Monday, 10 August 2020 11:29

Aircon_my_mdy.jpg

 

By Jae

 

လူအများစုက အဲယားကွန်းတပ်ဆင်တော့မယ်ဆိုရင် ဈေးနှုန်းအနေအထားနဲ့ စက်ရဲ့ ခံနိုင်ရည်အားကို ကြည့်ပြီး  ဝယ်ယူတတ်ကြပါတယ်။ ပုံမှန်အားဖြင့် စနစ်တကျ တွက်ချက်ပြီးမှ အဲယားကွန်းတလုံးကို ဝယ် ယူသင့်ပါတယ်။

 

အဲယားကွန်းကို စနစ်တကျ တွက်ချက်သင့်တဲ့ အချက်တွေကတော့  မိမိရဲ့ အခန်းအကျယ်နဲ့ အဲယားကွန်းရဲ့ စွမ်းဆောင်ရည်ကို  အချိုးကျ ပြန်ကြည့်ပြီးမှ မိမိဝယ်ယူမယ့် အမှတ်တံဆိပ်နဲ့  ဈေးနှုန်းကို ဝယ်ယူရမှာ ဖြစ်ပါတယ်။

 

Yaung-Pyan-Shwe-MannBags-Penang_0176.png

 

အခန်းအကျယ်ကို လုံလုံလောက်လောက် အအေးဓာတ်မပေးနိုင်တဲ့  အဲယားကွန်းကို ဝယ်မိရင် အဆင်မပြေနိုင်သလို အခန်းကျဉ်းကျဉ်းမှာ  စွမ်းဆောင်ရည်မြင့်တဲ့  အဲယားကွန်းကို ဝယ်မိရင်လည်း  အအေးဓာတ်များနေတာကြောင့်  အမြဲအပူချိန် တင်ပြီး ဖွင့်နေရမှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်နေတာက ရေရှည်မှာ ကျန်းမာရေးအတွက် ကောင်းမှာမဟုတ်ပါဘူး။ 

 

အဲယားကွန်းဝယ်ရင် ပထမဆုံး စနစ်တကျ တွက်ချက်သင့်တဲ့ အချက်ကတော့ British Thermal Unit ဆိုတဲ့ BTU ဖြစ်ပါတယ်။ အအေးဓာတ် ထုတ်လွှတ်ပေးနိုင်မှုနှုန်းကို BTU နဲ့ တိုင်းတာပါတယ်။ ပုံမှန်အားဖြင့် တွက်ချက်မယ်ဆိုရင် မိမိ အသုံးပြုမယ့်အခန်း အကျယ်အဝန်းကို တွက်ချက်ပြီး အဲယားကွန်းရဲ့ BTUနဲ့  ဝယ်ယူရမှာ ဖြစ်ပါတယ်။ 

 

မိမိသုံးမယ့် အခန်းအကျယ်အဝန်းကို စတုရန်းပေ ရအောင် တွက်လိုက်ပါ။  (၁ဝ) ပေ ပတ်လည် အိပ်ခန်းအတွက် အဲယားကွန်းတစ်လုံး ထားမယ်ဆိုရင်  အဲ့ဒီအိပ်ခန်းရဲ့ စတုရန်းပေက  (၁၀၀) စတုရန်းပေ ဖြစ်ပါလိမ့်မယ်။  ပေ (၂၀) ပတ်လည်ဧည့်ခန်းမှာ  အဲယားကွန်းတပ်ဆင်မယ်ဆိုရင်တော့ ဧည့်ခန်းရဲ့ စတုရန်းပေက  (၄၀၀) အထိ ရှိလာမှာ ဖြစ်ပါတယ်။ 

 

