Wednesday, 31 July 2019 16:01

0-Burmese-pagoda-zodiac-day-born-symbols-wheel-0A.jpg

၃၀-၇- ၂၀၁၉ မှ ၅- ၈- ၂၀၁၉ အထိ ဆရာစံဇာဏီဘို၏ ၇ ရက်သားသမီးများအတွက် တစ်ပတ်စာကံကြမ္မာကို ဖော်ပြပေးလိုက်ပါတယ်။

တနင်္ဂနွေနေ့ မွေးသူများ

စေတနာမှ ဝေဒနာဖြစ်တတ်သည်။ အတူနေသူများနှင့် စိတ်ဝမ်းကွဲရမည်။ လူမျိုးကွဲ လူမျိုးခြား အကျိုးပေးမည်။ မိသားစုတွင် ခြံ၊ ကား၊ အခန်းကိစ္စများ မထင်မှတ်ဘဲ စကားပြောရကိန်း၊ အောင်မြင်ကိန်းရှိသည်။ ခရီးကိစ္စ၊ တိုင်းတစ်ပါးနှင့် ဆက်ဆံသော လုပ်ငန်းများလုပ်ပါက အောင်မြင်မည်။ စုပေါင်းလုပ်ငန်း အကျိုးပေးမည်။ မိတ်ဆွေများထံမှ အကူအညီရမည်။

ယတြာ ။ ။ တနင်္ဂနွေနေ့တွင် အိမ်ရှေ့တွင် ရေပက်ဖျန်းခြင်း ပြုပါ။

တနင်္လာနေ့ မွေးသူများ

အမှားအယွင်းကင်းစင်အောင် နေရမည်။ ခက်ခဲသောပြဿနာများ တစ်ခုပြီးတစ်ခု ထိပ်တိုက်တွေ့ရမည်။ စိတ်ကူးနှင့် လက်တွေ့ ကွာခြားနေမည်။ သူတစ်ပါးပေးသော ကတိစကားယုံစားမိ၍ စိတ်သောက ဖြစ်တတ်သည်။ ပိုင်ပိုင်နိုင်နိုင် တွက်ဆထားသည်များ အံချော်သွားမည်။ ပစ္စည်းဝယ်ယူခြင်းများတွင် ဈေးတက်မိတတ်သည်။ ငွေရေးကြေးရေးတွင် လူယုံမထားသင့်ပါ။

ယတြာ ။ ။ တနင်္လာနေ့တွင် ကျောက်ကျောအလှူ ဒါနပြုပါ။

>>>အမိုက်စားဇာတ်ကားသစ်( ၆ ) ကားနှင့်အတူ ဘယ်ကားတွေဆက်လက်ရုံတင်နေသေးလဲ

အင်္ဂါနေ့ မွေးသူများ

အခြေအနေသစ်၊ တိုးတက်မှုသစ်များ ပေါ်ထွန်းမည်။ အခြေအနေနှင့် အချိန်အခါသည် အလုပ်တစ်ခုခု၊ အကြံအစည်တစ်ခုခု လုပ်ရန်အတွက် သင့်တော်သည်။ ဆန္ဒရှိသည့် အကြောင်းအရာများကိုလည်း လက်တွေ့ စတင်သင့်ပါသည်။ အိမ်၊ နေရာထိုင်ခင်းနှင့် ပတ်သက်၍လည်း ပြုပြင်ခြင်း ပြုလိုပါက တစ်ခုခုမှ စတင်လိုက်ပါ။ အစစ အရာရာ ချောမွေ့သွားမည်။

ယတြာ ။ ။ အင်္ဂါနေ့တွင် ဘုရားမီးဆိုင်းအသစ် ဝယ်ယူလှူဒါန်းပါ။

ဗုဒ္ဓဟူးနေ့ မွေးသူများ

အခက်အခဲမည်မျှရှိစေ အဆုံးပိုင်းတွင် အဆင်ပြေ အောင်မြင်သွားနိုင်ပါသည်။ ရပ်တန့်ထားသောကိစ္စများ ပြန်စတင်ပါ။ ပြတ်နေသော အဆက်အသွယ်များနှင့် ပြန်လည်ချိတ်ဆက်မိသော အနေအထားရှိပါသည်။ ခရီးနှင့် အပြောင်းအလဲကောင်းများ ကြုံမည်။ ဆွေမတော် သားမတော်သောသူများ ကောင်းကျိုးပေးမည်။ မိသားစုတွင် ခြံ၊ မြေ၊ နေရာထိုင်ခင်းကိစ္စ စကားပြောဆိုမှုများ အောင်မြင်မည်။

