Wednesday, 17 July 2019 10:45

slide01_0.jpg

၁။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်၊ မန္တလေး) ပထမနှစ်သင်တန်းများသို့ တက်ရောက်ရန် အောက်ပါအရည်အချင်းနှင့် ပြည့်စုံသူများလျှောက်ထားနိုင်သည်။

(က) တက္ကသိုလ်ဝင်စာမေးပွဲအား မည်သည့်ဘာသာတွဲဖြင့်မဆို အောင်မြင်ရမည်။
( ခ) ကျန်းမာရေးကောင်းမွန်ပြီး သက်ဆိုင်ရာအထူးပြုဘာသာရပ်နှင့် ကိုက်ညီသော ကိုယ်အင်္ဂါကျန်းမာသန်စွမ်းသူဖြစ်ရမည်။
( ဂ) အနုပညာဝါသနာပါသူဖြစ်ရမည်။

၂။ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ်များတွင် သင်ကြားမည့်အထူးပြုဘာသာရပ်အလိုက် အောက်ပါအတိုင်းဘွဲ့အပ်နှင်းမည်ဖြစ်ပြီး မိမိတို့ သင်ယူလိုသည့် အထူးပြုဘာသာရပ်ကို မိမိတို့ဝါသနာပါသည့်အတိုင်း ဦးစားပေးလျှောက်ထားနိုင်သည်။

(က) အထူးပြုဘာသာအနေနဲ့ ဂီတပညာကို သင်ကြားမယ်ဆိုရင် သင်တန်းကာလမှာ (၄) နှစ်ဖြစ်ပြီး ရရှိမယ့်ဘွဲ့အမည်သည် ဝိဇ္ဇာဘွဲ့(ဂီတ) ဖြစ်သည်။

( ခ) အထူးပြုဘာသာအနေနဲ့ သဘင်ပညာကို သင်ကြားမယ်ဆိုရင် သင်တန်းကာလမှာ (၄) နှစ်ဖြစ်ပြီး ရရှိမယ့်ဘွဲ့အမည်သည် ဝိဇ္ဇာဘွဲ့(သဘင်) ဖြစ်သည်။

(ဂ) အထူးပြုဘာသာအနေနဲ့ ပန်းချီပညာကို သင်ကြားမယ်ဆိုရင် သင်တန်းကာလမှာ (၄) နှစ်ဖြစ်ပြီး ရရှိမယ့်ဘွဲ့အမည်သည် ဝိဇ္ဇာဘွဲ့(ပန်းချီ်) ဖြစ်သည်။

(ဃ) အထူးပြုဘာသာအနေနဲ့ ပန်းပုပညာကို သင်ကြားမယ်ဆိုရင် သင်တန်းကာလမှာ (၄) နှစ်ဖြစ်ပြီး ရရှိမယ့်ဘွဲ့အမည်သည် ဝိဇ္ဇာဘွဲ့( ပန်းပု) ဖြစ်သည်။

(င) အထူးပြုဘာသာအနေနဲ့ ရုပ်ရှင်နှင့်ပြဇာတ်ပညာကို သင်ကြားမယ်ဆိုရင် သင်တန်းကာလမှာ (၄) နှစ်ဖြစ်ပြီး ရရှိမယ့်ဘွဲ့အမည်သည် ဝိဇ္ဇာဘွဲ့(ရုပ်ရှင်နှင့်ပြဇာတ်) ဖြစ်သည်။

>>>အချစ်တော် ခွေးကလေးနဲ့ ခရီးထွက်မယ်ဆိုရင် ဘယ်လိုပြင်ဆင်သွားရမလဲ

၃။ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ် စာစစ်ဌာနများမှ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့သူများသည် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ်(ရန်ကုန်)သို့လည်းကောင်း၊
နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ချင်းပြည်နယ် စာစစ်ဌာနများမှ အောင်မြင်သူများသည် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ်(မန္တလေး)သို့လည်းကောင်း လျှောက်ထားတက်ရောက်ကြရမည်ဖြစ်သည်။

၎။ လျှောက်လွှာပုံစံများကို အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ်(ရန်ကုန်)၊ ၁/ဈ၊၊ အောင်ဇေယျလမ်း၊(၂၆)ရပ်ကွက် ဒဂုံမြို့သစ်(တောင်ပိုင်း) ရန်ကုန်တိုင်းဒေသကြီး၌လည်းကောင်း၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ်(မန္တလေး) ရွှေစာရံဘုရားလမ်း အုန်းချောကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး၌လည်းကောင်းဝယ်ယူ၍ လျှောက်ထားနိုင်ပါသည်။

၅။ လျှောက်လွှာပုံစံနှင့်အတူ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ကြောင်း ထောက်ခံချက်၊ အမှတ်စာရင်းမူရင်း၊ ပတ်စပို့အရွယ်ဓာတ်ပုံ(၇)ပုံတို့နှင့်ပူးတွဲလျက်၂၀၁၉ခုနှစ်၊ အောက်တိုဘာလ(၁၈)ရက်နေ့နောက်ဆုံးထား၍ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ်(ရန်ကုန်)နှင့် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ်(မန္တလေး)သို့ တိုက်ရိုက်ပေးပို့လျှောက်ထားကြရမည်ဖြစ်ပြီး
၂၀၁၉ခုနှစ်၊ အောက်တိုဘာလ(၂၈)ရက်နေ့တွင် လူတွေ့စစ်ဆေးမည်ဖြစ်ပါသည်။

>>> တက္ကသိုလ်နှင့် ကောလိပ်များ

၆။ အသေးစိတ်အချက်အလက်များကိုသိလိုပါက အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ်(ရန်ကုန်)၊ တယ်လီဖုန်းအမှတ် (၀၁-၅၉ဝ၂၅၂၊ ၀၁-၅၉၀၂၅၄) သို့လည်းကောင်း၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး)၊ တယ်လီ ဖုန်းအမှတ် (၁၈၅ - ၄၀၁၈၄)သို့ လည်းကောင်းဆက်သွယ်စုံစမ်းနိုင်ပါသည်။

Source အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်

 


Read 168 times Last modified on Wednesday, 17 July 2019 11:12
Rate :
(0 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.