Tuesday, 11 February 2020 13:35
the-rock-gastro-bar_1.jpg
ပိတ်လှောင်ထားတဲ့ မွန်းကြပ်မှုတွေထဲကပဲ ရုန်းထွက်ချင်လို့ပဲဖြစ်ဖြစ်၊ ပိတ်ရက်ရောက်လို့ သူငယ်ချင်းတွေနဲ့ပဲ အတူတူ ပျော်ရွှင်ဖို့အတွက် သွားချင်လို့ပဲဖြစ်ဖြစ်၊ ဒါမဟုတ် လုပ်ငန်းကိစ္စတွေကို ဆွေးနွေးချင်လို့ပဲဖြစ်ဖြစ် Bar ကိုသွားကြမယ့် ဘော်ဘော်တွေအတွက် ချမ်းအေးသာစံမြို့နယ်မှာရှိတဲ့ Bar တွေကို ဝေမျှပေးလိုက်ပါတယ်။
၁။ Texas Bar & BBQ
Texas Bar & BBQ ဟာဆိုရင် Country စတိုင် Theme လေးလဲ ရှိရတယ်။ သောက်စရာတွေကလည်း အမျိုးအမယ်စုံလင်စွာရှိတဲ့အပြင် အစားအသောက်တွေကလည်း စုံလင်တာမို့ လူကြိုက်များလှပါတယ်။ နောက်ထပ် ဓာတ်ပုံရိုက်ဖို့အတွက် အထာကျကျနေရာလေးတွေလည်း ပေါများတဲ့အပြင် Bar ရဲ့ Special Menu ဖြစ်တဲ့ Cowboy ဟင်းပွဲတွေကို စားသုံးရင်း Cowboy Style ပုံစံအသစ် ခံစားမှုအသစ်တွေကိုပါ ရရှိစေနိုင်မယ့် Texas Bar & BBQ ကိုသွားချင်တဲ့ ဘော်ဘော်တွေအတွက် လိပ်စာနဲ့ ဖုန်းနံပါတ်လေးတွေကို ပြောပြပေးမယ်နော်။ လိပ်စာကတော့ ၃ဝလမ်း၊ ၅၈လမ်း နှင့် ၅၉လမ်း ကြား၊ ကံကောက်၊ ချမ်းအေးသာစံမြို့နယ်ဖြစ်ပြီးတော့ ဖုန်းနံပါတ်တွေကတော့ 09-777222850, 09-777222860 တို့ပဲဖြစ်ပါတယ်။
၂။ The Tree House Cafe & Bar
သူငယ်ချင်းတွေ၊ ချစ်ခင်ရတဲ့သူတွေနဲ့ အေးအေးဆေးဆေးလေးထိုင်ပြီး Beer လေးသောက်ရင်း BBQ စားချင်တဲ့သူတွေအတွက် နေလို့ကောင်းတဲ့ The Tree House Cafe & Bar ကိုသွားချင်တဲ့ ဘော်ဘော်တွေအတွက် လိပ်စာနဲ့ ဖုန်းနံပါတ်လေးတွေကို ပြောပြပေးမယ်နော်။ လိပ်စာကတော့ ၃၃လမ်း၊ ၆၈လမ်း နှင့် ၆၉လမ်း ကြား၊ ပတ်ကုန်းပျော်ဘွယ်၊ ချမ်းအေးသာစံမြို့နယ်ဖြစ်ပြီးတော့ ဖုန်းနံပါတ်တွေကတော့ 09-774977702, 09-797168802 တို့ပဲဖြစ်ပါတယ်။
၃။ The Rock Gastro Bar
ဘော်ဒါတွေနဲ့ beer သောက်ရင်း unplugged နားထောင်ကာ တန်းဖိုးရှိလှတဲ့ ညနေခင်းကို ရိုးရိုးရှင်းရှင်း၊ ပျော်ပျော်ပါးပါးဖြတ်သန်းချင်တယ်ဆိုရင်တော့ The Rock Gastro Bar ကို မေ့ထားလို့မရပါဘူး။ ဒီတော့ The Rock Gastro Bar ကိုသွားချင်တဲ့ ဘော်ဘော်တွေအတွက် လိပ်စာနဲ့ ဖုန်းနံပါတ်လေးတွေကို ပြောပြပေးမယ်နော်။ လိပ်စာကတော့ အမှတ် ဘီ-၇၊ ၈၊ ၃၂လမ်း နှင့် ၃၃လမ်း ကြား၊ ရရလမ်း နှင့် ၇၈လမ်း ကြား၊ က ဉ္စနမဟီ၊ ချမ်းအေးသာစံမြို့နယ်ဖြစ်ပြီးတော့ ဖုန်းနံပါတ်တွေကတော့ 09-458786661, 09-766942741 တို့ပဲဖြစ်ပါတယ်။
