Tuesday, 11 August 2020 17:37
microsoft-store.jpg
 
Photo Credit
 
BY WMMH (Mizzy)
 
(၂၁) ရာစုမွာေတာ့ Laptop ဆိုတာ လူတိုင္းနဲ႔ အကြၽမ္းတဝင္ ျဖစ္လာၿပီး၊ အိမ္တိုင္းလိုလိုမွာ သုံးေလ့ရွိတဲ့ ပစၥည္းတစ္ခု ျဖစ္လာပါတယ္။ ဒါေပမယ့္ Laptop ဝယ္တဲ့အခါ ဘယ္လိုအခ်က္ေတြကို ေ႐ြးဝယ္သင့္လဲ ဆိုတာကို ဂ႐ုစိုက္တတ္ၾကတဲ့သူေတြကေတာ့ နည္းပါတယ္။ 
ကိုယ္တစ္ကယ္သုံးခ်င္တဲ့ Function နဲ႔ ေ႐ြးခ်ယ္ဝယ္ယူထားတဲ့ Laptop ရဲ႕ စြမ္းေဆာင္ရည္ေတြ မကိုက္ညီတဲ့အခါ ေငြအပိုကုန္ၿပီး အက်ိဳးမရွိ ျဖစ္တတ္ပါတယ္ေနာ္။ 
 
ဒါဆိုရင္ Laptop တစ္လုံးဝယ္ဖို႔ စဥ္းစားတဲ့အခါ ဘယ္လိုအခ်က္ေတြအေပၚ မူတည္ၿပီး စဥ္းစားဝယ္ယူသင့္လဲ ဆိုတာကို ေအာက္မွာ ဆက္လက္ေလ့လာၾကည့္ရေအာင္ေနာ္။ 
 
၁။ ဘာအတြက္ သုံးမွာလဲ? 
 
ကိုယ္က ဒီ Laptop ကို ဘယ္လုပ္ငန္းအတြက္ အဓိက သုံးခ်င္တာလဲ ဆိုတာ အရင္ဆုံး စဥ္းစားရပါမယ္။ ဥပမာ သာမန္ စာစီစာ႐ိုက္ ႐ုံးသုံးအတြက္လား၊ ဒီဇိုင္းနဲ႔ Photoshop ေတြအတြက္ သုံးခ်င္တာလား၊ ဂိမ္းအေသးစားေတြ ေဆာ့ခ်င္တာလား၊ Dota , PUBG , Mobile Legend စတဲ့ ခပ္ႀကီးႀကီး ဂိမ္းေတြကို ေဆာ့ခ်င္တာလား၊ Auto Card နဲ႔ Video Editing စတဲ့ အႀကီးစား Software ေတြအထိ သုံးခ်င္တာလား စတာေတြကို အရင္ဆုံးစဥ္းစားပါ။ 
 
Aung-YadanarCar-Spare-Parts--Accessories_0481.png
၂။ ဘယ္ေလာက္တန္ ဝယ္မွာလဲ? 
 
ဒုတိယအခ်က္အေနနဲ႔ ကိုယ္က Laptop တစ္လုံးကို ဘယ္ေလာက္ ဘတ္ဂ်က္သုံးၿပီး ဝယ္ခ်င္တာလဲ ဆိုတာကိုလည္း စဥ္းစားရပါမယ္။ ဥပမာ ကိုယ္က စာဖတ္႐ုံ၊ စာေရး႐ုံဆိုရင္ေတာ့ (၃)သိန္းနဲ႔ ေအာက္ထစ္ ဘတ္ဂ်က္သုံး႐ုံနဲ႔တင္ လုံေလာက္ပါၿပီ။ ဒီဇိုင္းပိုင္းနဲ႔ Photoshop အပိုင္းေတြပါ သုံးခ်င္တယ္ဆိုရင္ေတာ့ (၄)သိန္းကေန (၇)သိန္း အထိ သုံးရပါမယ္။
 
ကိုယ္က ဂိမ္းခပ္ေသးေသးလည္း ေဆာ့ခ်င္တယ္၊ တစ္ျခား Function ေတြလည္း နည္းနည္းစီ လိုက္သုံးခ်င္တယ္ဆိုရင္ေတာ့ ေငြ (၇)သိန္း ကေန (၉)သိန္းၾကားကို သုံးေပးမွ ရပါမယ္။ ကိုယ္က ဂိမ္းအႀကီးစားေတြလည္း ေဆာ့ခ်င္တယ္၊ ဒီဇိုင္းေတြလည္း သုံးခ်င္တယ္၊ Function နဲ႔ Performance ေတြလည္း ေကာင္းခ်င္တယ္ဆိုရင္ေတာ့ ေငြက်ပ္ (၁၀)သိန္းနဲ႔အထက္ကို သုံးႏိုင္ပါတယ္။ 
 
၃။ ေရရွည္သုံးမွာလား၊ ယာယီပဲလား? 
 
