Tuesday, 05 November 2019 10:32

mandalay_kyone_1.jpg

နိုဝင်ဘာလတွင် ကျင်းပပြုလုပ်သွားမယ့် မန္တလေးမြို့တော်မှ ပွဲတော်အခမ်းအနားများကို ဖော်ပြပေးလိုက်ပါတယ်။

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ကာယဗလ၊ ကာယကြံ့ခိုင်မှုမောင်နှင့် ကာယကြံ့ခိုင်မှုမယ် မန္တလေးတိုင်း လက်ရွေးစင် လူရွေးပွဲ

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ကာယဗလ၊ ကာယကြံ့ခိုင်မှုမောင်နှင့် ကာယကြံ့ခိုင်မှုမယ် မန္တလေးတိုင်း လက်ရွေးစင်လူရွေးပွဲကို မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ ပညာရေးကောလိပ်တွင် နိုဝင်ဘာ ၅ ရက် မွန်းတည့် ၁၂ နာရီတွင် ကျင်းပသွားမည်ဖြစ်သည်။


Nobeo Café For Business Networking Event ဆွေးနွေးပွဲ

မြန်မာ-ဂျပန် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု ဗဟိုဌာန၊ ဂျပန်နိုင်ငံ နိုဘဲအိုကမြို့နှင့် မြန်မာ-ဂျပန် မိတ်ဖက်စီးပွားရေး လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းကျင်းပမည့် Nobeo Café For Business Networking Event ဆွေးနွေးပွဲကို မန္တလေးမြို့၊ ၇၃လမ်း၊ သဇင်လမ်းနှင့် ငုရွှေဝါလမ်းကြားရှိ Pullman Hotel တွင် နိုဝင်ဘာ (၅) ရက် မွန်းလွဲ (၁) နာရီ တွင် ကျင်းပသွားမည်ဖြစ်သည်။


မြန်မာအသင်းနှင့် နီပေါအသင်း လေ့ကျင့်ရေးခြေစမ်းပွဲ

ပဏာမမြန်မာ့လက်ရွေးစင်အသင်းနှင့် နီပေါအသင်းတို့ လေ့ကျင့်ရေးခြေစမ်းပွဲကို မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ မန္တလာသီရိဘောလုံးကွင်းတွင် နိုဝင်ဘာ (၇) ရက် ညနေ (၅) နာရီ တွင် ကျင်းပသွားမည်ဖြစ်ပြီး ကွင်းဝင်ကြေး အခမဲ့ဖြင့် လာရောက်ကြည့်ရှုအားပေးနိုင်ပါသည်။


တန်ဆောင်တိုင်ပွဲဈေးနှင့် ကာတွန်းမီးထွန်းပွဲတော်

တန်ဆောင်တိုင်ပွဲဈေးနှင့် ကာတွန်းမီးထွန်းပွဲတော်ကို မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ Central Point (Mandalay) တွင် နိုဝင်ဘာ (၈) ရက် ညနေပိုင်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Read More>>>သင့်အိမ်မှာ မဖြစ်မနေဆောင်ထားသင့်တဲ အရေးပေါ်ဆေး (၁၀)မျိုး

ပဉ္စမအကြိမ် ဧရာဝတီစာပေပွဲတော်

ပဉ္စမအကြိမ် ဧရာဝတီစာပေပွဲတော်ကို မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးတောင်ခြေရှိ Mercure Hotel Mandalay တွင် နိုဝင်ဘာ (၉) ရက် မှ (၁၁) ရက်အထိ သုံးရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။ အဆိုပါ ပွဲတော်တွင် စာတမ်းဖတ်ပွဲများ၊ စာပေဆွေးနွေးပွဲများ၊ ကာတွန်းပြခန်းများ၊ ကဗျာရွတ်ဆိုပွဲများနှင့် စာအုပ်အရောင်းဆိုင်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်


ရှင်မာလဲဘုရားကြာပန်းပစ်ပွဲ

မန္တလေးမြို့၊ မဟာမြတ်မုနိဘုရားမြောက်ဘက်၊ ပထမတံတိုင်း အပြင်ဘက်တွင်တည်ရှိသော ရှင်မာလဲဘုရား ကြာပန်းပစ်ပွဲကို တန်ဆောင်မုန်းလဆန်း(၁၄)ရက်၊ နိုဝင်ဘာ(၁၀)ရက် ညနေပိုင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။


ကိတ်မုန့်တစ်မျိုးတည်းသာ လှူဒါန်းသည့် ရွှေစောလူးဘုရားပွဲတော်

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မိချောင်းတက်ကျေးရွာတွင် တည်ထားကိုးကွယ်သည့် ရွှေစောလူးဘုရား ပွဲတော်ကို နိုဝင်ဘာ (၁၀) ရက်နှင့် (၁၁) ရက် ၊ တန်ဆောင်မုန်းလဆန်း (၁၄) ရက် မှ (၁၅) ရက်အထိ ကျင်းပသွားမည် ဖြစ်သည်။ အဆိုပါ ဘုရားပွဲတော်ကို ကုန်းပွဲ၊ ရေပွဲနှစ်မျိုး ကျင်းပသွားမည်ဖြစ်ပြီး ကုန်းပွဲတွင် ဘုရားရှင်အား ကိတ်မုန့် တစ်မျိုးတည်းသာ အဓိကထားလှူဒါန်းပြီး ရေပွဲတွင် ဆီမီးသုံးထောင် ထွန်းညှိ၍ ဒုဌဝတီမြစ်အတွင်း မီးမျှော ပူဇော်သွားမည်ဖြစ်သည်။

>>>ပြပွဲစီစဉ်ပြုလုပ်ပေးသူများ (5)<<<

လူသုံးကုန်နှင့် အလှပစ္စည်းများ ထုတ်လုပ်မှုသင်တန်းဖွင့်လှစ်

လူသုံးကုန်နှင့် အလှပစ္စည်းများ ထုတ်လုပ်မှုသင်တန်းကို မန္တလေးမြို့ရှိ မန္တလေးတိုင်းဒေသကြီးအသေးစား စက်မှုလက်မှု လုပ်ငန်း ဦးစီးဌာနရုံးတွင် နိုဝင်ဘာ (၁၅) ရက် မှ (၂၀) ရက်အထိ ဖွင့်လှစ်သွားမည် ဖြစ်သည်။

 

Source; သန်းဇော်မင်း

 


Read 107 times Last modified on Tuesday, 05 November 2019 11:36
Rate :
(2 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.