Read More>>>Valentine's Day မှာ ချစ်သူနဲ့အတူဖြတ်သန်းဖို့ အကောင်းဆုံးနေရာ(၅)ခု
၄။ Paradise KTV & Bar
ကျယ်ဝန်းသော Car parking၊ ဈေးနှုန်းအထူးသက်သာသော အခန်းခနှင့်သန့်ရှင်းသပ်ရပ်သော အခန်းဖွဲ့စည်းမှု၊ အာမခံအပြည့်ရှိသောယမကာရောင်းချမူ၊ BMB karaoke speaker များတပ်ဆင်ထားသောကြောင့် ကောင်းမွန်သော Audio sound system အစရှိသောပြည့်စုံမှုတို့ရှိတဲ့ Paradise KTV & Bar ကိုသွားချင်တဲ့ ဘော်ဘော်တွေအတွက် လိပ်စာနဲ့ ဖုန်းနံပါတ်လေးတွေကို ပြောပြပေးမယ်နော်။ လိပ်စာကတော့ ၃၅လမ်း၊ ၅၃လမ်း နှင့် ၅၄လမ်း ကြား၊ ရွှေယဉ်မွန်ရပ်၊ ကံကောက်၊ ချမ်းအေးသာစံမြို့နယ်ဖြစ်ပြီးတော့ ဖုန်းနံပါတ်တွေကတော့ 09-260005557, 09-960005557, 09-780005557 တို့ပဲဖြစ်ပါတယ်။
၅။ D.O.S.E
သစ်လွင်ဆန်းသစ်သော Cocktail များ၊ စျေးသင့် အရသာရှိလှသော Food Menu နှင့် DOSE မှာသာ ရနိုင်သော ကမ္ဘာကျော် FUMO Hookah (shisha) တို့တွေနဲ့ပြည့်နှက်နေတဲ့ D.O.S.E ကိုသွားချင်တဲ့ ဘော်ဘော်တွေအတွက် လိပ်စာနဲ့ ဖုန်းနံပါတ်လေးတွေကို ပြောပြပေးမယ်နော်။ လိပ်စာကတော့ အမှတ် ၇၄၆၊ ၇၁လမ်း၊ ၃ဝလမ်း နှင့် ၃၁လမ်း ကြား၊ ရန်မျိုးလုံ၊ ချမ်းအေးသာစံမြို့နယ်ဖြစ်ပြီးတော့ ဖုန်းနံပါတ်ကတော့ 09-788882777 ပဲဖြစ်ပါတယ်။
၆။ BONES BAR
Shisha မျိုးစုံ၊ သောက်စရာ အမယ်မျိုးစုံနဲ့ လန်းချင်တိုင်းလန်းလို့ရတဲ့ BONES BAR ကိုသွားချင်တဲ့ ဘော်ဘော်တွေအတွက် လိပ်စာနဲ့ ဖုန်းနံပါတ်လေးတွေကို ပြောပြပေးမယ်နော်။ လိပ်စာကတော့ ၇၁လမ်း၊ ၃၃လမ်း နှင့် ၃၄လမ်း ကြား၊ ရန်မျိုးလုံ၊ ချမ်းအေးသာစံမြို့နယ်ဖြစ်ပြီးတော့ ဖုန်းနံပါတ်တွေကတော့ 09-963218866, 09-973037401 တို့ပဲဖြစ်ပါတယ်။
My Mandalay
Zawgyi
၁။ Texas Bar & BBQ
၂။ The Tree House Cafe & Bar
၃။ The Rock Gastro Bar
၎။ Paradise KTV & Bar
၅။ D.O.S.E
၆။ BONES BAR
My Mandalay
Read 222 times
Rate :
(16 votes)
Related items
Leave a comment
Make sure you enter the (*) required information where indicated. HTML code is not allowed.