တတိယအခ်က္အေနနဲ႔ကေတာ့ ဒီ Laptop ကို ကိုယ္က ခဏပဲ သုံးခ်င္တာလား၊ (၄) (၅) ႏွစ္ ဆက္တိုက္ သုံးခ်င္တာလားဆိုတာ စဥ္းစားရပါမယ္။ ကိုယ္က Laptop သုံးဖို႔လည္း လိုေနၿပီ၊ ဝယ္ဖို႔ေငြလည္း သိပ္မရွိေသးလို႔ ယာယီသုံးမယ့္သေဘာနဲ႔ ဝယ္ၿပီး ေနာက္မွ အျမင့္ ဒါမွမဟုတ္ ဝယ္ဖို႔ ေငြလုံလုံေလာက္ေလာက္ ရွိၿပီး တစ္ခါထဲ အၾကာႀကီး သုံးဖို႔ ဝယ္ခ်င္တာလား၊ ဆိုတာကို ၾကည့္ၿပီး ဝယ္မယ့္အမ်ိဳးအစားကို ေ႐ြးခ်ယ္သင့္ပါတယ္။ 
 
ဒါကေတာ့ မဝယ္ခင္ ႀကိဳတင္စဥ္းစားရမွာေတြပါ။ စၿပီး ဝယ္ေတာ့မယ္ဆိုပါစို႔။ ကိုယ္ဝယ္ယူခ်င္တဲ့ အမ်ိဳးအစားအေပၚမူတည္ၿပီး ေအာက္ပါအခ်က္ေတြကို စုံစမ္းေလ့လာရပါမယ္။ 
 
Brand 
 
Laptop Brand ေတာ္ေတာ္မ်ားမ်ားက သူ႔ပရိတ္သတ္နဲ႔သူ ရွိၿပီးသားမို႔ အႀကိဳက္ေတြလည္း အနည္းငယ္ ကြာဟႏိုင္ပါတယ္။ ဒီထဲမွာမွ လူသိမ်ားၿပီး အၾကမ္းခံတဲ့ Brand တစ္ခ်ိဳ႕ကေတာ့ Lenovo, Dell, HP စတာေတြ ျဖစ္ပါတယ္။ 
 
Display Size
 
Brand ေ႐ြးခ်ယ္ၿပီးရင္ေတာ့ Screen Size ကို ေ႐ြးခ်ယ္ရပါမယ္။ ပုံမွန္ Screen Size ကေတာ့ 15.5” ျဖစ္ပါတယ္။ ကိုယ္လိုခ်င္တဲ့ ဆိုဒ္အေပၚမူတည္ၿပီး အေသး၊ အႀကီး ေ႐ြးခ်ယ္လို႔ ရပါတယ္။ 
 
CPU
 
CPU ဆိုတာကေတာ့ စက္တစ္ခုရဲ႕ လုပ္ေဆာင္ရည္၊ စြမ္းေဆာင္ရည္ကို ကိုယ္စားျပဳပါတယ္။ ဝယ္တဲ့အခါမွာ 6th Gen, 7th Gen, 8th Gen စသျဖင့္ ရွိၿပီးေတာ့ Generation ျမင့္ေလ၊ စြမ္းေဆာင္ရည္ ျမင့္ေလပါပဲ။ CPU မွာေတာ့ အနိမ့္ပိုင္းဆို Pentium , အလယ္အလတ္မွာဆို Dual/ Dual Core, အျမင့္ပိုင္း အုပ္စုမွာေတာ့ Core i3, Core i5, Core i7 စျဖင့္ ရွိပါတယ္။
 
တစ္ခါတစ္ေလမွာ Laptop ၂လုံးက Brand လည္းတူ၊ Dsiplay Size နဲ႔ CPU လည္း တူေနေပမယ့္ ၂ခုယွဥ္လိုက္ရင္ ေဈးအနည္းငယ္ကြာဟေနတာမ်ိဳး ရွိတတ္ပါတယ္။ အဲ့ဒီလို (၂) ခုယွဥ္လာၿပီ ဆိုရင္ေတာ့ Laptop ရဲ႕ ျမန္ႏႈန္း (Clock Speed) ဆိုတာကို ျပန္ၾကည့္ရပါမယ္။ Clock Speed မ်ားေလ စက္ပိုသြက္ေလပါပဲ။ 
Nyein-Thazin-2Furniture-Marts_0664.png
 
