Wednesday, 17 July 2019 14:16

Exploring-Mandalay-Myanmar_1.jpg

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် တရားမဝင် ဘုန်းကြီးကျောင်းနှင့် လူနေအဆောက်အအုံများကို ဥပဒေနှင့်အညီ ဖယ်ရှားရှင်းလင်းနိုင်ရေးအတွက် စာရင်းပြုစုနေကြောင်း မန္တလေးတိုင်းဒေသကြီး သာသနာရေးဦးစီးမှူးရုံးထံမှ သိရသည်။

“ကျွန်တော်တို့ကတော့ အခုစာရင်းတွေတော့ လိုက်ကောက်နေပြီ။ လောလောဆယ်တော့ မန္တလေးခရိုင်မှာ စလုပ်နေပါပြီ။ အဓိကကတော့ ဘုန်းကြီးကျောင်းတွေထဲက လူနေအိမ်တွေ၊ ဆိုင်ခန်းတွေတို့ ဒါတွေကိုအရင်လုပ်နေတယ်။ အဓိက ကတော့ စာရင်းပြုစုနေပါတယ်”ဟု မန္တလေးတိုင်းဒေသကြီး သာသနာရေးဦးစီးမှူး ဦးကျော်လှိုင်က ပြောဆိုသည်။

မန္တလေးတိုင်းအစိုးရအဖွဲ့၏ ဇွန်လ ဒုတိယပတ်ကပြုလုပ်သည့် အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် တရားမဝင် ဘုန်းကြီးကျောင်းများနှင့် ဘုန်းကြီးကျောင်းများအတွင်း တရားမဝင် ဆောက်လုပ်ထားသည့် လူနေအဆောက်အအုံများကို ဥပဒေနှင့်အညီ ရှင်းလင်းဖယ်ရှားနိုင်ရေး ခရိုင်မြို့နယ်အလိုက် စီမံခန့်ခွဲမှု ကော်မတီများက ကွင်းဆင်းစစ်ဆေး၍ စာရင်းပြုစုတင်ပြရန်နှင့် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ရှင်းလင်းဖယ်ရှားမည့် အစီအမံများကို အမြန်ပြန်လည်တင်ပြရန် ဆုံးဖြတ်ခဲ့သည်။

အမိုက်စားဇာတ်ကားသစ်( ၄ ) ကားနှင့်အတူ ဘယ်ကားတွေဆက်လက်ရုံတင်နေသေးလဲ

စာရင်းပြုစုခြင်းလုပ်ငန်းများကို စည်ပင်သာယာရေးကော်မတီ၊ သက်ဆိုင်ရာအုပ်ချုပ်ရေးတာဝန်ရှိသူများ၊ မြို့နယ် သံဃနာယက ဆရာတော်များနှင့် ပူးပေါင်းလုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ ဇွန်လ တတိယပတ်အတွင်းက စတင်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး သာသနာရေးဦးစီးမှူးရုံးထံမှ သိရသည်။

“အခုကတော့ ဝါဆိုစာရင်းတွေ ပြုစုနေရတယ်။ ဒီစာကိုပို့ထားတာတော့ ရှိနေပြီ။ တိုင်းကိုလျှောက်၊ တိုင်းကနေမှ ကျူပ်တို့ဆီပြန်ပြီးတော့ ညွန်ပြီးပြီ။ အခုကတော့ ဘာမှမလုပ်နိုင်သေးဘူး။ မြို့နယ်တွေကို ညွန်ကြားထားတယ်ဆိုတာတော့ သိတယ်”ဟု ချမ်းအေးသာစံမြို့နယ် သံဃနာယကဥက္ကဋ္ဌ ဆရာတော်ဦးဓမ္မက မိန့်ကြားသည်။

Soure the voice 


Read 420 times Last modified on Wednesday, 17 July 2019 15:09
Rate :
(0 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.