Thursday, 11 July 2019 17:26

pickpocket.jpg

နိုင်ငံခြားခရီးပဲသွားသွား၊ ပြည်တွင်းခရီးပဲထွက်ထွက် အိမ်ပြန်မျက်နှာပန်းလှဖို့အတွက်ဆိုရင် သတိဆိုတာ ပိုသည်မရှိ ဆိုသလိုပဲ မိမိသယ်ဆောင်တဲ့ပစ္စည်းပစ္စယတွေ ကို မပျောက်ပျက်အောင် ထိန်းသိမ်း တတ်ဖို့လိုပါတယ်။

ဟိုတလောကပဲ စာရေးသူရဲ့အသိတစ်ယောက် ဘတ်စ် ကားပေါ်မှာ ခါးပိုက်နှိုက်ခံရပါသေး တယ်။ ငွေပါသွားတာ ကိစ္စမဟုတ် လှပေမယ့် အရေးကြီးစာရွက်စာတမ်းတွေ၊ ပတ်စ်ပို့တွေ ပါသွားခဲ့ ရင် ပြန်ရဖို့တော့ မျှော်လင့်လို့မရ နိုင်ပါဘူး။ ဒီလို အဖြစ်အပျက်မျိုး ကြုံတွေ့ရရင် အုပ်စုခရီးဖြစ်စေ၊ တစ်ကိုယ်တည်းခရီးဖြစ်စေ စိတ်ပျက်စရာအချိန်တွေနဲ့ပဲ ခရီးစဉ်က ကုန် ဆုံးသွားတတ်ပါတယ်။ ဒါကြောင့် ပြီးပြည့်စုံတဲ့ လမ်းညွှန်မှုမျိုး မဟုတ် ပေမယ့် အသုံးတည့်မယ်လို့ ထင်မိတာကြောင့် စာဖတ်ပရိသတ်တွေအနေနဲ့ ဒီလိုစိတ်ပျက်စရာအဖြစ်မျိုးကို အတတ်နိုင်ဆုံး ရှောင်နိုင်ဖို့ အကြံပြုချက်လေးတွေ ဖော်ပြပေးလိုက်ပါတယ်။

မိမိရောက်နေတဲ့ ပတ်ဝန်းကျင် အခြေအနေကို သိထားပါ

မိမိရောက်တဲ့နေရာက ခါး ပိုက်နှိုက်ပေါတဲ့နေရာလား၊ အလစ်သုတ်မှုတွေရှိတတ်တဲ့နေရာလား ဆိုတာ ကြိုတင်စုံစမ်းပြီး သတိနဲ့နေထိုင်သွားလာသင့်ပါတယ်။ တချို့နေရာတွေဟာ နေ့ဖက်မှာ လမ်းလျှောက်ထွက်လို့ အဆင်ပြေပေမယ့် ညဖက်ရောက်ရင် လုံခြုံရေး ဆိုင်ရာပြဿနာရှိတဲ့နေရာအချို့ ရှိတတ်ပါတယ်။ ဘယ်နေရာ၊ ဘယ်လိုအချိန်မှာ တက္ကစီငှားသင့်တယ် ဆိုတာကိုလည်း သတိချပ်စေချင်ပါတယ်။ ဒီလိုပတ်ဝန်းကျင်အခြေ အနေကို သိထားနိုင်ဖို့ဆိုရင်တော့ ဟိုတယ်က ဧည့်ကြိုတွေ၊ ဝန်ထမ်းတွေကို အနီးစပ်ဆုံး မေးမြန်းလို့ရပါတယ်။

ဓါတ်ပုံရိုက်သွားပါ

ခါးပိုက်နှိုက်ခံရတဲ့အခါ ဒုက္ခနည်းနိုင်သမျှနည်းအောင် ပြင်ဆင်ထားဖို့လိုပါမယ်။ ပတ်စ်ပို့၊ မှတ်ပုံတင်နဲ့အရေးကြီးစာရွက်စာတမ်းတွေကို ဓါတ်ပုံရိုက်ယူထားပါ။ မိမိရိုက်ထားတဲ့ပုံတူတွေကို မိမိကိုယ် တိုင်အပြင်အခြားစိတ်ချလို့ရတဲ့သူ တစ်ဦးဦးဆီကို အပ်ထားစေချင်ပါတယ်။ ဒါမှ သင်နဲ့အတူပါတဲ့ ဓါတ်ပုံ ပျောက်ခဲ့မယ်ဆိုရင်တောင် လိုအပ်တဲ့အချိန်မှာ နောက်ထပ်အစားထိုး ပြသစရာ အဆင်သင့်ရှိမှာ ဖြစ်ပါတယ်။

ဘယ်လိုနည်းလမ်းတွေက ရှောင်လွှဲဖို့ခက်တဲ့ စိတ်ဖိစီးမှုကို အကောင်းဆုံးကျော်ဖြတ်နိုင်မှာလဲ

