Monday, 08 July 2019 13:13

How-parents-can-try-and-prevent-child-abuse-image-660x400.jpg

ကလေးများ လိင်မှုဆိုင်ရာ မတော်မတရားပြုမူခံရမယ့် အခြေအနေတွေကို အနည်းဆုံးဖြစ်အောင် လျော့ချဖို့အတွက် ကလေးများ သိသင့်သိထိုက်တဲ့ သိရှိရမဲ့အရာမှန်သမျှကို မိဘများအနေနဲ့  ပွင့်လင်းစွာပြောပြထားပေးဖို့က အရေးကြီးဆုံးဖြစ်ပါတယ်။

( ၁ ) ကလေးကို ငယ်စဉ်ကတည်းက သင့်လျော်တဲ့အမည်နာမသုံးစွဲပြီး ခန္ဓာကိုယ်အစိတ်အပိုင်းများအကြောင်းကို ရှင်းပြပါ။

( ၂ ) ကလေးကို ခန္ဓာကိုယ်ရဲ့ မည်သည့်အစိတ်အပိုင်းကို ထိတွေ့ဖို့ မသင့်တော်ကြောင်းပြောပြပါ။ ကလေးတွေနေထိုင်ရာပတ်ဝန်းကျင်အနေအထားများနဲ့ လူများကို ဥပမာပေးပြီး ပြောပြပါ။

( ၄ ) မနှစ်သက် ၊ သက်တောင့်သက်သာမဖြစ်တဲ့ ထိတွေ့ကိုင်တွယ်မှုခံရပါက မည်သူ့ကိုမဆို မလုပ်နဲ့ မထိနဲ့လို့ ပြောဆိုနိုင်တဲ့အခွင့်အရေးရှိကြောင်း သင်ကြားပေးပါ။

( ၅ ) အရွယ်ရောက်ပြီးသူများ ၊ လူငယ်များနဲ့ လိင်ပိုင်းဆိုင်ရာ စကားလုံးများ ပြောဆိုခြင်း ၊ ကာမဆိုင်ရာ အပြုအမူများ ပြုလုပ်ခြင်းများကို ရှောင်ကြဉ်ရမည်ဖြစ်ကြောင်း ကလေးများကို ရှင်းပြပေးပါ။

( ၆ ) လျှို့ဝှက်ထိန်ချန်ထားခြင်းက ထိခိုက်နစ်နာမှုရှိကြောင်း ၊ အကယ်၍ တစ်စုံတစ်ယောက်က လျှို့ဝှက်ချက်ကို ထိန်ချန်ထားဖို့ တောင်းဆိုပါက မိမိကို ပြောပြသင့်ကြောင်းရှင်းပြပါ။

( ၇ ) အင်တာနက် (သို့) လက်ကိုင်ဖုန်းသုံးနေစဉ် အီးမေးလ်လိပ်စာ ၊ အိမ်လိပ်စာ ၊ ဖုန်းနံပါတ်နဲ့ အခြားကိုယ်ရေးကိုယ်တာသတင်း အချက်အလက်များကို အခြားသူများအားမပေးရန် ကလေးကို သင်ကြားပေးပါ။

(ဂုဏ်ယူပါတယ် ပုဂံမြေ) ကမ္ဘာ့အမွေအနှစ်စာရင်းဝင် မြန်မာတို့ရဲ့ ပုဂံမြေ

( ၈ ) ကလေးများကို ၎င်းတို့ရဲ့ အွန်လိုင်းအတွေ့အကြုံများကို မေးမြန်းပြီး အသုံးပြုသည့် ဝက်ပ်ဆိုဒ်နဲ့ ဝန်ဆောင်မှုများကိုလည်း လေ့လာပါ။

( ၉ ) ကလေးများ ယုံကြည်ခြင်းခံရသူများထံ အလည်သွားတတ်သည့်နေရာများကို စူးစမ်းလေ့လာထားပါ။

( ၁၀ ) ကလေးများနဲ့ ပြောဆိုသည့်အခါဖြစ်စေ၊ သူတို့စကားကို နားထောင်တဲ့အခါဖြစ်စေ စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားပါ။ ကလေးများအနေနဲ့ သူတို့ရဲ့ဆွေးနွေးချက်တွေဟာ လုံခြုံစိတ်ချရပြီး သဘောကျနှစ်ခြိုက်မှုရှိတဲ့ ခံစားချက်မျိုးဖြစ်စေဖို့ အရေးကြီးပါတယ်။

သင့်ရဲ့ ပတ်ဝန်းကျင်မှာ ကလေးသူငယ်များကို မည်သည့်နည်းနဲ့မဆိုဖြစ်စေ မတော်မတရားပြုမူသည်ကို တွေ့ရှိပါက လှုမှုဝန်ထမ်းဦးစီးဌာနရဲ့ Hotline : 067 – 3404222 ၊ 067 – 3404999 သို့ အသိပေးဆက်သွယ်တိုင်ကြားဖို့ တိုက်တွန်းပါတယ်။

အသင်းအဖွဲ့များ

Source save the children in myanmar


Read 181 times Last modified on Monday, 08 July 2019 14:35
Rate :
(0 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.