို ပိုမိုသိရှိလာနိုင်မည်ဖြစ်ပြီး အမှန်တကယ်လိုအပ်သည့် အသက်အာမခံအမျိုးအစားအသစ်များကို ထိရောက်သောနည်းလမ်းများဖြင့် ပိုမိုဝန်ဆောင် မှုပေးသွားမည်ဖြစ်ကြောင်း IKBZ မှသိရသည်။

Read More>>> အလူမီနီယံမှန်တံခါးတပ်ဆင်မယ်ဆိုရင် သိထားသင့်တဲ့အချက်များ

နိုင်ငံအတွင်း ဈေးကွက်ထိုးဖောက်မှုရာခိုင်နှုန်း ၀ ဒသမ ၁ သာရှိနေသည့် အသက်အာမခံဈေးကွက် ပိုမိုကျယ်ပြန့်လာအောင်လုပ်ဆောင်ခြင်းဖြင့် ဘ၀လူနေမှုအဆင့်အတန်းမြှင့်တင်ရေးကို အလေးထားဆောင်ရွက်သွားဖြစ်သည် ဟု IKBZ Insurance နှင့် IKBZ Life Insurance ကုမ္ပဏီမှ သိရသည်။

မြန်မာနိုင်ငံတွင် ဖက်စပ်အထွေထွေအာမခံနှင့် အသက်အာမခံလုပ်ကိုင်ရန် ဖက်စပ်နိုင်ငံခြားသားအာမခံ လုပ်ငန်း ၆ ခုကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ သြဂုတ်လအတွင်း လုပ်ကိုင်ခွင့်ပြုခဲ့ပြီး အာမခံအသစ်များလည်း ထပ်မံဝန်ဆောင်မှုပြုရန်ဆောက်ရွက်လျက်ရှိကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ သိရသည်။

Source: iMyanmarhouse


Read 129 times
Rate :
(0 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.