Tuesday, 05 November 2019 16:58

46503458 1809541295840395 2893047471884206080 o

မြန်မာနိုင်ငံတစ်ဝန်းရှိ ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားရာ အချိန်အခါသမယဖြစ်သော တန်ဆောင်မုန်းလပြည့်နေ့ အထိမ်းအမှတ်အဖြစ် MPT က တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို တန်ခိုးကြီးဘုရား ၆ ဆူတွင် နိုဝင်ဘာလ (၁၁) ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ပါတယ်။

အဆိုပါမီးထွန်းပွဲတော်ကို မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အရှေ့)၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့ရှိ တန်ခိုးကြီးစေတီပုထိုး ၆ ဆူ၌ ဆီမီးများ ထွန်းညှိဆက်ကပ်ပူဇော်ခြင်းနှင့် ယောဂီတဘက်များကို ဘုရားဖူးလာ ပြည်သူများသို့ ပေးအပ်လှူဒါန်းခြင်းများ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

74881497_2191380410962693_182861827514826752_o.jpg

“MPT နှင့် အတူနွှဲပျော် တန်ဆောင်တိုင် မီးထွန်းပွဲတော်” အစီအစဉ်ကို ၂၀၁၅ ခုနှစ်ကပင် စတင်၍ မြန်မာနိုင်ငံတစ်ဝန်းရှိ တန်ခိုးကြီး စေတီပုထိုးများ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်ခဲ့တာဖြစ်ပြီး ယခုနှစ်တွင်လည်း တန်ဆောင်မုန်းလပြည့်နေ့တွင် နေရာ ၆ နေရာ၌ တစ်ပြိုင်နက်တည်း ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

Read More>>> ယခုလအတွင်း မန္တလေးမြို့တော်မှာ ကျင်းပပြုလုပ်သွားမယ့် ပွဲတော်အခမ်းအနားများ

ထို့အပြင် MPT အနေဖြင့် နိုဝင်ဘာလ ၉ ရက်မှ မှ နိုဝင်ဘာ ၁၁ ရက်နေ့အထိ စစ်ကိုင်းမြို့ကောင်းမှုတော်ဘုရားဝန်းနှင့် နိုဝင်ဘာလ ၁၀ ရက် မှ နိုဝင်ဘာလ ၁၂ ရက်နေ့အထိ မော်လမြိုင်မြို့ ကျိုက်သလ္လံဘုရားဝန်းတို့တွင် ဒေသခံများအတွက် MPT ၏ ပျော်ရွှင်ဖွယ်ရာ အရောင်းမြှင့်တင်ရေး လှုပ်ရှားမှုများကိုလည်း ကျင်းပပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။

ဆီမီးထွန်းညှိဆက်ကပ်ပူဇော်ခြင်းကို တန်ဆောင်မုန်းလပြည့်နေ့၏ ညနေ ၆ နာရီတိတိတွင် စတင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နိုဝင်ဘာလ (၁၁) ရက်နေ့တွင် မီးထွန်းပွဲတော်ပြုလုပ်မည့်နေရာများကို အောက်ပါဇယားတွင် လည်း ဖော်ပြပေးထားပါတယ်။

75561527 3021476064546646 6302021546533715968 n

Read More>>> ငါးရက်တိုင်တိုင် ကျင်းပသွားမည့် ပြင်ဦးလွင်တန်ဆောင်တိုင် မီးပုံးပျံပွဲတော်

ဆီမီးထွန်းညှိဆက်ကပ်ပူဇော်ပွဲအခမ်းအနားဖြစ်သည့် “MPT နှင့် အတူနွှဲပျော် တန်ဆောင်တိုင် မီးထွန်းပွဲတော်” အစီအစဉ်ကို မိဘပြည်သူများအားလုံး အတူတကွ ပါဝင်ဆင်နွှဲနိုင်ရန် MPT က ဖိတ်ခေါ်ထားပါတယ်။

အသေးစိတ်အချက်အလက်များကို သိရှိလိုပါက နံပါတ် ၁၀၆ ကို ဖုန်းခေါ်၍ သို့မဟုတ် www.mpt.com.mm နှင့် MPT တရားဝင် လူမှုကွန်ရက်စာမျက်နှာ https://www.facebook.com/mptofficialpage/ နှင့် “MPT နှင့် အတူနွှဲပျော် တန်ဆောင်တိုင် မီးထွန်းပွဲတော်” လူမှုကွန်ရက် စာမျက်နှာ https://www.facebook.com/events/601814923687947 သို့လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Source: Mahar Business News, MPT

Nilar Myot Win


Read 224 times Last modified on Tuesday, 05 November 2019 17:40
Rate :
(12 votes)

Related items

  • ဂျာမနီထုတ်မော်ဒယ်တွေထဲမှာ အမြန်ဆုံးနဲ့ စွမ်းဆောင်ရည်အမြင့်ဆုံးမော်ဒယ် BMW K 1200S

    BMW K 1200S

    BMW K 1200S ဟာ ဂျာမနီထုတ်မော်ဒယ်တွေထဲမှာ အမြန်ဆုံးနဲ့ စွမ်းဆောင်ရည်အမြင့်ဆုံးမော်ဒယ်တစ်ခုဖြစ်ါတယ်။

  • နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဖို့ WHO မှထုတ်ပြန်ထားသည့် နည်းလမ်းများ

    china

    တရုတ်နိုင်ငံ၊ ဝူဟန်မြို့ တွင် ဖြစ်ပွားလျက်ရှိသော 2019 Novel Coronavirus (2019-nCoV) ကြောင့်ဖြစ်ပွားသည့် အဆုတ်ရောင်ရောဂါနှင့်ပတ်သက်၍ မြန်မာနိုင်ငံရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် လေဆိပ်၊ ရေဆိပ်နှင့် နယ်စပ်ဝင်/ထွက်ပေါက်များကို အထူးကြပ်မတ်ကြည့်ရှုဆောင်ရွက်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။

  • တရုတ်နှစ်သစ်ကူးပြုလုပ်ရခြင်းနှင့် အန်ပေါင်းပေးရခြင်း အကြောင်းအရင်း

    China-new-yera_20190129_1.jpg

     

    တရုတ်နှစ်သစ်ကူးဆိုတာကတော့ တရုတ်လူမျိုးတွေအတွက် တစ်နှစ်တာအတွင်းမှာ အရေးပါဆုံးရိုးရာပွဲတော်တစ်ခုပဲ ဖြစ်ပါတယ်။ တရုတ်ပြက္ခဒိန်မှာ နွေဦးရာသီနဲ့ စတင်တာဖြစ်တာကြောင့် နှစ်ကူးပွဲရဲ့ တရုတ်ဘာသာမှာ 春節 (ချွန်းဂျယ်) ဖြစ်ပြီး တိုက်ရိုက် ဘာသာပြန်လိုက်ရင်တော့ ‘နွေဦးရာသီပွဲတော်’ ဟု ခေါ်ပါတယ်။ နှစ်ကူးပွဲတော်မှာ တရုတ်ပြက္ခဒိန် နှစ်ဆန်း ၁ ရက်နေ့မှ စတင်ပြီး ၁၅ ရက်နေ့ မီးပုံးပွဲတော်နဲ့ အဆုံးပါတယ်။ ဒီပွဲဟာ တရုတ်ရိုးရာ ပွဲတော်များထဲမှာ ကာလအရှည်ကြာဆုံးပွဲတော် တစ်ခုလည်း ဖြစ်ပါတယ်။

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.