Tuesday, 22 October 2019 11:30

Jude

ပထမဆုံးအကြိမ်အဖြစ် မြန်မာငွေကျပ်ဖြင့် ရောင်းချမည့် မန္တလေးမြို့မှ ကျောက်မျက်ရတနာပြပွဲ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းချုပ်၏ လမ်းညွန်မှုဖြင့် ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (မန္တလေး)မှ

ဉီးဆောင်ကျင်းပမည့်ကျောက်စိမ်း အရိုင်း၊ အချောထည်နှင့် ကျောက်မျက်ရတနာများကို မြန်မာကျပ်ငြွေဖင့် ရောင်းချပေးသွားမည်ဖြစ်ပါသဖြင့် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရပါသည်။

ထို့အပြင် အဆိုပါကျောက်မျက်ရတနာပြပွဲတွင် ကျောက်စိမ်း အတွဲ ပေါင်း ၃၅၀ဝ ခန့် ပြသနိုင်ရန်မျှော်မှန်းထားကြောင်း သိရပါသည်။

Read More >>> မန္တလေးတွင် ပထမဆုံးပြုလုပ်မည့် ကျောက်မျက်ရောင်းပွဲတွင် WeChat အသုံးပြု၍ ရောင်းဝယ်ခွင့် မပြု

ကျောက်မျက်ရတနာ ပြပွဲကို ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့ ဗုဒ္ဓဟူးနေ့မှ အောက်တိုဘာလ ၂၉ ရက်နေ့ အင်္ဂါနေ့အထိ နေ့စဉ် မနက် ၇ နာရီမှ ညနေ ၅ နာရီအတွင်း MANDALAY CONVENTION CENTRE (MCC) (သိပ္ပံလမ်း၊ ချမ်းပြသာစည်မြို့နယ်၊ မန္တလေးမြို့) တွင် ကျင်းပမည်ဖြစ်ကြောင်း သိရပါသည်။

mandalay convention centre

ထိုပြပွဲတွင် ကုမ္ပဏီ/အရောင်းဆိုင်/သမ တင်ဒါစနစ်ကျောက်လော့တွဲတင်ပို့ရောင်းချသူ/ဝယ်ယူသူများသည် ဧရာဝတီဘဏ်ဖြင့်ချိတ်ဆက်၍ ရောင်းဝယ်မှုပြုကြရမည်ဖြစ်ကြောင်း သိရပါသည်။

ဝယ်ယူခွင့်ရှိလုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာအထောက်အထားများတင်ပြ၍ Deposit ငွေကို ဧရာဝတီဘဏ်စာရင်းနံပါတ် ( 0227105010000038 )သို့ ကြိုတင်ထည့်သွင်းထားနိုင်ပြီး ဧရာဝတီဘဏ်များ နှင့် MCC သိပ္ပံလမ်း ပြပွဲကျင်းပရာနေရာဌာနတို့တွင် 21.10.2019 တနင်္လာနေ့မှစ၍ ဧရာဝတီဘဏ်မှ ဝန်ဆောင်မှုများပေးသွားမည်ဖြစ်ကြောင်း သိရပါသည်။

ထို့အပြင် ကြိုတင်ထည့်သွင်းရမည့် Deposit ပမာဏသည် အနည်းဆုံး သိန်း ၂၀ ဖြစ်ရမည်။ အာမခံစပေါ်ငွေ သိန်း၂၀ ဆိုလျှင် ဝယ်ယူခွင့်ပြုမည့် တန်ဖိုး သိန်း၂၀၀ ဖြစ်ပြီး အာမခံစပေါ်ငွေ သိန်း ၅၀ ဆိုလျှင် ဝယ်ယူခွင့်ပြုမည့်တန်ဖိုး သိန်း ၅၀၀ဖြစ်ပါသည်။

Source : MGJEA-mdy


Read 134 times Last modified on Tuesday, 22 October 2019 11:53
Rate :
(2 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.