နတ်ရိုးရာပွဲနှင့်ပတ်သက် ဆက်နွယ်သူများ၊ အိုးပုတ်နှင့်အခြား အသုံးအဆောင်ပစ္စည်း ရောင်းချသောသူများသည် မင်းကွန်းရှိ ရွှေကျွန်းပင်မောင်နှမ ပွဲတော်အပြီး တောင်ပြုံးပွဲတော်သို့ အကူး လမ်းမှာ ခေတ္တတစ်ထောက်နားခိုကြရင်းမှ ဖြစ်ပေါ်လာသော ပွဲတစ်ခုဘဲ ဖြစ်ပါတယ်။
မန္တလေးမြို့ အိုးဘိုရပ်ကွက် ဧရာဝတီမြစ်ကမ်း နံဘေးတွင် ကျင်းပတာဖြစ်တဲ့ လူသိများတဲ့ ပွဲတော်တစ်ခုဆိုရင် မမှားပါဘူး။ မြေထည်ဖြင့်ပြုလုပ်ထားသောကလေးကစားစရာ အိုးပုတ်၊ ချိုးရုပ်ကလေးများ၊ အိုးခွက်များ၊ စုဘူးများကို ရောင်စုံဆေးပန်းချီရေးချယ်ပြီး ရောင်းချတဲ့ ပွဲဖြစ်ပါတယ်။
ဒါ့ပြင် အခြားပန်းအိုးတွေနဲ့ မီးဖိုချောင်သုံးပစ္စည်းများ၊ စဥ့်ထည်ပစ္စည်းများလည်း ထိုပွဲတော်တွင် ဝယ်ယူရရှိနိုင်ပြီး အိုးပုတ်၊ ချိုးရုပ်ကလေးများမှာ သောင်းနဲ့ချီပြီး ရောင်းချရတယ်လို့လဲ သိရပါတယ်။
နှစ်စဉ်ခြိမ့်ခြိမ့်သဲ ကျင်းပလေ့ရှိတဲ့ တောင်ပြုံးပွဲတော်အကြောင်း
ဥပုသ်နေ့ ညနေပိုင်း တစ်ရက်တည်းသာ ကျင်းပခြင်းဖြစ်ပြီး ပွဲတော်လာ ပရိသတ်များဖြင့် တိုးမပေါက်အောင် အလွန်ပင်စည်ကားလျက်ရှိပါတယ်။
အချို့ကအိုးပုတ်ကလေးများကို မိမိတို့ သားသမီးများအတွက် ပိုက်ဆံပေးဝယ်ယူကြသလို အချို့ လူငယ်တွေကလည်း အိုးပုတ်ခိုးပွဲတော်ဟု အမည်သညာသမုတ်ထားတဲ့ အတိုင်း အပျော်သဘောမျိုး အိုးပုတ်လေးများကို ခိုးယူကြတဲ့အလေ့အထ ရှိပါတယ်။
ရောင်းချသူတွေကလည်း တရားလွန် ခိုးယူခြင်းမဟုတ်ပါက ခွင့်လွှတ်နားလည်ရင်း အပြုံးမျက်နှာများဖြင့်သာ မသိချင်ယောင် ဆောင်နေတတ်ကြသည်မှာ အလွန်ပင် ချစ်စရာကောင်းသော ဓလေ့တစ်ခုဖြစ်ပါတယ်။
အိုးပုတ်ခိုးပွဲတော် ကျင်းပလာသည်မှာနှစ်ပေါင်း တစ်ရာကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ အိုးပုတ်ခိုးပွဲတော်နှင့်အတူ ယှဉ်တွဲပြီးကျောက်ပန်းခွေလေးများလည်းရောင်းချကြတာ ကိုတွေ့ရပါတယ်။
ပွဲတော်အပြန်မှာ ရေမှော်ရနံ့သင်းနေတဲ့ ပန်းခွေလေး ခေါင်းမှာ စွပ်၍ ပြန်ရသည်မှာလည်း ပျော်စရာ အလွန်ကောင်းသော ဓလေ့ပွဲလေးတစ်ခုဖြစ်ပါတယ်။