Wednesday, 31 July 2019 16:50

d.jpg

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံမှ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တို့ ပူးပေါင်း၍ ၂၀၁၉ခုနှစ်မှ ၂၀၂၀ပြည့်နှစ်အထိ သုံးနှစ်စီမံချက်ဖြင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ကျွမ်းကျင်မှု သင်တန်းကျောင်း(မန္တလေး)တွင် သြဂုတ် ၁ရက်မှစ၍ စက်မှုလက်မှုအဆင့်မြင့် သင်တန်းများ ဖွင့်လှစ်သင်ကြားမည်ဖြစ်သည်။

"ကျွန်တော်တို့ အကူအညီတောင်းလို့ ကူညီမယ်ဆိုတဲ့ သဘောတူညီချက်ရခဲ့တယ်။ မေလလောက်က ပရောဂျက်စတင်ခဲ့ပြီး ညှိနှိုင်းမှုတွေလုပ်နေတယ်။ ထိုင်းနိုင်ငံက ကျွမ်းကျင်နည်းပညာရှင်တွေ သင်ပေးမယ်။အဆင့်မြင့်သင်ထောက်ကူပစ္စည်းတွေ ကူညီမှာ ဖြစ်တယ်။ လောလောဆယ်တော့ ကျောင်းမှာ ရှိတဲ့ပစ္စည်းတွေနဲ့ သင်မယ်"ဟု ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း(မန္တလေး)မှ ကျောင်းအုပ်ကြီး ဦးမြင့်သန်းက ပြောဆိုသည်။

မြန်မာနိုင်ငံ၏ ကိုယ်ပိုင်ဂြိုဟ်တု Myanmar Sat 2 ကို လာမည့် ဩဂုတ် ၇ ရက် နံနက် ၂ နာရီတွင် လွှတ်တင်မည်

သဘောတူညီချက်အရ ထိုင်းနှင့် မြန်မာ ကျွမ်းကျင်ပညာရှင်များ ပူးပေါင်းသင်ကြားပြီး ထိုင်းနိုင်ငံတွင် စွမ်းရည်မြှင့်တင်ပေးခြင်းတို့ ဆောင်ရွက်မည် ဖြစ်သည်။

"သင်တန်းကျောင်းက လက်ရှိလည်းဖွင့်နေတာပါ။ အခုပရောဂျက်အရ ထိုင်းနိုင်ငံက လာသင့်မယ့် နည်းပြတွေ ရောက်လာပြီးရင် နောက်ပိုင်းမှာ အဆင့်မြင့်သင်ထောက်ကူ ပစ္စည်းတွေ ကူညီပေးမှာပါ။ ရန်ကုန်ရော မန္တလေးကျောင်းမှာပါ စတင်အကောင်အထည်ဖော်တာ ဖြစ်ပါတယ်"ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

သင်ကြားမည့် စက်မှုလက်မှုပညာရပ်များမှာ လျှပ်စစ်သွယ်တန်းတပ်ဆင်သင်တန်း၊ လေအေးပေးစက် တပ်ဆင်ပြုပြင်သင်တန်းနှင့် ဂဟေဆက်သင်တန်းတို့ဖြစ်ပြီး ပညာအရည်အချင်းမှာ အလယ်တန်းအဆင့်ရှိရန် လိုအပ်ကာ စိတ်ဝင်စားသူမည်သူမဆို တက်ရောက်နိုင်ကြောင်း သိရသည်။

>>> စက်ပြင် သင်တန်းများ

Source myanmar time


Read 294 times Last modified on Wednesday, 31 July 2019 17:23
Rate :
(0 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.