Monday, 29 July 2019 15:48

Electricity-power-stationII.jpg

တနသာင်္ရီတိုင်းဒေသကြီးမှာ လိုအပ်နေတဲ့ လျှပ်စစ်ဓာတ်အားအတွက် မြေအောက်အပူစွမ်းအင်ကို အသုံးပြုပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ကာ ဖြည့်ဆည်းပေးဖို့ နယ်သာလန်နိုင်ငံမှ စီစဉ်လျက်ရှိကြောင်း တနသာင်္ရီတိုင်းအစိုးရအဖွဲ့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောပါတယ်။

အဆိုပါ မြေအောက်အပူစွမ်းအား (Geo-Plutonic Earth Energy) ကို အသုံးပြုပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းကို နယ်သာလန်အခြေစိုက် Tipper-Deep Detection Technology (TDD) ကုမ္ပဏီအနေနဲ့ ပြည်တွင်း Sein Htai Company Limited နဲ့ ပူးပေါင်းလုပ်ဆောင်မှာဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ဆွေးနွေးမှုများပြုလုပ်ထားကြောင်း သိရပါတယ်။

>>> လျှပ်စစ်ဓာတ်အားပေးရေးရုံးများ

မြေအောက်မှ လျှပ်စစ်ထုတ်ယူတဲ့ နည်းပညာမှာ မီတာတစ်သောင်းအထက် Bore Hole များတူးပြီး Sealed Closed Loop Pipes များနဲ့ ရေအေးကို မြေအောက်သို့ပေးသွင်းကာ Heat Cnvertion စနစ်ဖြင့် ရေပူရရှိအောင် ဖန်တီးရကြောင်း၊ ပြီးနောက် မြေမျက်နှာပြင်ပေါ်သို့ သယ်ယူကာ Decomperess လုပ်၍ Turbine ကို မောင်းနှင်ပြီး လျှပ်စစ်ဓာတ်အား ထုတ်ယူရခြင်းဖြစ်ကြောင်း Sein Htai ကုမ္ပဏီမှ သိရပါတယ်

လျှပ်စစ်စနစ် Geo–Plutonic Power Plant နည်းပညာပိုင်းရဲ့ အားသားချက်အနေနဲ့ သဘာဝပတ်ဝန်း ကျင်ထိခိုက်မှုမရှိကြောင်း၊ ကာဗွန်ဒိုင်အောက်ဆိုဒ်က သုညဖြစ်တဲ့အတွက် သဘာဝညစ်ညမ်းမှုအတွက် ပူစရာမလိုကြောင်း၊ မြေဧကအနည်းငယ်သာ အသုံးပြုရန်လိုအပ်ကြောင်း၊ ဈေးနှုန်းသက်သက်သာသာနဲ့ အသုံးပြုနိုင်မှာဖြစ်ကြောင်း၊ ရေငန်ကိုသုံးစွဲပြီး Flash Water ထုတ်လုပ်ပေးနိုင်တဲ့အတွက် ဒေသမှာ ရေချိုရှားပါးမှု ပြသနာကို ဖြေရှင်းပေးနိုင်မှာဖြစ်ကြောင်း သိရပါတယ်။

Read More >>>ယခုလ ခြောက်ကြိမ်မြောက်ကျပ် ၁၀၀၀ တန်ထီလက်မှတ် ရောင်းရငွေမှာ ကျပ်သန်းပေါင်း သုံးသောင်းခန့်ရရှိ

လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ (၃၀) မဂ္ဂါဝပ် တည်ဆောက်သွားမှာဖြစ်ပြီး တစ်ယူနစ်ကို အမေရိကန်ဒေါ်လာ 7 cent (မြန်မာငွေအားဖြင့် ၁၀၅ ကျပ်ဝန်းကျင်) ရှိပါတယ်။ တည်ဆောက်ရေးကာလကို (၂) နှစ် ခန့်မှန်းထားပြီး မြိတ်မြို့အပြင် သာရမဲကျေးရွာ၊ မဇောကျေးရွာနဲ့ ထားဝယ်မြို့နယ်တွင် ရေဖြူဘက်မှာ ကြည့်ထားကြောင်း သိရပါတယ်။

ဒီမြေအောက်အပူစွမ်းအင်နဲ့ လျှပ်စစ်ထုတ်လုပ်တဲ့စနစ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် အုံမခါးကျေးရွာမှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြင်ဦးလွင်ကုမ္ပဏီ၊ KKL ကုမ္ပဏီတို့နဲ့ နယ်သာလန်အခြေစိုက်ကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင်ရေး သဘောတူစာချွန်လွှာ လက်မှတ်ရေးထိုးထားကြောင်း သိရပါတယ်။

Source: Pyimyanmar, myanmar digital news


Read 138 times Last modified on Monday, 29 July 2019 17:27
Rate :
(0 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.