Thursday, 05 September 2019 13:17

123.gif

၅.၉.၂၀၁၉ မှ ၁၁.၉.၂၀၁၉အထိ ၇ ရက်သားသမီးများအတွက် တစ်ပတ်အတွင်း ပြောင်းလဲမည့် ကံကြမ္မာများကို အောက်တွင် ဖော်ပြပေးလိုက်ပါသည်။

တနင်္ဂနွေ

အလုပ်ပြောင်း၊ နေရာပြောင်း၊ တာဝန်ပြောင်း ထမ်းဆောင်ရတတ်ပါသည်။ စပ်တူစီးပွားရေးလုပ်ငန်းများတွင် အခက်အခဲကြုံရစေတတ်ပါသည်။ လုပ်ငန်းကိစ္စများ လုပ်ကိုင်ဆောင်ရွက်ရာတွင် သတိထား၍ လုပ်ကိုင်ရန်လိုပါလိမ့်မည်။ ကိုယ်ရေးကိုယ်တာကိစ္စများတွင် ပြဿနာအရှုပ်အရှင်းဖြစ်စေတတ်ပါသည်။ အလိုလိုနေရင်းမှပင် စိတ်တိုစိတ်ဆတ်ဖြစ်နေမည်။ ဦးတည်ချက်မရှိသော ခရီးသွားရတတ်သည်။ အိမ် ထောင်ဖက်နှင့် အဆင်မပြေခြင်း၊ အိမ်ထောင်ရေးကိစ္စ ပြဿနာကြုံရခြင်းများ ဖြစ်စေတတ်ပါသည်။ အချစ်ရေးတွင် မိမိ၏လက်တွဲကြင်ဖော်သည် အခက်အခဲထင်ပေါ်စရာမလိုအောင် ဖြေရှင်းကူညီထောက်ပံ့ပေးနေခြင်းမျိုး ကြုံရပါလိမ့်မည်။
ယတြာ။ ။ မွေးနေ့နံနက်တွင် အိမ်ကဘုရား၌ ကြာဖြူပန်း ကပ်လှူပေးပါ။

တနင်္လာ

စီးပွားရေးကိစ္စများနှင့် ပတ်သက်၍ အများနှင့်ဆက်ဆံ၍ အဆင်ပြေကံကောင်းစေသော ကာလဖြစ်ပါသည်။ အထက်လူကြီးများ၏ ပံ့ပိုးကူညီမှု အပြည့်အဝ ရရှိပါလိမ့်မည်။ အဝတ်အစား၊ အစားအသောက်၊ အသစ်အဆန်းများ အလျှံအပယ်ပေါများနေပါလိမ့်မည်။ အိမ်ထောင်ဖက်နှင့်ပတ်သက်သော ဝင်ငွေကောင်းများ ရရှိပါလိမ့်မည်။ အိမ်ထောင်ရေးစည်းစိမ်သုခ အပြည့်အဝခံစားရပါလိမ့်မည်။ ဘုရားဖူးခရီး၊ ပျော်ပွဲ စားခရီးများ သွားလာခြင်းဖြင့် စိတ်ချမ်းမြေ့ပျော်ရွှင်မှု ဖြစ်စေရပါလိမ့်မည်။ ခေါင်းလျှော်၊ ရေချိုး သတိပြုဆင်ခြင်ပါ။ အချစ်ရေးတွင် အဖေနှင့်အဆင်ပြေ၍ အမေနှင့် အသွင်အနေ တူညီပါသောချစ်သူမျိုးနှင့် လက်တွဲဆုံဆည်းခွင့် ကြုံရပါလိမ့်မည်။
ယတြာ ။ ။ သီလရှင်တစ်ပါးအား ဖျာတစ်ချပ် လှူပေးပါ။