Memory 
 
ကိုယ္က သာမန္ အလုပ္အတြက္ပဲ သုံးခ်င္တာမ်ိဳးဆိုရင္‌ေတာ့ 4GB ေလာက္ဆို လုံေလာက္ပါတယ္။ အဲ့လိုမဟုတ္ဘဲ ဂိမ္းေတြလည္း ေဆာ့ခ်င္တယ္၊ အလုပ္အတြက္လည္း သုံးခ်င္တယ္ဆိုရင္‌ေတာ့ 16GB ေလာက္ သုံးရပါမယ္။ 
 
Harddisk 
 
ပုံမွန္ Harddisk တစ္လုံးမွာေတာ့ 500GB, 720GB ေလာက္ ပါဝင္တတ္ပါတယ္။ ဒီထက္မ်ားခ်င္ရင္ေတာ့ 1TB , 2TB စသျဖင့္ ေ႐ြးခ်ယ္ႏိုင္ပါတယ္။ 
 
Graphic 

Graphic Card မွာေတာ့ On Board Graphic နဲ႔ Extra ထပ္စိုက္ရတဲ့ဟာဆိုၿပီး (၂) မ်ိဳးရွိပါတယ္။ Laptop မွာ Original ပါဝင္တဲ့ On Board Graphic ကေတာ့ သာမန္အသုံးျပဳသူေတြအတြက္ပဲ အဆင္ေျပၿပီး ကိုယ္က ဂိမ္းေတြေဆာ့မယ္၊ Software အႀကီးစားေတြလည္း သုံးခ်င္တယ္ဆိုရင္ေတာ့ ကဒ္ထပ္စိုက္ၿပီး သုံးတာက အဆင္ေျပဆုံးပါပဲ။ 
 
ဒီေလာက္ဆိုရင္ေတာ့ Laptop တစ္လုံးဝယ္တဲ့အခါ ဘာေတြၾကည့္သင့္တယ္၊ ဘာေတြ အေျခခံစဥ္းစားသင့္လဲဆိုတာ သိသြားေလာက္ၿပီလို႔ ထင္ပါတယ္။ Laptop ဝယ္ယူရရွိႏိုင္မယ့္ ဆိုင္မ်ားရဲ႕ လိပ္စာနဲ႔ ဖုန္းနံပါတ္မ်ားကိုေတာ့ ေအာက္ပါလင့္ခ္မွာ ၾကည့္ရႈလို႔ ရပါတယ္ေနာ္။ 
 
Source From ICT Hub Computer Training Centre 
================
(၂၁) ရာစုမှာတော့ Laptop ဆိုတာ လူတိုင်းနဲ့ အကျွမ်းတဝင် ဖြစ်လာပြီး၊ အိမ်တိုင်းလိုလိုမှာ သုံးလေ့ရှိတဲ့ ပစ္စည်းတစ်ခု ဖြစ်လာပါတယ်။ ဒါပေမယ့် Laptop ဝယ်တဲ့အခါ ဘယ်လိုအချက်တွေကို ရွေးဝယ်သင့်လဲ ဆိုတာကို ဂရုစိုက်တတ်ကြတဲ့သူတွေကတော့ နည်းပါတယ်။ 
 
ကိုယ်တစ်ကယ်သုံးချင်တဲ့ Function နဲ့ ရွေးချယ်ဝယ်ယူထားတဲ့ Laptop ရဲ့ စွမ်းဆောင်ရည်တွေ မကိုက်ညီတဲ့အခါ ငွေအပိုကုန်ပြီး အကျိုးမရှိ ဖြစ်တတ်ပါတယ်နော်။ 
 
ဒါဆိုရင် Laptop တစ်လုံးဝယ်ဖို့ စဉ်းစားတဲ့အခါ ဘယ်လိုအချက်တွေအပေါ် မူတည်ပြီး စဉ်းစားဝယ်ယူသင့်လဲ ဆိုတာကို အောက်မှာ ဆက်လက်လေ့လာကြည့်ရအောင်နော်။ 
 
၁။ ဘာအတွက် သုံးမှာလဲ? 
 
