Wednesday, 28 August 2019 11:18

maxresdefault_1.jpg

၂၇-၈- ၂၀၁၉ မှ ၂- ၉- ၂၀၁၉ အထိ ဆရာစံဇာဏီဘို၏ တစ်ပတ်စာကံကြမ္မာ ကိုဖော်ပြပေးလိုက်ပါတယ်။

တနင်္ဂနွေနေ့မွေးသူများ

လုပ်ချင်သည်ကတစ်မျိုး၊ လုပ်နေသည်ကတစ်မျိုးကြုံမည်။ သူတစ်ပါးဆန္ဒကို အလေးပေးပြီး ဆောင်ရွက်ရမည်။ လုပ်နေသောကိစ္စ အဆင်မပြေ၊ မအောင်မြင်သေး၍ သူတစ်ပါးက အထင်သေးသည့်ကိန်းမှ လွတ်မြောက်မည်။ များမကြာမီအတွင်း ထူးခြားသော တိုးတက်မှုများ အဆင့်ဆင့်ရရှိမည်။ အိမ်ကလူများနှင့် မိမိအကြား စကားများစရာများ ပေါ်ပေါက်မည်။ စိတ်ပင်ပန်းပြီးမှ အလိုပြည့်မည်။ လုပ်ငန်းအတွင်းမှ ရန်အနှောင့်အယှက်များနှင့် ကြုံမည်။
ယတြာ ။ ။ တနင်္ဂနွေနေ့တွင် အုတ်ခဲကျိုးများ ရှာဖွေစွန့်ပစ်ပါ။

တနင်္လာနေ့မွေးသူမျာ

အနီးကပ် နောက်ဆုံးအချိန်ရောက်မှ စကားမတည်သူများနှင့် တွေ့တတ်သည်။ လုပ်ငန်းစီးပွားနှင့် အကြံအစည်ကိစ္စများ ဆောင်ရွက်သောအခါတွင် လူယုံမထားရ။ ဖြစ်လိုသောဆန္ဒ၊ ကြီးမားစွာရှိသော လုပ်ငန်းများ အဆင်မပြေ။ လုပ်လိုသည်များ များနေမည်။ ပညာအတတ်နှင့်ပတ်သက်၍ ကံကောင်းသောကာလဖြစ်သည်။ ဉာဏ်ပညာအစွမ်းအစကြီးမား၍ လုပ်ငန်းများ လုပ်ကိုင်အောင်မြင်မည်။ လမ်းသစ်ထွင်ပြီး လုပ်ခြင်းထက် ပိတ်နေသောလမ်းကြောင်းများ ပြန်ပွင့်မည်။
ယတြာ ။ ။ တနင်္လာနေ့တွင် ကံ့ကော်ညွန့် ဘုရားကပ်လှူပါ။

အင်္ဂါနေ့မွေးသူများ

လုပ်သမျှ ထွန်းပေါက်မည်။ မိတ်ဆွေအကြီးအကဲများထံမှ အထောက်အကူကောင်း ရရှိမည်။ လုပ်ငန်းအဆင့်တိုးတက်ခြင်း၊ ငွေကြေးကံကောင်းခြင်း၊ ဘဝတက်လမ်း အောင်မြင်ထွန်းပေါက်ခြင်းကြုံမည်။ အလှူအတန်း၊ မင်္ဂလာကိစ္စများ ပါဝင်ပတ်သက်ရမည်။ မင်္ဂလာရှိသောစကားများ ပြောဆိုရမည်။ မင်္ဂလာကိစ္စကြုံမည်။ ပျိုရွယ်သူများအဖို့ ချစ်သူက ခွဲခွာစကားပြောလိမ့်မည်။ လက်တွေ့ကွဲကွာသွားခြင်း မရှိပါ။

ယတြာ ။ ။ အင်္ဂါနေ့တွင် ဇီးယိုဒါနပြုပါ။

ဗုဒ္ဓဟူးနေ့မွေးသူများ

အလွန်သတိရှိရမည်။ ကျန်းမာရေးအညံ့ရှိသည်။ မတော်တဆ ထိခိုက်တတ်သည်။ နာရေးကိစ္စကြုံမည်။ နာမည်ပျက်ယွင်းတတ်သည်။ လုပ်နေသော လုပ်ငန်းများ အပျက်အစီးအနှောင့်အယှက်များမည်။ အကျိုးမရှိသော ကိစ္စများ တစ်မျိုးပြီးတစ်မျိုးလုပ်၍ ငွေကုန်မည်။ အမှန်တကယ် အကျိုးရှိသောလုပ်ငန်းလုပ်သောအခါ အရင်းအနှီးမပြည့်မီသလိုကြုံမည်။ ဤကာလအတွင်း မည်သည့်ကိစ္စကိုဆောင်ရွက်စေ အလွယ်တကူမဖြစ်။ စနစ်တကျ ကြိုးစားပမ်းစားလုပ်ပါမှ အောင်မြင်မည်။
ယတြာ ။ ။ ဗုဒ္ဓဟူးနေ့တွင် လက်ဖက်သုပ် ဒါနပြုပါ။