အင်္ဂါ

အတိုက်အခံပြု၊ ယှဉ်ပြိုင်ရသောကိစ္စများတွင် အောင်မြင်ကံကောင်းစေရပါလိမ့်မည်။ အလောင်းအစားကိစ္စများနှင့် အကျိုးပေးနေပါလိမ့်မည်။ သားသမီးများနှင့် စကားပြောအဆင်မပြေဖြစ်စေတတ်ပါသည်။ သားသမီးများ၏ ကိစ္စများတွင် အလေးအနက်ထား၍ မလုပ်သင့်ပါ။ မိမိ၏မာနကြောင့်လည်းကောင်း၊ အမှန်တရားအတိုင်း တဲ့တိုးပြောဆိုတတ်မှုများကြောင့်လည်းကောင်း မိသားစုအတွင်း စိတ်ဝမ်းကွဲစရာ ဖြစ်စေရတတ်ပါသည်။ မဖြစ်သင့်သောအလိုဆန္ဒများလည်း ဖြစ်လာတတ်ပါသည်။ မတော်တဆထိခိုက်မိတတ်ပါသည်။ အချစ်ရေးနှင့်ပတ်သက်ပါလျှင် မသွေအဟုတ်ထူးခြားလိုပါက စနေ၊ ဗုဒ္ဓဟူးသားသမီးထဲမှ ဦးစားပေးရွေးချယ်ရန် သတိပြုရပါလိမ့်မည်။
ယတြာ ။ ။ မွေးနေ့နံနက်တွင် အိမ်ကဘုရား၌ လိမ္မော်ရည် ကပ်လှူပေးပါ။

ထီကံကောင်းစေဖို့ ပြုလုပ်သင့်သည့် ကုသိုလ်များ

ဗုဒ္ဓဟူး

တစ်ပါးသူမသိစေချင်သော အလုပ်များကို လျှို့ဝှက်စွာလုပ်ကိုင်မှုပြုရပါလိမ့်မည်။ ဘာသာရေး၊ ဂမ္ဘီရ၊ လျှို့ဝှက်ပညာရပ်များကို လေ့လာလိုက်စားလျှင် ထူးခြားမှုဖြစ်စေရတတ်ပါသည်။ ငွေကြေးကိစ္စ၊ ကုန်ကျစရိတ်များပြားနေပါလိမ့်မည်။မိမိလုပ်ငန်းတွင် ယုံကြည်မှုလွန်ကဲမိပါလျှင် ငွေကြေးဆုံရှုံးရတတ်ပါသည်။ မိမိကိုဆန့် ကျင်လိုသူများ ရှိနေပါလိမ့်မည်။ မိသားစုနှင့် မပြေမလည်ဖြစ်စေတတ်ပါသည်။ မိမိယုံ ကြည်ရသူတစ်ဦးနှင့်ပတ်သက်၍ မိမိ၏ဂုဏ်သိက္ခာကျစေတတ်ပါသည်။ သတိထားပါ။ အချစ်ရေးကိစ္စနှင့်ပတ်သက်၍ ချစ်ကြသူအချင်းချင်း မပြောသင့်သောစကား၊ မရောသင့်သောအမှားများအား မဆင်ခြင်မိ၍ အပြင်အဆင်မရှိ အမုန်းအပြစ်ဒဏ်ခံရစေတတ်ပါသည်။
ယတြာ ။ ။ မိတ်ဆွေတစ်ဦးအား အုန်းနို့ခေါက်ဆွဲ ဒါနပြုပေးပါ။

ကြာသပတေး

အသိပညာ၊ အတတ်ပညာဆိုင်ရာ တစ်မျိုးမျိုးကို လေ့လာသင်ယူမှုပြုရပါလိမ့်မည်။ ဂမ္ဘီရပညာရပ်ဆိုင်အသိပညာများ တိုးပွားလာပါလိမ့်မည်။ မိမိအတွက် အထောက်အကူရရှိစေပြီး စိတ်အစဉ်ကို ငြိမ်းချမ်းမှုဖြစ်စေရပါလိမ့်မည်။ မိမိပိုင်ပစ္စည်းဥစ္စာများနှင့်ပတ်သက်၍ စိုးရိမ်ထိတ်လန့်မှု ဖြစ်စေရတတ်ပါသည်။ အဆင်မပြေသော ခရီးတစ်ခု သွားလာရတတ်ပါသည်။ မိမိ၏လိုအပ်ချက်ကြောင့် ကုန်ကျစရိတ်များပြားပြီး ကျန်းမာရေးကို ထိခိုက်စေရတတ်ပါသည်။ အချစ်ရေးနှင့်ပတ်သက်၍ တင်ကြိုမှန်းဆ၍ တွေးမထားမိပါသော ရင်ဖိုလွမ်းရသည့်အခြေအနေများနှင့် ဆုံဆည်းပတ်သက်မှု ကြုံရစေတတ်ပါသည်။
ယတြာ ။ ။ အိမ်ကဘုရားတွင် ကြာဆံကြော် ကပ်လှူပေးပါ။