ခါးပတ်အိတ် (Money Belt) (သို့) ပိုက်ဆံအိတ်

ခါးပတ်အိတ်ကို ဝတ်ဆင်တတ်သူဆိုရင် ပေါ်ပေါ်ထင်ထင် မဟုတ်ပဲ သင့်ရဲ့ဘောင်းဘီအတွင်းပိုင်းမှာ ဝတ်ဆင်နိုင်ပါတယ်။ လုံးဝပျောက်ဆုံးလို့ မဖြစ်တဲ့ အရာတွေကို ထည့်ပြီးဝတ်ဆင်နိုင်ပါတယ်။ ဒါက လူတိုင်းနှစ်သက်တဲ့ အရာတော့ မဟုတ်ပါဘူး။ တချို့လူတွေအတွက်တော့ Money Belt ဝတ်ဆင်ရတာ ကသီကလင်ဖြစ်သူတွေ ရှိပါ တယ်။ ဒါကြောင့် အခြားပိုက်ဆံအိတ်ကိုပဲ ယူဆောင်ရတာ နှစ်သက်သူတွေအနေနဲ့ ပိုက်ဆံအိတ်ကို နောက် ဖက်ဘောင်းဘီအိတ် ကပ်မှာမထည့်ပဲ ရှေ့ဘောင်းဘီအိတ်ထဲ ထားစေချင်ပါတယ်။

တန်ဖိုးကြီးတဲ့ပစ္စည်းတွေကို ဟိုတယ်မှာ ထားခဲ့ပါ

သင့်ရဲ့ လက်ပ်တော့အပြင် တန်ဖိုးကြီးတဲ့ လက်ဝတ်လက်စားတွေကို လမ်းတစ်လျှောက် သယ်သွားခြင်းထက်အခန်းထဲမှာ ထားခဲ့တာက ပိုစိတ်ချရမှာပါ။ ဟိုတယ်တွေမှာ သူခိုးခိုးခံရတာတွေရှိတယ် ဆိုပေမယ့်လည်း ရှားပါတယ်။

ပစ္စည်းမေ့ကျန်ခဲ့သလားဆိုတာ အမြဲဆန်းစစ်ပါ

တချို့က အခိုးခံရတာထက် မေ့ကျန်မိတာကြောင့် ပစ္စည်းဆုံးရှုံးတာ ပိုများတတ်ပါတယ်။ ဟိုတယ်က ထွက်ခွာချိန်မှာ ပတ်စ်ပို့ကို ခေါင်းအုံးအောက်မှာ ထားလေ့ရှိလို့ မေ့ထားခဲ့မိတာ၊ အိတ်ကို ဘတ်စ်ကားရဲ့အိတ်စင်ပေါ်မှာ မေ့ကျန်ခဲ့တာ၊ ကင်မရာ၊ လက်ပ်တော့ကို တက္ကစီထဲ မေ့ကျန်ခဲ့တာ စတာတွေ အဖြစ်များပါတယ်။ ဒါကြောင့် နေရာတစ်ခုကို စွန့်ခွာတော့မယ်ဆိုရင် နှစ်ခါပြန်လှည့်ကြည့်စစ်ဆေး တတ်တဲ့အကျင့် မွေးစေချင်ပါတယ်။

သင့်ဖုန်းနဲ့ ပိုက်ဆံအိတ်ကို စားပွဲပေါ် တင်မထားပါနဲ့

နိုင်ငံခြားမှာ ရေပန်းစားကြုံတွေ့တဲ့အရာတစ်ခုကတော့ လမ်းကြောင်းမသိသူလို လူစိမ်းတစ်ဦးက သင့်ဆီ မြေပုံနှင့်တကွ ရောက်လာပြီး သူသွားလိုတဲ့ ခရီးလမ်းကြောင်းကို မေးပါမယ်။ မြေပုံကို သင့်စားပွဲပေါ်ဖြန့်ခင်းစဉ်မှာ သင် မသိလိုက်ခင်မှာပဲ စားပွဲပေါ်တင်ထားတဲ့ သင့်ပစ္စည်းတွေကို အလစ်သုတ်သွားတတ်တာပါပဲ။ ဒါကြောင့် အလစ်သုတ်သမားတွေ အကြိုက်တွေ့မယ့်နည်းလမ်းဖြစ်စေနိုင်တဲ့မိမိရဲ့ပစ္စည်းတွေကို စားပွဲပေါ် လွတ်လွတ်လပ်လပ်တင်ထားတာတွေ ရှောင်ကြဉ်ရမှာပါ။

အိတ်နဲ့ပစ္စည်းတွေကို ကိုယ့်အနီးဆုံးမှာပဲ ထားပါ

ခိုးမယ့်သူ၊ လုယက်မယ့်သူတွေဟာ ပစ္စည်းနဲ့အနည်းငယ်ကင်းကွာနေတဲ့သူတွေကို ပစ်မှတ်ထားတတ်ပါတယ်။ အသေးအဖွဲ့လေးကပဲ ဆုံးရှုံးစရာတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် စားသောက်ပြီး အနားယူချိန်မှာ မိမိရဲ့အိတ်ကို ချက် ချင်း လက်လှမ်းမီနိုင်မယ့် မိမိရဲ့ခြေထောက် (သို့) လက်အနီးမှာ အမြဲထားပါ။

Credit ဇွန်မာန်


Read 424 times Last modified on Thursday, 11 July 2019 17:54
Rate :
(0 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.