Thursday, 07 November 2019 18:15


Capture.jpg

ပြင်ဦးလွင်တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကြီးဟာ နှစ်စဉ်အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်ကြသော ဧည်သည်များစွာဖြင့် တိုးမပေါက်အောင် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်နေကျ မြန်မာနိုင်ငံရဲ့အထင်ကရ ရာသီပွဲတော်ကြီးတစ်ခုဖြစ်ပါတယ်။

ဒီနှစ်မှာတော့ Sunset Night Market က ပြင်ဦးလွင်တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကြီးထဲမှာ ပါဝင်ကျင်းပသွားမှာပါနော်။ Sunsetရဲ့ တခြားမြို့မှာကျင်းပမယ့် ပထမဆုံးပွဲလဲဖြစ်ပါတယ်။

ပြင်ဦးလွင် မဟာအံ့ထူးကံသာဘုရား မီးပုံးပျံကွင်းကြီးအတွင်းတွင် 2019 နိုဝင်ဘာလ 8ရက်နေ့မှ12ရက်နေ့အထိ တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကြီးကို ယခင်နှစ်များနှင့်မတူ တမူထူးခြားစွာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

Read More>>>ဆိုင်ကယ်အသစ် စီးတဲ့အခါ အင်ဂျင် ဘယ်လိုထိန်းသိမ်းမလဲ???

‌ပွဲတော်ရက်နေ့ပိုင်းအစီအစဉ်များအဖြစ် နေ့အရုပ်အလှမီးပုံးပျံအလှလွတ်တင်ပူဇော်ခြင်း၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဘောလီဘောပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ ချောတိုင်တက်ပြိုင်ပွဲစသည်တို့ကျင်းပသွားမည်ဖြစ်ပြီး ညပိုင်းအစီအစဉ်များမှာ ညမီးကျည်၊ စိန်နားပန်မီးပုံးပျံလွှတ်တင်ပူဇော်ခြင်းတို့ဖြင့် လှပစွာ ကျင်းပမယ့ဆိုတော့ လုံးဝလက်မခံပဲ နွဲရမယ့်ပွဲတစ်ခုပါပဲ

လည်ပတ်ကြည့်ရှုစရာနေရာများအဖြစ် LED မီးအလှပြပွဲတော်ကြီးနှင့် စားစရာအစုံအလင်နှင့် လူသုံးကုန်ပစည်းမျိုးစုံတို့ကို ဝယ်ယူရရှိနိုင်မှာမို့ အစုံလင်ဆုံးပွဲတော်ကြီးဆိုလဲမမှားပါဘူး။

ဆိုင်ခန်းများဌားရမ်းရောင်းချပေးနေပြီမို့ 09259059779, 09426677722သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ှSource; Sunset Night Market

 


Read 69 times
Rate :
(2 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.