Saturday, 24 August 2019 18:16

68949194_446850936043679_4457367602963939328_n.png

တစ်နိုင်ငံလုံး အတိုင်းအတာအရ ရေဘေးသင့်ပြည်သူပေါင်း ၂ သိန်းနီးပါးထိ ရှိလာပြီး ရေဘေးကြောင့် သေဆုံးသူ ၈၂ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၄၉ ဦးနဲ့ ပျက်စီးဆုံးရှုံးတဲ့ နေအိမ်ပေါင်း ၁၇၁ အိမ်ထိ ရှိလာကြောင်း Myanmar Flood 2019 အမည်ရတဲ့ Dashboard ကနေ သိရပါတယ်။

အဆိုပါ Dashboard ရဲ့ စာရင်းများအရ မွန်ပြည်နယ်ဟာ ရေဘေးဒဏ်ကို အများဆုံး ခံစားနေရပြီး နေရပ်စွန့်ခွာရသူ ၃၇,၂၄၀ ဦးရေထိ ရှိနေပါတယ်။ ဒုတိယ ရေဘေးဒဏ်ကို အများဆုံး ခံစားနေရတာကတော့ ကရင်ပြည်နယ်ဖြစ်ပြီး နေရပ်စွန့်ခွာရသူ ၂၂,၄၇၁ ဦး ရှိပါတယ်။

သာယာဝတီမှာ ရေဘေးကြောင့် နေရပ်စွန့်ခွာရသူ ၁၁,၃၄၁ ဦး၊ ပဲခူးတိုင်းမှာ ၁၀,၈၄၅ ဦး၊ စစ်ကိုင်းတိုင်းမှာ ၉,၃၇၀ ဦး၊ မန္တလေးတိုင်းမှာ ၄,၀၄၄ ဦး၊ မကွေးတိုင်းမှာ ၁,၇၅၀ ဦးနဲ့ ရန်ကုန်တိုင်းမှာ ၃၇ ဦး စသဖြင့် ရှိနေပါတယ်။

လက်ရှိ မွန်ပြည်နယ်မှာ ရေဘေးရှောင်စခန်း ၁၁၉ ခု၊ ကရင်ပြည်နယ်မှာ ၁၇ ခု၊ သာယာဝတီမှာ ၁၁ ခု၊ ပဲခူးတိုင်းမှာ ၆ ခု၊ စစ်ကိုင်းတိုင်းမှာ ၃ ခု၊ မန္တလေးတိုင်းမှာ ၅ ခု၊ မကွေးတိုင်းမှာ ၈ ခုနဲ့ ရန်ကုန်တိုင်းမှာ ၁ ခု စုစုပေါင်း ၄၀၀ ခန့်သာ ရှိနေသေးပြီး စားနပ်ရိက္ခာ၊ အဝတ်အစားနဲ့ ဆေးဝါး အစရှိတာတွေ လိုအပ်နေပါသေးတယ်။

ပြည်နယ်နှင့်တိုင်းလေးခုတွင် ရေဘေးရှောင်စခန်း ၁ဝဝ ကျော်၌ ရေဘေးသင့်ပြည်သူရှစ်သောင်းခန့် ခိုလှုံနေရ

ဖန်တီးရာ Tec4Change က MYANMAR FLOOD 2019 အမည်ရတဲ့ အဆိုပါ Dashboard ကို ပြီးခဲ့တဲ့ သြဂုတ်လ ၁၉ ရက်နေ့က မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။

သဘာဝဘေးအန္တရာယ် ခံစားနေရတဲ့ ဒေသတွေရဲ့ ပျက်စီးဆုံးရှုံးမှုတွေ၊ ထိခိုက်ဆုံးရှုံးရတဲ့ လူဦးရေစာရင်း စတဲ့ သတင်းအချက်အလက်များကို တစ်စုတစည်းတည်း ဖော်ပြပေးထားတာကြောင့် ပြန်လည်ထူထောင်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်စေဖို့ အထောက်အကူ ဖြစ်စေနိုင်ပါတယ်။

အသေးစိတ် သတင်းအချက်အလက်တွေကို ထပ်မံသိရှိလိုတယ်ဆိုရင် Myanmar Flood 2019 မှာလည်း အခမဲ့ ဝင်ရောက် လေ့လာနိုင်ပါတယ်။

အသင်းအဖွဲ့များ


Read 108 times Last modified on Saturday, 24 August 2019 18:39
Rate :
(2 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.