Saturday, 13 July 2019 10:21

kalay-resident.jpg

မိုးသည်းထန်မှု၊ မိုးအဆက်မပြတ် ရွာသွန်းမှုများကြောင့် မြန်မာနိုင်ငံ အထက်ပိုင်းဒေသ အသီးသီးတို့တွင် မြစ်ရေ၊ ချောင်းရေ မြင့်တက်မှုများနှင့် အတူ မြစ်ကမ်းပါးပြိုခြင်း၊ မြေပြိုခြင်းဖြစ်စဉ်များ၊

လမ်းတံတားများ ပျက်စီးရသည့် ဖြစ်စဉ်များ၊ လူနေရပ်ကွက်များအတွင်း ရေများ ဝင်ရောက်သည့်ဖြစ်စဉ်များ ယခုရက်ပိုင်းအတွင်း ဖြစ်ပွားလျက်ရှိသည်။

ဆက်လက်၍လည်း မြစ်ရေ၊ ချောင်းရေမြင့်တက်မှုများ၊ လူနေမြို့ရွာများအတွင်း ရေဝင်ရောက်မှု၊ ရေကြီးရေလျှံမှုများမှာ မြစ်အောက်ပိုင်းဒေသများတွင် ပြီးခဲ့သည့် နှစ်များကအတိုင်းပင် ဖြစ်ပေါ် လာမည်ဟု ခန့်မှန်းနိုင်ပြီဖြစ်ရာ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ကြရတော့မည်ဖြစ်သည်။

ရေဘေးအတွက် ကြိုတင်ပြင်ဆင်သင့်သည့်အချက်များ

၁။ မိမိအိမ်ဘေးပတ်ဝန်းကျင်ရှိ ဘေးအန္တရာယ်ဖြစ်နိုင်ခြေများနှင့် အိမ်၏ကြံ့ခိုင်မှုကို စစ်ဆေးခြင်း၊

၂။ မိသားစုအရေးပေါ်ပြောင်းရွှေ့ရန် နေရာကို ရှာဖွေသတ်မှတ်ခြင်းနှင့် ရှောင်တိမ်းရမည့်လမ်းကြောင်း၊

၃။ မိသားစုဆုံရပ်တို့ကိုသတ်မှတ်ခြင်း၊

၎။ ရေစိုပျက်စီးနိုင်သည့် ပစ္စည်းများကို ခြောက်သွေ့၍ မြင့်သောနေရာတွင် ထားရှိခြင်း၊

၅။ အန္တရာယ်ရှိနိုင်သော ရေကြီးမှု အမြင့်ပေများကို မှတ်သားထားခြင်း၊

၆။ သောက်သုံးရေများ ကြိုတင်စုဆောင်းထားခြင်း၊

၇။ ချိုင့်ဝှမ်း၊ ရေမြောင်း၊ ရေတွင်း အစရှိသည့် ရေလွှမ်းမိုးချိန်တွင် အန္တရာယ်ရှိနိုင်သည့် နေရာများကို မြင်သာသော အမှတ်အသားများထားရှိခြင်း

၈။ အရေးပေါ်သုံးပစ္စည်းများ၊ အသက်ကယ်ပစ္စည်း များကို ကြိုတင်ပြင်ဆင်ထားခြင်းတို့ ဖြစ်ပါသည်။

မြစ် (၁၄) မြစ်၏ မြို့နယ်အလိုက် စိုးရိမ်ရေမှတ် အခြေအနေများ

ရေကြီးချိန်တွင် ရှောင်ရှားရမည့်အချက်များ

၁။ တိရစ္ဆာန်များကို မလိုအပ်ဘဲ ချည်နှောင်မထားရန်၊

၂။ မြစ်ချောင်းကမ်းပါးများအနီးသို့ မသွားရန်၊

၃။ ရေထဲတွင် ရေကူး ခြင်း၊ လမ်းလျှောက်ခြင်းနှင့်

၎။ ရေစိုနေသည့်လျှပ်စစ်ပစ္စည်းများကို အသုံးပြုခြင်းတို့မှ ရှောင်ရှားရန် တို့ဖြစ်ပါသည်။

ရေကြီးခြင်းဖြစ်ပေါ်နေချိန်တွင် အစိုးရက ထုတ်ပြန်သည့် မိုးလေ၀သသတင်းများကို စဉ်ဆက်မပြတ် နားထောင်ပြီး အကြံပြုချက်များကို လိုက်နာရန်၊ အိမ်သုံးလျှပ်စစ်မိန်းခလုတ်များကို ပိတ်ထားရန်၊ ရေသန် သို့မဟုတ် ကျိုချက်ထားသော ရေ သို့မဟုတ် ရေသန့်ဆေးခတ်ထားသော ရေကိုသာ သောက်ရန်၊ အဆိပ်ရှိသတ္တဝါများ အိမ်နှင့် ခြံအတွင်း ရှိ၊ မရှိ စစ်ဆေးရန်တို့ကိုလည်း အကြံပြုထားသည်။

အသင်းအဖွဲ့များ

Source MOI


Read 180 times Last modified on Saturday, 13 July 2019 11:51
Rate :
(1 Vote)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.