Monday, 16 September 2019 13:24

အချို့ရှပ်ရှင်တွေကို သင်ကြည့်ဖူးကောင်းကြည့်ဖူးပါလိမ့်မယ်။

အဲ့ဒီအချိန်တုန်းကတော့ ရုပ်ရှင်တစ်ခုအနေနဲ့သာ ကြည့်တာဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် အခုဖော်ပြပေးမယ့် ရုပ်ရှင်တွေကိုကြည့်ရှုမယ်ဆိုရင်တော့ ရုပ်ရှင်လည်းကြည့်ရ၊ English စာလဲလေ့လာပြီးသားဖြစ်သွားမှာပါ။

၁။ Jurassic Park (1993)

4cc31270f5112422439148f4bfafbd25

တော်တော်များများရင်းနှီးမယ့် ရုပ်ရှင်ပါ။ သင်မသိဘူးဆိုလျှင်တော့ သင့်ရဲ့ ကလေးဘ၀ဟာ ပျင်းစရာကြီးဖြစ်နေမလားပဲ။ အနည်းငယ်ရှုပ်ထွေးမှုရှိတဲ့ သိပ္ဗံအသုံးအနှူန်းတွေကို နားလည်နိုင်စေမယ့် ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်ပါတယ်

၂။ Notting Hill (1999)

notting hill1

British English ရော American English ရောလေ့လာဖို့သင့်တော်တဲ့ ရုပ်ရှင်ကားကောင်းတစ်ခုပါ။ ဘာလို သင့်တော်လဲဆိုတော့ London က အူကြောင်ကြောင် စာအုပ်ဆိုင်ပိုင်ရှင်လေးတစ်ယောက်ဟာ America movie star တစ်ယောက်ကို မေတ္တာရှိသွားတဲ့ဇာတ်လမ်းလေးမို့လို့ British English ရော၊ US English ပါ လေ့လာနိုင်မယ့် ဇာတ်ကားဖြစ်နေပါတယ်။

၃။ Clueless (1995)

am 35v14997uew37wm44

1993-1996 ကာလရဲ့ဖက်ရှင်ဒီဇိုင်းတွေပါဝင်ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ 90’s ၀န်းကျင်လူတွေအနေနဲ့ ရင်းနှီးမယ့်ဇာတ်လမ်းတစ်ခုပါ။

၎။ The Hunger Games (2012)

The Hunger Games Full Poster

အထူးတလည်မပြောတော့ပါဘူး။ တော်တော်များများရင်းနှီးမယ့်ရုပ်ရှင်ပါ။ US English ကို အလွယ်တကူနားလည်နိုင်စေမည့် Sci-fi Adventures ရုပ်ရှင်တစ်ခုပါ။

၅။ The King’s Speech (2010)

the kings speech 10

England ဘုရင် King Gorge အကြောင်း ရိုက်ထားတဲ့ဇာတ်ကားပါ။ တစ်ကားလုံးစကားပြောတာတွေန့ပဲ ပြည့်နှက်နေတဲ့အတွက် Language လေ့လာဖို့ လွန်စွာအထောက်အကူပြုပါတယ်။ စကားပြောတွေနဲ့ ပဲပြည့်နေတယ်ဆိုလို့ ပျင်းစရာကောင်းတယ်လို့ မထင်လိုက်နဲ့ နော်။ အရမ်းကောင်းပါတယ်။ ရုပ်ရှင်ကျောရိုးကိုက စကားပြောကောင်းအောင်သင်ပေးတဲ့ ဇာတ်လမ်းဖြစ်လို့ English language လေ့လာဖို့ အထူးကောင်းမွန်ပါတယ်။

Read More>>>အွန်လိုင်းကနေ လေ့လာသင်ယူနိုင်တော့မည့် အဝေးသင်ပညာရေး

၆။ The Queen (2006)

p162029 p v7 af

England တော်ဝင်မိသားစုအကြောင်းနဲ့ မင်းသမီးဒိုင်ယာနာအကြောင်းရိုက်ထားတဲ့ Drama ကားကောင်းတစ်ခုပါ။

၇။ The Wizard of Oz (1939)

wizard of oz 5

ရုပ်ရှင်သမိုင်းမှာတော်တော်နာမည်ကြီးခဲ့တဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ မျက်လှည့်ကမ္ဘာကိုရောက်သွားတဲ့ ကောင်မလေးတစ်ယောက်အကြောင်းပါ။ သီချင်းတွေလည်းပါပါတယ်။

၈။ Men In Black (1997)

MeninBlack PosterArt CR

Will Smith ရဲ့ကားကောင်းတစ်ခုပါ။ ရှင်းလင်းပြတ်သားတဲ့ English ပြောဆိုမှုတွေပါဝင်လို့ ကြည့်ရှုသင့်ပါတယ်။

၉။ The BabaDook (2014)

c0be0c7d53c2fd679ce3024a5d1d52233120bcf1 hq

သရဲကားကြောက်တတ်လျှင်တော့ ဒီရုပ်ရှင်ကိုကျော်လိုက်ပါ။ The Babadook ဆိုတဲ့စာအုပ်ကို ရှာတွေ့သွားတဲ့ သားအမိနှစ်ယောက်အကြောင်း ဇာတ်အိမ်တည်ထားတာပါ။ Australian accents သုံးထားတဲ့ English ကိုလေ့လာလိုရင်အဆင်ပြေပါတယ်။

၁၀။ Black Sheep (2006)

p165197 v v8 am

သိုးတွေကို monster အနေနဲ့ ဇာတ်အိမ်တည်ထားတဲ့ New Zealand ဇာတ်ကားပါ။ New Zealand accent ကို လေ့လာဖို့ သင့်တော်ပါတယ်။

Source; Learning English Today

 


Read 280 times
Rate :
(2 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.