Monday, 07 September 2015 13:57

sun inside

        

ကျယ်ဝန်းသော အဆောက်အအုံတစ်ခုတည်းတွင် အပေါ်ထပ်နှင့်အောက်ထပ်တွဲပြီး Showroom အရောင်းခန်းမနဲ့ ရုံးလုပ်ငန်းကို စနစ်တကျ အုပ်ချုပ်စီမံထားသောကုမ္ပဏီဖြစ်ပါတယ်။ အဓိက အားဖြင့် ကျောင်း၊ ရုံးတွေအတွက် အထောက်အကူပစ္စည်းတွေ ရောင်းချခြင်းဖြစ်ပြီး တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုခြင်း (Supply) တာဝန်ယူရသလို ကုမ္ပဏီမှ ခံယူချက်ထားတယ်လို့ ပြောပါတယ်။

 

အောက်ထပ် Showroom တွင် ရုံးသုံး၊ ကျောင်းသုံးပစ္စည်းတွေကို ရှာဖွေရလွယ်ကူစေရန် မျိုးတူစုပုံစံဖြင့် စနစ်တကျထားရှိပြီး မိတ္တူကူးစက်များ၊ ကွန်ပျူတာလုပ်ငန်းများ၊ Fax ပို့ခြင်း၊ E-mail ပို့ခြင်းလုပ်ငန်းများဖြင့် မရပ်မနား လုပ်ကိုင်နေတာလည်း တွေ့ခဲ့ရပါတယ်။

 

မူဝါဒမှာ ရုံးသုံးကျောင်းသုံးနဲ့ပတ်သက်ပြီး အစုံဆုံးဖြစ်ရန်နှင့် မှန်ကန်တဲ့ကုမ္ပဏီမှ တိုက်ရိုက်တင်သွင်း ရန်ဖြစ်တာကြောင့် အောက်လမ်းမှဝင်ရောက်သောပစ္စည်းတွေကို ဈေးသက်သာသော်လည်း လာစပ်တိုင်း ၀ယ်ယူခြင်းမရှိ လို့ သိရပါတယ်။ အတုသည် အစစ်နီးပါးတူနိုင်သော်လည်း အရွယ် (Size) နှင့် အရောင် (Color) မှာ ကွာခြားသွားကြောင်း သိရကာ ထိုင်းနိုင်ငံမှ ရုံးသုံးပစ္စည်းအများဆုံးဝင်ကြောင်း၊ အိန္ဒိယနိုင်ငံမှ ဘောပင်၊ ထုံးစံအတိုင်း တရုတ်နိုင်ငံမှ အများဆုံးဝင်ရောက်သော်လည်း ဗီယက်နမ်နိုင်ငံက အရည်အသွေးပို ကောင်းကြောင်း၊ ဂျပန်နိုင်ငံက ပစ္စည်းသည် အရည်အသွေးနှင့် ဈေးနှုန်းသာလွန်ကြောင်း သိခဲ့ရပါတယ်။ ဒါ့အပြင် ကုမ္ပဏီအနေဖြင့် လက်လီ၊လက်ကား ဈေးသတ်မှတ်ထားပြီး အရောက်ပို့စနစ်လည်း ရှိပါတယ်။

 

စက္ကူနှင့် စာရေးကိရိယာ တွေဖြစ်တဲ့ မည်သည့် ရုံးသုံးပစ္စည်းဖြစ်လျှင် ဘတ်ဂျက်မတိုင်မီ ဖေဖော်ဝါရီလ တွင် အများဆုံး ရောင်းရပြီး ကျောင်းသုံးပစ္စည်းဖြစ်လျှင် မေလတစ်လလုံး ညဥ့်နက်သည်အထိ အများဆုံး ရောင်းရပါတယ်။ ဒီအတွက် မတ်လနဲ့ ဧပြီလတွင် ပစ္စည်းလှောင်ရကြောင်းသိရပါတယ်။ အခုဆိုလျှင် မိသားစုပုံစံ (Family Type) မှ ကုမ္ပဏီပုံစံ (Company Type) သို့ ပြောင်းလဲထားရာ ဖွဲ့စည်းပုံ၊ စာရင်းဇယားမှအစ ကွန်ပျူတာထိန်းချုပ်စနစ်အောက်တွင် ထားရှိတယ်လို့ မနလေးမြို့၊ ဆန်းစာရေးကိရိယာမှ သိရပါတယ်။

 

Starting Date: 2005

Opening Hrs:     8 am – 8pm   (Sunday – closed)

Addresses: No. 71, 73 rd Street, Between 29th & 30th Streets, Chan Aye Thar Zan Tsp, Mandalay.

Tel : + 95 (2) 71799, +95 (9) 91004749


Read 4731 times Last modified on Saturday, 02 July 2016 15:43
Rate :
(2 votes)

1 comment

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.