Monday, 09 September 2019 13:39

02

မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ် (တံတားဦး)တွင် နိုင်ငံတကာသို့ သစ်သီးဝလံများ ပို့ဆောင်ပေးမည့် Cargo Terminal ကို စက်တင်ဘာ ၆ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး မန္တလေးမြို့ ဗဟိုပြု၍ အခြားနိုင်ငံများသို့ အချိန်နှင့်တစ်ပြေးညီတင်ပို့နိုင်တော့မည်ဟု MJAS Mc- Julux လေဆိပ်ဝန်ဆောင်မှုကုမ္ပဏီဥက္ကဋ္ဌ Futoshi Hiroi က ပြောဆိုသည်။

"လက်ရှိအဆောက်အအုံထဲမှာပဲ သွင်းကုန် ထုတ်ကုန်ခွဲထားတယ်။ ကုန်စည်က ပိုများလာပြီဆိုရင်တော့ အဆောက်အအုံတစ်ခုထပ်ပြီး တိုးချဲ့တည်ဆောက်သွားမှာဖြစ်သလို သယ်ယူပို့ဆောင်ရေးလုပ်ငန်း ကုမ္ပဏီတွေက ဂိုထောင်ဆောက်ချင်ရင်လည်း ခွင့်ပြုပေးမယ်။ ကုန်စည်စီးဆင်းမှုကို မန္တလေးဗဟိုပြုအကောင်အထည်ဖော်တာဖြစ်တယ်"ဟု ၎င်းက ပြောဆိုသည်။

အဆိုပါ Cargo Terminal မှတစ်ဆင့် လက်ရှိတွင်သီးနှံများ၊ အဝတ်အထည်များကို တရုတ်နိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် ထိုင်းနိုင်ငံများသို့ ပို့ဆောင်ခြင်း၊ တင်သွင်းလာမှုကို လက်ခံခြင်း ပြုလုပ်လျက်ရှိကာ အိန္ဒိယနိုင်ငံနှင့်လည်း ချိတ်ဆက်ဆောင်ရွက်နေခြင်းကြောင့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ လုပ်ငန်းရှင်များ အထောက်အကူဖြစ်စေမည်ဟုပြောဆိုသည်။

>>>အာဆီယံနိုင်ငံများ ကုန်ထုတ်လုပ်မှု ညွှန်းကိန်း၏ အဆင့် ၁ နေရာတွင် မြန်မာနိုင်ငံ ရပ်တည်

ယခင်က လေကြောင်းလိုင်းဖြင့် နိုင်ငံတကာသို့ Export/Import လုပ်ဆောင်ရာ၌ ရန်ကုန်သို့ ပို့ဆောင်ပြီးမှ လုပ်ဆောင်ခဲ့ရခြင်းဖြစ်ပြီး ယခုအချိန်တွင် မန္တလေးမြို့မှ တိုက်ရိုက်ဆောင်ရွက်နိုင်တော့မည်ဖြစ်ရာ ကုန်ကျစရိတ်သက်သာပြီး အချိန်ကုန်သက်သာမည်ဖြစ်သည်။

"သစ်သီးဝလံတွေကို လေကြောင်းလိုင်းနဲ့ အလွယ်တကူ မန္တလေးကနေ နိုင်ငံတကာအထိ တင်ပို့နိုင်တော့မယ်။ နောက်ပိုင်းမှာဆိုရင် အသားငါးတွေပါ တင်ပို့နိုင်ဖို့ ဆက်လုပ်နိုင်မှာပါ။ ဒီလိုဝန်ဆောင်မှုက မန္တလေးက လုပ်ငန်းရှင်တွေအတွက် အဆင်ပြေမှာဖြစ်တယ်"ဟု MRCCI (မန္တလေး)ဥက္ကဋ္ဌ ဦးကျော်မင်းက ပြောဆိုသည်။

>>>အခွန်ကင်းလွတ်ခွင့်ရရှိထားသော သွင်းကုန်ပစ္စည်းများ

MJas Mc-Julux ကုမ္ပဏီနှင့် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတို့ ၂၀၁၅ ခုနှစ် ဧပြီ ၁ ရက်က သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး Cargo Terminal နှင့်ပတ်သက်၍ ၂၀၁၈ ခုနှစ် နိုဝင်ဘာလက တည်ဆောက်ပြီးစီးခဲ့ကြောင်း၊ ဧက ၁၄၀ဝ၀ ကျော်ကျယ်ဝန်း၍ ကုန်စည်တန်ချိန် ၄၀ဝ၀ ခန့်ထားရှိနိုင်ပြီး အသီးအနှံများအတွက် အအေးပေးစနစ်မှာ -၂၀ ဒီဂရီအထိပေးနိုင်ကြောင်း သိရသည်။

Source Myanmartimes


Read 224 times Last modified on Monday, 09 September 2019 13:57
Rate :
(1 Vote)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.