Monday, 15 July 2019 16:11

dog.jpg

မိမိရဲ့အချစ်တော်ခွေးလေးတွေနဲ့ ခရီးအတူထွက်ဖို့ ဆုံးဖြတ်ထားသူတွေ အတွက် အကြံပြုချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ကျန်းမာရေးစစ်ဆေးပေးပါ

ခရီးမထွက်ခင် သူ့ရဲ့ ကျန်းမာရေး အခြေအနေအဝ၀ကို စစ်ဆေးပါ။ ခရီး မထွက်ခင် ရက်သတ္တပတ်အနည်းငယ် အလိုမှာ တိရိစ္ဆာန်ဆရာဝန်ဆီ ခေါ်သွားပြီး လိုအပ်တဲ့ကာကွယ်ဆေးတွေ ပိုးမွားကင်း စင်ဖို့ ဆေးဖြန်းပေးတာတွေ လုပ်ပေးသင့် ပါတယ်။

လေယာဉ်ခရီးသွားရင်

တိုက်ရိုက်ခရီးစဉ်နဲ့ ခရီးသည် သိပ်မများတဲ့အချိန် သွားတာအကောင်းဆုံးပါ။ လေယာဉ်ခရီးစဉ် စည်းမျဉ်းအချို့အရ သင်ခေါ်ဆောင်သွားမယ့် အိမ်မွေးတိရိစ္ဆာန် အနေနဲ့ အနည်းဆုံး အသက် ၈ပတ် သက်တမ်းရှိရမှာဖြစ်ပြီး မိခင်နို့နဲ့ဖြတ်ပြီး ဖြစ်ရပါမယ်။ လေယာဉ်တချို့က တိရိစ္ဆာန် ရဲ့အလေးချိန်ကို စစ်ဆေးပြီး သတ်မှတ်ထားတဲ့ အလေးချိန်နဲ့ ကိုက်ညီမှခွင့်ပြုတတ်ပါတယ်။ မိမိထိုင်ခုံဘေးက ခရီးသည်ကို ကိုယ့်ရဲ့ အိမ်မွေးတိရိစ္ဆာန်ကို တစ်ပါတည်း ယူဆောင်လာမယ့်အကြောင်း လေယာဉ် မထွက်ခင် ကြိုပြောသင့်ပါတယ်။ ဒါမှ ခွေး (သို့) ကြောင်နဲ့ ဓါတ်မတည့်သူ အလာဂျစ်ဖြစ်တတ်သူဆိုရင် အခြားသူ တစ်ဦးဦးနဲ့ အချိန်မီ ထိုင်ခုံအလဲအလှယ် ပြုလုပ်နိုင်မှာပါ။ ဒါ့ပြင် အချို့လေယာဉ် ခရီးစဉ်တွေက မိမိနဲ့အတူသယ်ဆောင် သွားမယ့် ခွေးရဲ့ကျန်းမာရေးထောက်ခံစာ အချက်အလက်တွေ တောင်းခံစစ်ဆေး တတ်လို့ လမ်းခရီးမှာ လိုအပ်တဲ့အခါ ပြသနိုင်ဖို့ တိရိစ္ဆာန်ကျန်းမာရေးထောက်ခံစာလည်း ယူသွားဖို့ လိုပါမယ်။

>>အိမ်မှာနေရင်း ရင်သားလေးတင်းရင်းပြီး ဖွံ့ဖြိုးစေဖို့ လုပ်ဆောင်လို့ရတဲ့ နည်းလမ်းများ

ကားနဲ့သွားတဲ့ ခရီးစဉ်အတွင်းမှာ

ကားနဲ့ခရီးထွက်တဲ့အခါ သတိပြုစေချင်ပါတယ်။ အပူချိန်များတဲ့ ကားထဲမှာ ခဏလေးပစ်ထားခံရလို့ မရေမတွက်နိုင်တဲ့ အိမ်မွေးတိရိစ္ဆာန်တွေဟာ နှလုံးဖောက်ပြီး နှစ်စဉ် သေဆုံးကြရတယ်လို့ သုတေသနပြုသူအချို့က ဆိုထားပါတယ်။ ဒါကြောင့် အကောင်းဆုံးလိုက်နာရမယ့် ယေဘုယျစည်းမျဉ်းကတော့ ကားနဲ့ဝေးဝေးသွားနေတဲ့အချိန်တွေဆိုရင် သင့်ခွေးကိုလည်း သင်နှင့်အတူရှိနေပါစေ။ ကားကို ပါကင်ထိုးထားပြီး ခွေးကိုကားနဲ့အတူ ခဏထားခဲ့ဖို့ဆိုရင် မိမိကားပါကင်ထိုးတဲ့ နေရာကအရိပ်ရပြီး အေးတဲ့နေရာဖြစ်ပါစေ။ နောက်ပြီး ရာသီဥတုပူတဲ့နေ့မှာ ခရီးထွက်ရင် ကားရဲ့လေအေးပေးစက်အလုပ်လုပ်ရဲ့လားဆိုတာ သေချာစစ်ဆေးပြီးမှ ထွက်ခွာသင့်ပါတယ်။

ခွေးအိမ်နဲ့ သယ်ဆောင်သွားပါ

လေယာဉ်နဲ့သွားသည်ဖြစ်စေ၊ ကား (သို့) ရထားနဲ့ ခရီးထွက်သည်ဖြစ်စေ ခွေး အိမ်ကို ယူသွားတာအကောင်းဆုံးပါပဲ။ ဒါမှ ကားမောင်းနေတဲ့အချိန်မှာ အချစ်တော်ခွေးရဲ့ အနှောင့်အယှက်ပေးတာကနေ လွတ်ကင်းနိုင်မှာပါ။ နိုင်ငံခြားခရီးကို လေယာဉ်နဲ့သွားဖို့ဆိုရင် လေယာဉ်ပေါ် မိမိ ခွေးအိမ်တင်တဲ့အခါ အများသူငါ သတိပြုမိစေဖို့ "Live Animal” ဆိုပြီး စာလေး ကပ်ထားသင့်ပါတယ်။ ခရီးမထွက်ခင်မှာ မိမိရဲ့ အိမ်မွေးတိရိစ္ဆာန်အနေနဲ့ လှောင်အိမ်နဲ့ ရင်းနှီးကျွမ်းဝင်မှုရှိဖို့ သုံးပတ်လောက် အလိုကတည်းက သူ့ကို လှောင်အိမ်ထဲမှာပဲ စားသောက်၊ အိပ်စက်တတ်အောင် သင်ယူစေပါ။

>>> ခရီးသွားလုပ်ငန်းများ

ဇွန်မာန်


Read 196 times Last modified on Monday, 15 July 2019 16:56
Rate :
(1 Vote)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.