သောကြာ

မိတ်ဆွေသစ်များနှင့် လုပ်ငန်းစပ်တူပူးတွဲလုပ်ကိုင်မှုပြုရပါလိမ့်မည်။ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများထံမှ အကူအညီများ၊ ပံ့ပိုးမှုများကြောင့် အေးချမ်းသာယာစွာ လုပ်ကိုင်ဆောင်ရွက်မှုပြုနိုင်ပါလိမ့်မည်။ မိမိ၏လုပ်ငန်းရှင်မှ လမ်းညွှန်မှု၊ ပူးတွဲခေါ်ဆောင်ပံ့ပိုးမှုများကြောင့် အကျိုးစီးပွားဖြစ်ထွန်း အောင်မြင်စေရပါလိမ့်မည်။ အမှုအခင်း၊ တရားတဘောင်ကိစ္စများမဖြစ်စေရန် အထူးသတိပြု ဆင်ခြင်ပါ။ အများနှင့်သက်ဆိုင်သော ပြဿနာအခက်အခဲများကို မိမိမှ ပံ့ပိုးကူညီပါဝင်ဆောင်ရွက်မှု ပြုပေးသည့်တိုင် မိမိ၏လိုအပ်ချက်အတွက် တစ်ဦးတည်းသာ ဖြေရှင်းမှုပြုရပါလိမ့်မည်။ အချစ်ရေးတွင် ချစ်သူသည် အသွင်ဂေး ထင်ရှားသူ ဖြစ်သည်ဆိုပါ လျှင် မိမိအနေဖြင့် အထင်သေးအမြင်မှားဖြစ်စေသော အပြုအမူမျိုးကင်းအောင် ဆင်ခြင်၍ နေထိုင်ပေးပါ။
ယတြာ ။ ။ မွေးနေ့တွင် ငါးသက်စေ့လွှတ်၍ ကုသိုလ်ပြုပေးပါ။

စနေ

စီးပွားရေးလုပ်ငန်းများမှ ငွေကြေးအမြတ်အစွန်း သိသာစွာရရှိခံစားရပါလိမ့်မည်။ မိမိ၏စိတ်အလိုဆန္ဒ ပြည့်ဝ၊ ပြေလည်မှု ဖြစ်စေရပါလိမ့်မည်။ နာမည်ဂုဏ်သတင်း ထင်ပေါ်ကျော်စောမည်။ ဌာနဆိုင်ရာအတွင်း ရာထူးတိုးပါလိမ့်မည်။ အများ၏ဂရုဏာသက်ရောက်မှုခံရပြီး အစိုးရ၏ ဆုချီးမြှင့်ခြင်းခံရပါလိမ့်မည်။ အမြင့်သို့ ရောက်ရှိစေသည့်အထိ တွန်းပို့၊ တွန်းတင် ခံစားခွင့်ကြုံရစေတတ်ပါသည်။ မိမိအနေဖြင့် အပျော်အပါးမလိုက်စားပါဘဲ အသုံးအစွဲချွေတာပါလျှင် ငွေကြေးဥစ္စာ စုဆောင်းမိပါလိမ့်မည်။ အချစ်ရေးတွင် ချစ်သူနှင့်ပတ်သက်၍ ဘေးအပြောကိစ္စဖြစ်သော်လည်း ချစ်သူအပေါ်တွင် တွေးတောစိတ်ချ၍ ယုံကြည်နိုင်ရန် ခက်ခဲမှုရှိနေပါလိမ့်မည်။
ယတြာ ။ ။ ဘုရား၏ ရာဟုထောင့်တွင် ရှားမီး သက်စေ့ပူဇော်ပေးပါ။

သိလိုသည်များကိုလဲ ဖုန်းဆက်၍ စုံစမ်းမေးမြန်းနိုင်ပါတယ်၊
ဒေါက်တာလင်းမြတ်သူ ( 09 253817608 )

ဗေဒင်နှင့် လက္ခဏာဆရာများ >>> https://bit.ly/2ETcxR8


Read 186 times Last modified on Thursday, 05 September 2019 13:33
Rate :
(0 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.