Thursday, 05 September 2019 16:35

1-2.jpg

တရုတ် ဝယ်လက်များအပြင် နိုင်ငံခြားခရီးသည်များ လာရောက်မှုရှိသည့် မဟာအောင်မြေကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်း (မန္တလေး ကျောက်ဝိုင်း) ကို ညပိုင်းတွင်တိုးချဲ့ဖွင့်လှစ်နိုင်ရန်

 မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီနှင့် စခန်းအကျိုးတော်ဆောင်ကော်မတီတို့ ပူးပေါင်းစီစဉ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်းကို ၂၀ဝ၁ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ရာ အတည်တကျ ဆိုင်ခန်းပေါင်း ၁၁၀ဝ ကျော်နှင့် ပျံကျဆိုင် ၁၇၀ ကျော်ရှိပြီး မြို့အင်္ဂါရပ်နှင့်အညီ ဖြစ်စေရန် ပျံကျအခင်းဝိုင်းအား အဆင့်မြှင့်တင်တည်ဆောက်ခြင်း၊ နိုင်ငံတကာအဆင့်မီသန့်စင်ခန်းများ တည်ဆောက်ခြင်း၊ စခန်းပတ်လည်လမ်းများကို နိုင်လွန်ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခင်းကျင်းခြင်းတို့ကို မြို့တော်စည်ပင် မှ ဆောင်ရွက်ပေးထားသည်။

ဦးပိန်တံတားသို့ ခရီးသွားဧည့်သည် ဝင်ရောက်မှုများပြားလာသဖြင့် ငှက်လှေသမားများ ဝင်ငွေကောင်း

""ညပိုင်းအချိန်တိုးချဲ့ ဖွင့်လှစ်ရောင်းဝယ်ရေးနဲ့ ပတ်သက်လို့ စက်တင်ဘာ ၃ ရက် နေ့လယ်ပိုင်းက ကျောက်ဝိုင်းအကျိုးတော်ဆောင်အဖွဲ့နဲ့ရော ကျောက်သမားတွေ၊ ဆိုင်ခန်းရှင်တွေနဲ့ပါ တွေ့ဆုံညှိနှိုင်းခဲ့ကြပါတယ်။

သူတို့ဘက်က အဓိကတောင်းဆိုကြတာကတော့ လုံခြုံရေးပိုင်း၊ သန့်ရှင်းရေးပိုင်းနဲ့ လျှပ်စစ်မီးပိုင်းအတွက်ဖြစ်တာကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဆီကို ဆက်လက်တင်ပြပြီးတော့ လိုအပ်တဲ့အပိုင်းတွေမှာ ဖြည့်ဆည်းဆောင်ရွက်ပေးပြီးလို့ အဆင်ပြေပြီဆိုတော့မှ တိုးချဲ့ဖွင့်လှစ်မှာဖြစ်ပါတယ်။

မန္တလေးမြို့ကို လာရောက်လည်ပတ်ကြတဲ့ နိုင်ငံခြားသားခရီးသည် တွေဟာဆိုရင် ကျောက်စိမ်းညဈေးတန်းအဖြစ် မြန်မာ့ကျောက်စိမ်းတွေကို တစုတစည်းတည်းစိတ်ဝင်တစား လေ့လာနိုင်မှာဖြစ်တဲ့အပြင် မဖြစ်မနေလည်ပတ်ရမယ့် နေရာတွေစာရင်းမှာ ပါဝင်အောင် ဆွဲဆောင်နိုင်တဲ့အထိ ရည်ရွယ်ထားပြီး အောက်တိုဘာလတွင် စတင်ဖွင့်လှစ်သွားဖို့စီစဉ်နေပါတယ်။

>>> ကျောက်မျက်ရတနာဆိုင်

ဆိုင်ခန်းအားလုံးကို မဖွင့်မနေရ လာဖွင့်ရမယ်လို့တော့ အတင်းအကျပ်ညွှန်ကြားတာမျိုးမဟုတ်ဘဲ ညအချိန်မှာ ဖွင့်ဖို့အဆင်ပြေမယ့် ဆိုင်ခန်းတွေကိုသာ ဖွင့်လှစ်ဖို့ဖိတ်ခေါ်သွားမှာဖြစ်ပြီး အချိန်ကတော့ ညနေ၆ နာရီကနေည ၁၁ နာရီအထိလို့ သတ်မှတ်ထားပါတယ်""ဟု မြို့တော်စည်ပင်သာယာရေး ကော်မတီဝင်ဦးကျော်ဇောအောင်က ပြောကြားသည်။

ယခုကဲ့သို့ ညပိုင်းတွင် ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်းကို ဖွင့်လှစ်နိုင်ရန် စီစဉ်နေခြင်းအပေါ် စခန်းကိုအမှီပြု၍ လုပ်ငန်းလုပ်ကိုင်လျက်ရှိသည့် ဒေသခံကျောက်သမားများက လက်ခံကြိုဆိုကြပြီး ညပိုင်းဖွင့်လှစ်မည့်အချိန်မှာ ညနေ ၆ နာရီမှ ည ၁၁ နာရီ အထိ သတ်မှတ်ထားကြောင်း သိရသည်။

Democracytoday


Read 277 times Last modified on Thursday, 05 September 2019 16:55
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.