ကိုယ်က ဒီ Laptop ကို ဘယ်လုပ်ငန်းအတွက် အဓိက သုံးချင်တာလဲ ဆိုတာ အရင်ဆုံး စဉ်းစားရပါမယ်။ ဥပမာ သာမန် စာစီစာရိုက် ရုံးသုံးအတွက်လား၊ ဒီဇိုင်းနဲ့ Photoshop တွေအတွက် သုံးချင်တာလား၊ ဂိမ်းအသေးစားတွေ ဆော့ချင်တာလား၊ Dota , PUBG , Mobile Legend စတဲ့ ခပ်ကြီးကြီး ဂိမ်းတွေကို ဆော့ချင်တာလား၊ Auto Card နဲ့ Video Editing စတဲ့ အကြီးစား Software တွေအထိ သုံးချင်တာလား စတာတွေကို အရင်ဆုံးစဉ်းစားပါ။ 
Aung-YadanarCar-Spare-Parts--Accessories_0481.png
 
၂။ ဘယ်လောက်တန် ဝယ်မှာလဲ? 
 
ဒုတိယအချက်အနေနဲ့ ကိုယ်က Laptop တစ်လုံးကို ဘယ်လောက် ဘတ်ဂျက်သုံးပြီး ဝယ်ချင်တာလဲ ဆိုတာကိုလည်း စဉ်းစားရပါမယ်။ ဥပမာ ကိုယ်က စာဖတ်ရုံ၊ စာရေးရုံဆိုရင်တော့ (၃)သိန်းနဲ့ အောက်ထစ် ဘတ်ဂျက်သုံးရုံနဲ့တင် လုံလောက်ပါပြီ။ ဒီဇိုင်းပိုင်းနဲ့ Photoshop အပိုင်းတွေပါ သုံးချင်တယ်ဆိုရင်တော့ (၄)သိန်းကနေ (၇)သိန်း အထိ သုံးရပါမယ်။
 
ကိုယ်က ဂိမ်းခပ်သေးသေးလည်း ဆော့ချင်တယ်၊ တစ်ခြား Function တွေလည်း နည်းနည်းစီ လိုက်သုံးချင်တယ်ဆိုရင်တော့ ငွေ (၇)သိန်း ကနေ (၉)သိန်းကြားကို သုံးပေးမှ ရပါမယ်။ ကိုယ်က ဂိမ်းအကြီးစားတွေလည်း ဆော့ချင်တယ်၊ ဒီဇိုင်းတွေလည်း သုံးချင်တယ်၊ Function နဲ့ Performance တွေလည်း ကောင်းချင်တယ်ဆိုရင်တော့ ငွေကျပ် (၁၀)သိန်းနဲ့အထက်ကို သုံးနိုင်ပါတယ်။ 
 
၃။ ရေရှည်သုံးမှာလား၊ ယာယီပဲလား? 
 
တတိယအချက်အနေနဲ့ကတော့ ဒီ Laptop ကို ကိုယ်က ခဏပဲ သုံးချင်တာလား၊ (၄) (၅) နှစ် ဆက်တိုက် သုံးချင်တာလားဆိုတာ စဉ်းစားရပါမယ်။ ကိုယ်က Laptop သုံးဖို့လည်း လိုနေပြီ၊ ဝယ်ဖို့ငွေလည်း သိပ်မရှိသေးလို့ ယာယီသုံးမယ့်သဘောနဲ့ ဝယ်ပြီး နောက်မှ အမြင့် ဒါမှမဟုတ် ဝယ်ဖို့ ငွေလုံလုံလောက်လောက် ရှိပြီး တစ်ခါထဲ အကြာကြီး သုံးဖို့ ဝယ်ချင်တာလား၊ ဆိုတာကို ကြည့်ပြီး ဝယ်မယ့်အမျိုးအစားကို ရွေးချယ်သင့်ပါတယ်။ 
 
ဒါကတော့ မဝယ်ခင် ကြိုတင်စဉ်းစားရမှာတွေပါ။ စပြီး ဝယ်တော့မယ်ဆိုပါစို့။ ကိုယ်ဝယ်ယူချင်တဲ့ အမျိုးအစားအပေါ်မူတည်ပြီး အောက်ပါအချက်တွေကို စုံစမ်းလေ့လာရပါမယ်။ 
 
Brand 
 
Laptop Brand တော်တော်များများက သူ့ပရိတ်သတ်နဲ့သူ ရှိပြီးသားမို့ အကြိုက်တွေလည်း အနည်းငယ် ကွာဟနိုင်ပါတယ်။ ဒီထဲမှာမှ လူသိများပြီး အကြမ်းခံတဲ့ Brand တစ်ချို့ကတော့ Lenovo, Dell, HP စတာတွေ ဖြစ်ပါတယ်။ 
 
