Monday, 26 August 2019 13:13

IMG_20190529_173323-1.jpg

အပိုဆုများထပ်မံထည့်သွင်းထားခြင်းကြောင့် စက်တင်ဘာ ၁ ရက်နေ့ဖွင့်မည့် ကျပ် ၁၀၀၀ တန်ထီ တစ်စောင်လျှင် ကျပ် ၁၂၀၀ အထိဈေးနှုန်းမြင့်တက်ကြောင်း ထီကံစမ်းသူများထံမှ သိရသည်။

"ကျွန်တော်ကတော့ အရင်က တစ်စောင် တစ်ထောင်ဆိုတဲ့ ဆိုင်မှာပဲ ထိုးတယ်။ ဒါပေမဲ့ အခု ဆိုင်တိုင်းလိုလိုက တစ်စောင်ကို အနည်းဆုံး ၁၁၀၀ ပဲ။ တချို့ဆို ၁၁၅၀ နဲ့ ၁၂၀၀ အထိရောင်းနေကြတယ် " ဟု ထီကံစမ်းသူ အမျိုးသားတစ်ဦးက ပြောဆိုသည်။

ထိုသို့ ဈေးနှုန်းများတင်၍ ရောင်းချနေသော်လည်း ထီကိုယ်စားလှယ်အများစုကမူ ထီအရောင်းအဝယ် မကောင်းကြောင်း ငြီးတွားပြောဆိုသည်။

သတ်မှတ်ကာလအတွင်း လာမထုတ်သော ထီဆုငွေ ကျပ်သန်း ၇၀၀ မှ ၁ ဘီလီယံထိရှိ

ပြီးခဲ့သည့် ကျပ် ၁၀၀၀ တန်ထီ ၅ ကြိမ်မြောက်မှစတင်၍ ဝေဝေဆာဆာဆုမဲများအတွင်း အပိုဆုအနေဖြင့် ကျပ်သိန်း ၂၅၀၀ ကို ထည့်သွင်းချီးမြှင့်ခဲ့ပြီး နောက်အကြိမ်များတွင်လည်း ဆက်လက်ချီးမြှင့်မည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောကြားထားသည်။

အပိုဆုမဲ ကျပ်သိန်း ၂၅၀၀ ကို ဝေဝေဆာဆာဆုမဲများဖြစ်သည့် ကျပ် ၃ သိန်းဆုတွင် ၂၀ ဆု၊ ကျပ် ၂ သိန်းဆုတွင် ၂၀၀ ဆု၊ ကျပ် ၁ သိန်းဆုတွင် ၂၀၀၀ ဆုနှင့် ကျပ် ၁၀ သိန်းတွင် ၄ ဆုဟူ၍ စုစုပေါင်း ဆုပေါင်း ၂၂၂၄ ဆု ခွဲဝေထည့်သွင်း ချီးမြှင့်လျက်ရှိသည်။

>>> ထီဆိုင်များ

Source thevoice


Read 136 times Last modified on Monday, 26 August 2019 14:05
Rate :
(0 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.