Thursday, 29 August 2019 11:51

9b_0.jpg

ချေးငွေပမာဏ ကျပ်သိန်းငါးထောင်အထိ အများဆုံးလျှောက်ထားနိုင်ပြီး ချေးငွေသက်တမ်းအများဆုံး ၅ နှစ်အထိဖြစ်သည်။

SME JICA ချေးငွေသည် တစ်နှစ်လျှင် အတိုး ၈.၅ % သာ ရှိသဖြင့် တစ်လ တစ်ကျပ်တိုး မပြည့်ချေ။ ထို့ကြောင့် အထူးသက်သာချောင်ချိရေး စီမံကိန်း ဖြစ်သည်။

ချေးငွေအတွက် အာမခံအပေါင်ပစ္စည်းအနေဖြင့် မြေ၊ အဆောက်အဦးတို့ကိုမထားဘဲ ချေးငွေအာမခံ (CGI-Credit Guarantee Insurance) ဖြင့်လည်း ချေးယူနိုင်သည်။

မြန်မာနိုင်ငံတွင် JICA နှစ်ဆင့်ချေးငွေများကို SME များထံသို့ ပြည်တွင်း ပုဂ္ဂလိကဘဏ် ၆ ခု ဖြစ်သော SMIDB, MAB, AYA, CB, MCB နှင့် KBZ တို့တွင် ချေးယူနိုင်သည်။

SME JICA ချေးငွေ ရယူလိုသည့် လုပ်ငန်းရှင်အနေဖြင့် ကိုက်ညီပြည့်စုံရမည့် အချက်အလက် အင်္ဂါရပ်များမှာ

- အနည်းဆုံးသက်တမ်း ၂ နှစ်ရှိပြီးဖြစ်သည့် SME လုပ်ငန်း။
- စက်ရုံအဆောက်အအုံ၊ စက်ပစ္စည်း၊ စက်ယန္တရားကဲ့သို့ ရွှေ့ပြောင်းမရသော ပုံသေရင်းနှီးမြှုပ်နှံမှု စီမံကိန်းရှိသည့် SME လုပ်ငန်း။
- SMEအနာဂတ်လုပ်ငန်းစီမံကိန်း(Future Business Plan)report ။

၂၀၁၉ ခုနှစ် ကမ္ဘာ့အကောင်းဆုံးကမ်းခြေစာရင်းထဲတွင် ငပလီကမ်းခြေပါဝင်

ပုဂ္ဂလိကဘဏ်များ

- စီမံကိန်းအတွက် ချေးငွေကို အသုံးချရန် ရည်ရွယ်ထားသည့် အသေးစိတ်စာရင်း။
- ပြီးခဲ့သည့် ၂ နှစ် လုပ်ငန်းဘဏ္ဍာရေးစာရင်းများ၊ လုပ်ငန်း ဝင်ငွေခွန်ပြေစာ။
- SME ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ အသိအမှတ်ပြုထောက်ခံချက်
သို့မဟုတ် မြို့တော်စည် ပင်သာယာရေးကော်မတီ (YCDC)မှ ထုတ်ပေးသည့် လုပ်ငန်းလိုင်စင်၊ လုပ်ငန်းမှတ်ပုံတင်။
- အာမခံပစ္စည်းပိုင်ဆိုင်မှု သို့မဟုတ် CGI တို့ဖြစ်သည်။

အစိုးရဘဏ်များ နင့် (ပုဂ္ဂလိက) ဘဏ်များ

Source: Myanmar Industry Directory


Read 609 times Last modified on Thursday, 29 August 2019 15:04
Rate :
(0 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.