မှတ်သားထားရမယ့်  အချက်တွေကတော့  စတုရန်းပေ (၁၅၀) ကနေ  (၃၅ဝ) အကြား ဆိုရင် BTU (၅ဝဝဝ) ကနေ ၈ဝဝဝအတွင်းရှိ အဲယားကွန်းတပ်ရင် အဆင်ပြေပါတယ်။ စတုရန်းပေ (၃၅၀) ကနေ  (၅၅ဝ) အကြားရှိရင်တော့ BTU (၈ဝဝဝ) မှ (၁၂၀၀၀) အတွင်းရှိ အဲယားကွန်းကို သုံးလို့ရပါတယ်။ 

 

Mya-SabalCar-Tyres--Tubes-Dealers_0390.png

အခန်းအကျယ်အဝန်း (၁၀၅၀) စတုရန်းပေ ကနေ (၁၆၀၀) စတုရန်းပေ အတွင်းဆိုရင်တော့  BTU (၁၈၅ဝဝ) မှ (၂၅ဝဝဝ) အတွင်းရှိ အဲယားကွန်းကို တပ်ဆင်သင့်ပါတယ်။ စတုရန်းပေ (၁၆၀၀) ထက် ပိုမို ကျယ်ဝန်းတဲ့ အခန်းရင်တော့ BTU (၁၈၅၀၀) ရှိတဲ့ အဲယားကွန်း (၂)လုံးကို ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ 

 

အဲယားကွန်း ဝယ်ယူတော့မယ်ဆိုရင် လေအေးဖြန့်ကျက်နိုင်မှု၊ စိုထိုင်းဆ၊ အဲယားကွန်းစနစ် သန့်ရှင်းနိုင်မှု လွယ်ကူခြင်း၊ အရည်အသွေး၊ ရေရှည်စိတ်ချရမှုနဲ့ ဈေးနှုန်းများကို အသေးစိတ်ကြည့်ရှုကာ ဝယ်ယူနိုင်ပါတယ်။ 

 

Source from Summit Air conditioner 

====================

လူအမ်ားစုက အဲယားကြန္းတပ္ဆင္ေတာ့မယ္ဆိုရင္ ေဈးႏႈန္းအေနအထားနဲ႔ စက္ရဲ႕ ခံႏိုင္ရည္အားကို ၾကည့္ၿပီး ဝယ္ယူတတ္ၾကပါတယ္။ ပုံမွန္အားျဖင့္ စနစ္တက် တြက္ခ်က္ၿပီးမွ အဲယားကြန္းတလုံးကို ဝယ္ ယူသင့္ပါတယ္။

အဲယားကြန္းကို စနစ္တက် တြက္ခ်က္သင့္တဲ့ အခ်က္ေတြကေတာ့ မိမိရဲ႕ အခန္းအက်ယ္နဲ႔ အဲယားကြန္းရဲ႕ စြမ္းေဆာင္ရည္ကို အခ်ိဳးက် ျပန္ၾကည့္ၿပီးမွ မိမိဝယ္ယူမယ့္ အမွတ္တံဆိပ္နဲ႔ ေဈးႏႈန္းကို ဝယ္ယူရမွာ ျဖစ္ပါတယ္။

Yaung-Pyan-Shwe-MannBags-Penang_0176.png

အခန္းအက်ယ္ကို လုံလုံေလာက္ေလာက္ အေအးဓာတ္မေပးႏိုင္တဲ့ အဲယားကြန္းကို ဝယ္မိရင္ အဆင္မေျပႏိုင္သလို အခန္းက်ဥ္းက်ဥ္းမွာ စြမ္းေဆာင္ရည္ျမင့္တဲ့ အဲယားကြန္းကို ဝယ္မိရင္လည္း အေအးဓာတ္မ်ားေနတာေၾကာင့္ အၿမဲအပူခ်ိန္ တင္ၿပီး ဖြင့္ေနရမွာ ျဖစ္ပါတယ္။ ဒီလိုျဖစ္ေနတာက ေရရွည္မွာ က်န္းမာေရးအတြက္ ေကာင္းမွာမဟုတ္ပါဘူး။

