Friday, 20 December 2019 14:01

 

u-vracha-8_1.jpg

သန်ကောင်ရောဂါပြဿနာဟာ ကျောင်းနေရွယ်ကလေးတွေမှာ အဖြစ်များတက်တဲ့ ရောဂါပြဿနာတစ်ခုပါ။

ကလေးငယ်တွေဟာ ဆော့ကစားပြီးတိုင်း၊ အိမ်သာတက်ပြီးတိုင်းမှာ လက်သန့်ရှင်းရေးမပြုလုပ်မိဘဲ အစားအစာတွေ စားတတ်တာကြောင့် အဖြစ်များတက်ပါတယ်။ အဲဒီမသန့်ရှင်းတဲ့ လက်တွေကနေ ခန္ဓာကိုယ်ထဲကို သန်ကောင်တွေက အလွယ်တကူဝင်ရောက်လာလို့ပဲ ဖြစ်ပါတယ်။ ဒါဆိုရင် သင့်ကလေးငယ်တွေကို သန်ကောင်ရောဂါနဲ့ကင်းဝေးအောင် ဘယ်လိုကာကွယ်ကြမလဲ…?

ဒါကြောင့်  FUGACAR မှ ကျင်းပပေးမယ့် မိသားစုတိုင်းရဲ့ကျန်းမာရေးအတွက် အရေးကြီးတဲ့ သန်ကောင်အကြောင်းတွေကို ဟောပြောသွားမယ့် ဆွေးနွေးပွဲကြီးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ဒီပွဲမှာ အစာအိမ်နှင့်အူလမ်းကြောင်း အထူးကု ဆရာဝန်ကြီး ပါမောက္ခဒေါက်တာ နွယ်နီနဲပ  ပါမောက္ခဒေါက်တာ ဝင်းဖြူဖြူမြင့်တို့မှ သန်ကောင်ရောဂါအကြောင်း သိကောင်းစရာများကို ဟောပြောသွားမှာဖြစ်ပါတယ်။

Read More>>>မန္တလေးမှာ ဒီဇင်ဘာ (၂၁) မှ (၂၇) ရက်နေ့ထိ ကျင်းပပြုလုပ်သွားမယ့် ပွဲများ

ဒီကျန်းမာရေး ဆွေးနွေးပွဲကြီးကို ဒီဇင်ဘာလ ၂၁ ရက်နေ့  နေ့လည် ၂ နာရီ မှ ၄ နာရီထိ မန္တလေး မြို့၊ မြန်မာနိုင်ငံဆရာဝန်အသင်း (၃၁ လမ်း၊ ၇၀x၇၁ကြား) ရတနာပုံခန်းမမှာ ဆွေးနွေးဟာပြောသွားမှာ ဖြစ်ပါတယ်။ မိမိကလေးတွေရဲ့ ကျန်းမာရေးအတွက် အသုံးဝင်တဲ့ ဒီဟောပြောပွဲကြီးကို တက်ရောက်လိုသူတွေအနေနဲ့ နာမည်၊ဖုန်းနံပါတ်၊ လူအရေအတွက်တို့ကို ဖော်ပြပါလင့်ခ်တွင် စာရင်းပေးသွင်းနိုင်ပါတယ်။

Htet Htet Naing ( My Mandalay )


Read 181 times Last modified on Friday, 20 December 2019 14:37
Rate :
(1 Vote)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.