Display Size
 
Brand ရွေးချယ်ပြီးရင်တော့ Screen Size ကို ရွေးချယ်ရပါမယ်။ ပုံမှန် Screen Size ကတော့ 15.5” ဖြစ်ပါတယ်။ ကိုယ်လိုချင်တဲ့ ဆိုဒ်အပေါ်မူတည်ပြီး အသေး၊ အကြီး ရွေးချယ်လို့ ရပါတယ်။ 
 
CPU
 
CPU ဆိုတာကတော့ စက်တစ်ခုရဲ့ လုပ်ဆောင်ရည်၊ စွမ်းဆောင်ရည်ကို ကိုယ်စားပြုပါတယ်။ ဝယ်တဲ့အခါမှာ 6th Gen, 7th Gen, 8th Gen စသဖြင့် ရှိပြီးတော့ Generation မြင့်လေ၊ စွမ်းဆောင်ရည် မြင့်လေပါပဲ။ CPU မှာတော့ အနိမ့်ပိုင်းဆို Pentium , အလယ်အလတ်မှာဆို Dual/ Dual Core, အမြင့်ပိုင်း အုပ်စုမှာတော့ Core i3, Core i5, Core i7 စဖြင့် ရှိပါတယ်။
 
တစ်ခါတစ်လေမှာ Laptop ၂လုံးက Brand လည်းတူ၊ Dsiplay Size နဲ့ CPU လည်း တူနေပေမယ့် ၂ခုယှဉ်လိုက်ရင် ဈေးအနည်းငယ်ကွာဟနေတာမျိုး ရှိတတ်ပါတယ်။ အဲ့ဒီလို (၂) ခုယှဉ်လာပြီ ဆိုရင်တော့ Laptop ရဲ့ မြန်နှုန်း (Clock Speed) ဆိုတာကို ပြန်ကြည့်ရပါမယ်။ Clock Speed များလေ စက်ပိုသွက်လေပါပဲ။ 
Nyein-Thazin-2Furniture-Marts_0664.png
 
Memory 
 
ကိုယ်က သာမန် အလုပ်အတွက်ပဲ သုံးချင်တာမျိုးဆိုရင်‌တော့ 4GB လောက်ဆို လုံလောက်ပါတယ်။ အဲ့လိုမဟုတ်ဘဲ ဂိမ်းတွေလည်း ဆော့ချင်တယ်၊ အလုပ်အတွက်လည်း သုံးချင်တယ်ဆိုရင်‌တော့ 16GB လောက် သုံးရပါမယ်။ 
 
Harddisk 
 
ပုံမှန် Harddisk တစ်လုံးမှာတော့ 500GB, 720GB လောက် ပါဝင်တတ်ပါတယ်။ ဒီထက်များချင်ရင်တော့ 1TB , 2TB စသဖြင့် ရွေးချယ်နိုင်ပါတယ်။ 
 
Graphic 
 
Graphic Card မှာတော့ On Board Graphic နဲ့ Extra ထပ်စိုက်ရတဲ့ဟာဆိုပြီး (၂) မျိုးရှိပါတယ်။ Laptop မှာ Original ပါဝင်တဲ့ On Board Graphic ကတော့ သာမန်အသုံးပြုသူတွေအတွက်ပဲ အဆင်ပြေပြီး ကိုယ်က ဂိမ်းတွေဆော့မယ်၊ Software အကြီးစားတွေလည်း သုံးချင်တယ်ဆိုရင်တော့ ကဒ်ထပ်စိုက်ပြီး သုံးတာက အဆင်ပြေဆုံးပါပဲ။ 
 
ဒီလောက်ဆိုရင်တော့ Laptop တစ်လုံးဝယ်တဲ့အခါ ဘာတွေကြည့်သင့်တယ်၊ ဘာတွေ အခြေခံစဉ်းစားသင့်လဲဆိုတာ သိသွားလောက်ပြီလို့ ထင်ပါတယ်။ Laptop ဝယ်ယူရရှိနိုင်မယ့် ဆိုင်များရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်များကိုတော့ အောက်ပါလင့်ခ်မှာ ကြည့်ရှုလို့ ရပါတယ်နော်။ 
 
 
Source From ICT Hub Computer Training Centre 

Read 114 times Last modified on Tuesday, 11 August 2020 17:58
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.