ရာဟု(ဗုဒ္ဓဟူးမွန်းလွဲ)မွေးသူများ

ရည်ရွယ်ချက်များ အောင်မြင်မည်။ ယှဉ်ပြိုင်မှုများတွင် အနိုင်ရမည်။ နာမည်ကောင်းသတင်း ကျော်ကြားမည်။ ကြိုးစားဆောင်ရွက်ထားသည်များ အလွဲလွဲအချော်ချော်ဖြစ်မည်။ ငွေကြေးအရင်းအနှီးပြတ်သွားသူများ ငွေကြေးအရင်းအနှီး လက်ဝယ်ပြန်ရမည်။ လုပ်ငန်းမရှိသူ လုပ်ငန်းရမည်။ ကျန်းမာရေးအတွက် ဆေးဝါးကုသခံယူမှုကောင်းသည်။ စိတ်အနှောင့် အယှက်များအား စိတ်ရှည်သည်းခံ၍ ကျော်လွှားပါ။ အမျိုးသမီးမိတ်ဆွေ အကူအညီရမည်။
ယတြာ ။ ။ ဗုဒ္ဓဟူးမွန်းလွဲပိုင်းတွင် ဖျော်ရည်ဒါနပြုပါ။

အပိုဆု ကျပ်သိန်း ၂၅၀၀ ထည့်သွင်းထားခြင်းကြောင့် ထီတစ်စောင် ကျပ် ၁၂၀၀ အထိဈေးတက်

ကြာသပတေးနေ့မွေးသူများ

လုပ်သမျှအဆင်ပြေမည်။ ယှဉ်ပြိုင်မှုများ အောင်မြင်မည်။ အလုံးစုံ အောင်မြင်ခါနီး များစွာသော အနှောင့်အယှက်များ ရင်ဆိုင်ဖြေရှင်းရမည်။ ပြီးမှ လိုရာပြည့်မည်။ တစ်ယောက်တည်း ကြိုးစားပမ်းစား ဆောင်ရွက်ကြံစည်ထားသည့်ကိစ္စများမှ အကျိုးကောင်းရရှိမည်။ မိတ်ဆွေအကြီးအကဲ အကူအညီရမည်။ ရပ်တန့်ထားသောလုပ်ငန်းများ ပြန်လည်စတင်နိုင်မည်။ မိဘအကြီးအကဲ ကျန်းမာရေးချူချာမည်။ ပစ္စည်းအပျောက်အရှများမည်။
ယတြာ ။ ။ ကြာသပတေးနေ့တွင် သင်္ဘောသီးသုပ် ဒါနပြုပါ။

သောကြာနေ့မွေးသူများ

အလွန် သတိရှိရမည်။ ပြဿနာအခက်အခဲ တစ်မျိုးပြီးတစ်မျိုး ရင်ဆိုင်ရမည်။ စိတ်အနှောင့်အယှက်များမည်။ မိမိစိတ်ကူးသည်က တစ်မျိုး၊ လက်တွေ့တစ်မျိုးကြုံမည်။ တစ်ဇွတ်ထိုး စိတ်မြန်လက်မြန်လုပ်ခြင်း လျှော့ပါ။ ပုံမှန်တစ်ဆင့်ပြီးတစ်ဆင့်လုပ်ခါမှ တော်ရုံကျမည်။ ကိုယ့်အပေါ် စေတနာနှင့် သတိပေးသူများ၊ အကြံပေးသူများစကား နားဝင်မှုမရှိဘဲ ထင်ရာစိုင်းခြင်းကြောင့် ပြုပြင်ရခက်သောအမှားများ ကြုံတွေ့တတ်သည်။
ယတြာ ။ ။ သောကြာနေ့တွင် နာနတ်သီး ဆွမ်းတော်တင်ပါ။

စနေနေ့မွေးသူများ

အထူးကောင်းသောကာလဖြစ်သည်။ ရည်မှန်းထားသည်များ အောင်မြင်မည်။ ကာလအတန်ကြာပိတ်နေသောလမ်းကြောင်း ပြန်ပွင့်မည်။ ကိုယ်ပိုင်အစွမ်းအစကို အသုံးပြု၍ ထူးခြားထင်ရှားမှုများ ဆောင်ရွက်နိုင်မည်။ လုပ်ငန်းတိုးတက်မည်။ ကြံစည်ထားသမျှ အောင်မြင်မည်။ အခက်အခဲမှန်သမျှ ကျော်လွှားနိုင်မည်။ အတတ်ပညာကိုအသုံးချ၍ တိုးတက်မှု ရရှိမည်။ ရသင့်လျက် ကြန့်ကြာနေသည်များ ပြန်လည်ရရှိမည်။
ယတြာ ။ ။ စနေနေ့တွင် ထမင်းကြော် ဒါနပြုပါ။

သိလိုသည်များကိုလဲ ဖုန်းဆက်၍ စုံစမ်းမေးမြန်းနိုင်ပါတယ်၊

Source ဆရာစံဇာဏီဘို (ဖုန်း-ဝ၁၃၆၄၁၆၃၉၊ ဝ၉၇၃၁၇၀၇၉၉)

အခြား ဗေဒင်နှင့် လက္ခဏာဆရာများ >>> https://bit.ly/2ETcxR8


Read 261 times Last modified on Wednesday, 28 August 2019 11:30
Rate :
(0 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.