ယတြာ ။ ။ ဗုဒ္ဓဟူးနေ့တွင် မုန့်ဟင်းခါး၊ ဘူးသီးကြော်နှင့် ဘုရားကပ်လှူပါ။

ရာဟု (ဗုဒ္ဓဟူးမွန်းလွဲ) မွေးသူများ

အထင်မှားခြင်းခံရမည်။ ကိုယ်ဆက်ဆံနေသော သူကြောင့် မိသားစုတွင် စိတ်ဝမ်းကွဲရတတ်သည်။ ငွေကြေးနှင့် ပတ်သက်သောစကားများ ပြောရတတ်သည်။ မပြောမဖြစ် ပြောရမည့် သူများသည်လည်း ဆွေရင်း၊ မျိုးရင်း မကင်းရာမကင်းကြောင်းများ ဖြစ်နေမည်။ သံယောဇဉ်အကြီးမားဆုံးသော အရာကို စွန့်လွှတ်ရမည်။ အတူတွဲ၍ လုပ်ငန်းလုပ်သော သူများနှင့် စကားများရတတ်သည်။

ယတြာ ။ ။ ဗုဒ္ဓဟူးမွန်းလွဲပိုင်းတွင် မြောက်အရပ် မျက်နှာမူပြီး လင်ပန်းအတွင်း လက်ဖက်ထည့်၍ စားသုံးပါ။

ကြာသပတေးနေ့ မွေးသူများ

ခရီးသွားရန် ကြုံပါက ရွှေ့ဆိုင်းလိုက်ပါ။ လုံးဝမသွားလျှင် ကောင်း၏။ မတတ်သာ၍ သွားပါကလည်း အချိန်ကို ရွှေ့ပြောင်းပြီး သွားပါ။ ခရီးစဉ်ကို သူတစ်ပါးကိုမပြောဘဲ သွားပါ။ အလုပ်ပင်ပန်းနေမည်။ မိုးလင်းမိုးချုပ် အလုပ်အပေါ် အချိန်ပေးနေရမည်။ ကိုယ့်ကိစ္စ အဓိကမဟုတ်ဘဲ သူတစ်ပါးအတွက် ဆောင်ရွက်နေရခြင်း များမည်။ ယှဉ်ပြိုင်ခြင်းများ အောင်မြင်မည်။

ယတြာ ။ ။ ကြာသပတေးနေ့တွင် ကံ့ကော်သားပုတီးတစ်ကုံးဝယ်ပြီး နှစ်သက်ရာ ဂုဏ်တော်တစ်ပတ် စိပ်ပါ။

>>>အခြား ဗေဒင်နှင့် လက္ခဏာဆရာများ

သောကြာနေ့ မွေးသူများ

ခေါင်းမာ၊ဇွတ်လုပ်၍ အမှားပါတတ်သည်။ အခါတိုင်းထက် ငွေဝင်၍ ငွေကြေးများများမြင်ကာ အခါတိုင်းထက်ပို၍ သုံးစွဲလိုစိတ် များနေမည်။ ဟိုဝယ်၊ သည်ပေးနှင့် စုထားသော ငွေပါ ပွန်းသွားတတ်သည်။ အရာရာ အဆန်းထွင်၍ လုပ်လိုနေသည်။ ရောက်ရှိနေသော အနေအထားကို မပျော်ပိုက်ဘဲ ရှေ့တိုးလုပ်လိုစိတ် ပြင်းထန်နေမည်။ ကိုယ့်ကိုယ်ကို အားမရ ဖြစ်နေမည်။ အလုပ်သစ်များ စတင်ရန် အခါကောင်းသည်။

ယတြာ ။ ။ သောကြာနေ့တွင် သက်ကြီးရွယ်အိုတို့ကို ဆေးဝါးဒါနပြုပါ။

စနေနေ့ မွေးသူများ

မိတ်ဆွေအကြီးအကဲများထံမှ အထောက်အကူရမည်။ စိတ်ထဲ ရည်စူးထားသည်များ အမှန်တကယ်ဖြစ်အောင် ဆောင်ရွက်နိုင်မည်။ စုပေါင်းပြီး လုပ်သောကိစ္စ အဆင်ပြေမည်။ သဘောကျလောက်အောင် အပြောကောင်းသူစကား နားယောင်မိ၍ မကုန်သင့်သည်များ ကုန်ကျတတ်ပါသည်။ ပျိုရွယ်သူများအဖို့ အလွန်စန်းပွင့်သော ကာလဖြစ်သည်။ မိမိအတွက်ရည်စူးပြီး လုပ်သောကိစ္စများ နှောင့်နှေးနေမည်။

ယတြာ ။ ။ စနေနေ့တွင် အိမ်ဘုရားတွင် ကြာဖူးနှစ်ဖူး၊ သစ္စာပန်းခြောက်ခက် ကပ်လှူပါ။

သိလိုသည်များကိုလဲ ဖုန်းဆက်၍ စုံစမ်းမေးမြန်းနိုင်ပါတယ်၊

Source ဆရာစံဇာဏီဘို (ဖုန်း-ဝ၁၃၆၄၁၆၃၉၊ ဝ၉၇၃၁၇၀၇၉၉)


Read 617 times Last modified on Wednesday, 31 July 2019 16:50
Rate :
(0 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.