Friday, 20 September 2019 17:45

ful

 

မြန်မာနိုင်ငံတွင် ဒိုင်နိုဆော ကျောက်ဖြစ်ရုပ်ကြွင်းများကို ရှာ ဖွေသုတေသနပြုလုပ်ရန် မန္တလေး ရတနာပုံတက္ကသိုလ်နှင့် တရုတ် နိုင်ငံ ယူနန်တက္ကသိုလ်ဘူမိဗေဒ ဌာနမှ ပါမောက္ခများ၊ ပညာရှင်များ နှင့်

ပူးပေါင်းဆောင်ရွက်မည်ဖြစ် ကြောင်း မန္တလေး ရတနာပုံတက္က သိုလ် ပါမောက္ခချုပ် ဒေါက်တာမောင် မောင်နိုင်ပြောကြားချက်အရ စက်တင် ဘာလ ၁၃ ရက်တွင် သိရသည်။

Read More>>> ဘွဲ့ရလူငယ်များအတွက် အခွင့်အလမ်းတွေရရှိနိုင်မယ့် အလုပ်အကိုင်ပြပွဲ

ဒိုင်နိုဆောကျောက်ဖြစ်ရုပ် ကြွင်းများ ရှာဖွေရန် လုပ်ဆောင် ခြင်းမှာ မြန်မာနိုင်ငံနှင့် အိမ်နီး ချင်းနိုင်ငံများဖြစ်သော ထိုင်း နိုင်ငံ နှင့် တရုတ်နိုင်ငံတို့တွင် ဒိုင်နိုဆော များနေထိုင်ခဲ့သည်ကို အသိအ မှတ်ပြုထားပြီး မြန်မာနိုင်ငံတွင် ဒိုင်နိုဆောများနေထိုင်ခဲ့သည်ဟု သက်သေပြနိုင် ခြင်းမရှိသေးသည့်အတွက် သုတေသနပြုရှာ ဖွေရန်စီ စဉ်ခြင်းဖြစ်ကြောင်းသိရသည်။

Read More>>> မန္တလေးမြို့တော် စုပေါင်းအမှိုက်ကောက်ပွဲ (World Clean Up Day 2019)

" မြန်မာနိုင်ငံမှာတွေ့ထားတဲ့ နှစ်သန်း ၂၀၀ ကျော်က ပင်လယ်နေတွားသွား သတ္တဝါဟာဒိုင်နိုဆောတွေထက်တောင် သက်တမ်းကြီးတဲ့အတွက်မြန်မာနိုင်ငံမှာ ဒိုင်နို ဆောတွေ မနေထိုင်ခဲ့ဘူးလို့ ပြောလို့မရပါဘူး။ ဒါကြောင့် ရှာဖွေမှုတွေ လုပ်မှာဖြစ်တယ်။ တွေ့ခဲ့ရင်တော့ သက်သေပြနိုင်မှာဖြစ်တယ်"ဟု ၎င်းကပြောသည်။

Read More>>> အောက်တိုဘာ(၉)ရက်နေ့ထိ ပရိုမိုရှင်းချပေးနေတဲ့ တိုရှီဘာမန္တလေး

ထိုသို့ ဒိုင်နိုဆောကျောက်ဖြစ်ရုပ်ကြွင်းရှာဖွေမှုကို လာမည့် ပညာသင်နှစ်တွင် စတင်ရှာဖွေမည်ဖြစ်ကာ သုတေသန ပြုလုပ်နိုင်ရန်အတွက် သက်ဆိုင်ရာဝန် ကြီးဌာနသို့ တင်ပြထားကြောင်းနှင့် ၂၀၁၈ ခုနှစ်ကတွေ့ရှိခဲ့သော နှစ်သန်း ၂၀၀ ကျော် ပင်လယ်နေ တွားသွားသတ္တဝါ ကျောက်ဖြစ်ရုပ်ကြွင်းသည် ဆက်လက်လုပ်ဆောင်မည့် လုပ်ငန်းများအတွက် အထောက်အကူဖြစ်စေကြောင်း သိရသည်။


Read 89 times Last modified on Saturday, 21 September 2019 16:06
Rate :
(2 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.