Saturday, 21 December 2019 11:26

job-search_2.jpg

 

၂၀၂၀မှာ ကောင်းမွန်တဲ့ အလုပ်အကိုင်တွေရနိုင်ဖို့အတွက် အထောက်အကူပြုနိုင်တဲ့ Workshop တစ်ခုကို ဖော်ပြပေးချင်ပါတယ်။ ဒါကတော့ ကောင်းမြတ်သူအေဂျင်စီမှ'‘Job Error 404'’ ခေါင်းစဉ်နဲ့ ပြုလုပ်မယ့် ပွဲလေးပဲဖြစ်ပါတယ်။

ဒီပွဲပြုလုပ်ခြင်းရဲ့ ရည်ရွယ်ချက်ကေတာ့ 

- လက်ရှိအလုပ်ရှာနေပြီး စောနကကျွန်တော်ပြောခဲ့တဲ့ပြသနာကြုံနေရသူတွေ 

- လက်ရှိအလုပ်ရှိနေပြီး ထွက်ချင်ပေမယ့်အကြောင်းအမျိုးကြောင့် တွယ်ကပ်နေရတဲ့သူတွေ  

-  ပွဲတက်ရောက်သူတွေအချင်းချင်းလဲ ဆွေးနွေးနိုင်ပြီး အလုပ်အကိုင်တွေရှာဖွေရာမှာ အခက်အခဲနည်းပြီး အခွင့်အလမ်းတွေများလာဖို့အတွက်ပဲ ဖြစ်ပါတယ်။

ဒါဆိုရင် ဒီပွဲမှာ ဘယ်လိုအကြောင်းအရာတွေကို ဆွေေးနွးသွားမှာလဲ

- CV ဖောင်တွေပဲတင်နေရပြီး အင်တာဗျူးဖို့ပြန်ဆက်သွယ်မလာတာ ဖြစ်နေတဲ့သူတွေ

- အင်တာဗျူးတွေပဲဝင်နေရပြီး အလုပ်မရဖြစ်နေတဲ့သူတွေ

- အကြောင်းအမျိုးမျိုးကြောင့် လက်ရှိအလုပ်ကနေထွက်ချင်ပေမယ့် မထွက်နိုင်ပဲတွယ်ကပ်နေရတဲ့သူတွေ

- CVဖောင်ရေးတာနဲ့ပတ်သက်ပြီး အချိုးမပြေဖြစ်နေတာတွေ စတဲ့ အခက်အခဲ ပြသနာတွေကို ဆွေးနွေးဟောပြောသွားမှာပဲဖြစ်ပါတယ်။

Read More>>>ရုံးပိတ်ရက်တွေမှာ လည်လို့ကောင်းတဲ့ မန္တလေးမြို့မှ ရတနာပုံတိရစ္ဆာန်ဥယျာဉ်

ဘယ်သူတွေ ဟောပြောသွားမှာလဲ

- ဦးအောင်ခန့်  (Royal Wayရဲ့ (Founder)လက်ရှိ(HR Manager) 

- ဦးကျော်စိုးဝင်း(လက်ရှိ HR Manager) တို့မှဦးဆောင်ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီပွဲမှာ အထူးအစီစဉ်တစ်ခုလဲ ရှိပါသေးတယ်။ အဲဒါကတော့ ကောင်းမြတ်သူအေဂျင်စီကနေ အလုပ်ခေါ်စာတွေကိုချပြပေးပြီး ကိုယ်ကြိုက်ရာကုမ္ပဏီရဲ့အလုပ်အကိုင်ကိုလျှောက်နိုင်ဖို့ စီစဉ်ပေးထားတယ်လို့ သိရပါတယ်။

ဒီပွဲကိုတက်ရောက်ဖို့အတွက် Online ကနေအခမဲ့စာရင်းပေးသွင်းနိုင်သလိုဖုန်းနဲ့လဲစာရင်းပေးသွင်းနိုင်ပါတယ်။

ပွဲချိန်နှင့် နေ့ရက်ကတော့

29.12.2019 Sunday 09:00AM to 11:00AM

ပွဲနေရာ 

နံပါတ် C2, ရတနာတိုင်းပြည်အိမ်ယာ၊ 

လမ်း၆၀၊ ၃၈လမ်းနှင့် ၃၉လမ်းကြား၊ မန္တလေးမြို့။

ဖုန်း- 09954501320(Viber), 09694501320

This email address is being protected from spambots. You need JavaScript enabled to view it.

Htet Htet Naing ( My Mandalay )


Read 280 times Last modified on Saturday, 21 December 2019 11:31
Rate :
(1 Vote)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.