အဲယားကြန္းဝယ္ရင္ ပထမဆုံး စနစ္တက် တြက္ခ်က္သင့္တဲ့ အခ်က္ကေတာ့ British Thermal Unit ဆိုတဲ့ BTU ျဖစ္ပါတယ္။ အေအးဓာတ္ ထုတ္လႊတ္ေပးႏိုင္မႈႏႈန္းကို BTU နဲ႔ တိုင္းတာပါတယ္။ ပုံမွန္အားျဖင့္ တြက္ခ်က္မယ္ဆိုရင္ မိမိ အသုံးျပဳမယ့္အခန္း အက်ယ္အဝန္းကို တြက္ခ်က္ၿပီး အဲယားကြန္းရဲ႕ BTUနဲ႔ ဝယ္ယူရမွာ ျဖစ္ပါတယ္။

မိမိသုံးမယ့္ အခန္းအက်ယ္အဝန္းကို စတုရန္းေပ ရေအာင္ တြက္လိုက္ပါ။ (၁ဝ) ေပ ပတ္လည္ အိပ္ခန္းအတြက္ အဲယားကြန္းတစ္လုံး ထားမယ္ဆိုရင္ အဲ့ဒီအိပ္ခန္းရဲ႕ စတုရန္းေပက (၁၀၀) စတုရန္းေပ ျဖစ္ပါလိမ့္မယ္။ ေပ (၂၀) ပတ္လည္ဧည့္ခန္းမွာ အဲယားကြန္းတပ္ဆင္မယ္ဆိုရင္ေတာ့ ဧည့္ခန္းရဲ႕ စတုရန္းေပက (၄၀၀) အထိ ရွိလာမွာ ျဖစ္ပါတယ္။

မွတ္သားထားရမယ့္ အခ်က္ေတြကေတာ့ စတုရန္းေပ (၁၅၀) ကေန (၃၅ဝ) အၾကား ဆိုရင္ BTU (၅ဝဝဝ) ကေန ၈ဝဝဝအတြင္းရွိ အဲယားကြန္းတပ္ရင္ အဆင္ေျပပါတယ္။ စတုရန္းေပ (၃၅၀) ကေန (၅၅ဝ) အၾကားရွိရင္ေတာ့ BTU (၈ဝဝဝ) မွ (၁၂၀၀၀) အတြင္းရွိ အဲယားကြန္းကို သုံးလို႔ရပါတယ္။

Mya-SabalCar-Tyres--Tubes-Dealers_0390.png

အခန္းအက်ယ္အဝန္း (၁၀၅၀) စတုရန္းေပ ကေန (၁၆၀၀) စတုရန္းေပ အတြင္းဆိုရင္ေတာ့ BTU (၁၈၅ဝဝ) မွ (၂၅ဝဝဝ) အတြင္းရွိ အဲယားကြန္းကို တပ္ဆင္သင့္ပါတယ္။ စတုရန္းေပ (၁၆၀၀) ထက္ ပိုမို က်ယ္ဝန္းတဲ့ အခန္းရင္ေတာ့ BTU (၁၈၅၀၀) ရွိတဲ့ အဲယားကြန္း (၂)လုံးကို ထည့္သြင္း အသုံးျပဳႏိုင္ပါတယ္။

အဲယားကြန္း ဝယ္ယူေတာ့မယ္ဆိုရင္ ေလေအးျဖန႔္က်က္ႏိုင္မႈ၊ စိုထိုင္းဆ၊ အဲယားကြန္းစနစ္ သန႔္ရွင္းႏိုင္မႈ လြယ္ကူျခင္း၊ အရည္အေသြး၊ ေရရွည္စိတ္ခ်ရမႈနဲ႔ ေဈးႏႈန္းမ်ားကို အေသးစိတ္ၾကည့္ရႈကာ ဝယ္ယူႏိုင္ပါတယ္။

Source from Summit Air conditioner


Read 128 times Last modified on Monday, 10 August 2020 11:53
Rate :
(0 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.