Friday, 21 June 2019 14:09

brightburn-e1557956997665.jpg

Brightburn ရုပ်ရှင်ဇာတ်ကားကို မြို့ကြီးအများအပြားရှိ ရုပ်ရှင်ရုံများ၌ ဇွန် ၂ဝ ရက်မှ စတင်ကာ ပြသထားသည်။

ယင်းဇာတ်ကားကို မေ၂၄ ရက်မှ စတင်ကာ နိုင်ငံအများအပြား၌ ရုံတင်ပြသခဲ့ပြီး ဇွန် ၁ဝ ရက် ကမ္ဘာတစ်လွှား လက်မှတ်ရောင်းချရမှုမှ ဝင်ငွေ ဒေါ်လာ ၂၆ သန်းကျော် အထိရရှိခဲ့ပြီဖြစ်သည်ဟု သိရသည်။

ဇာတ်လမ်းအကျဉ်းကို ဖော်ပြရလျှင် ကမ္ဘာမြေပေါ်သို့ အခြားသော ဂြိုဟ်တစ်ခုမှ ယာဉ်ပျံတစ်ခု ပျက်ကျလာခဲ့သည်။ အဆိုပါ ယာဉ်ပျံပျက်ကျမှု အတွင်းမှ ကလေးငယ်တစ်ဦး အသက်ရှင်လျက်ပါလာခဲ့သည်။

အဆိုပါကလေးငယ်သည် ကမ္ဘာမြေပေါ်၌ လူသားများနှင့်အတူ လူသားတစ်ဦးအသွင် နေထိုင်ခဲ့သော်လည်း သူ့တွင်ရှိသည့် အစွမ်းများသည် ပတ်ဝန်းကျင်မှ လူသားအားအကျိုးမပြုသည့်အပြင် ရက်စက်လွန်းသည့် အပြု အမူများသာ လုပ်ဆောင်နေရာမှ ဖြစ်ပေါ်လာသည်များကို စိတ်လှုပ်ရှားဖွယ် ရိုက်ကူးထားခြင်းဖြစ်သည်။

Brightburn ရုပ်ရှင်ဇာတ်ကားက ဒါရိုက်တာ David Yarovesky ရိုက်ကူးပြီး Elizabeth Banks, David Denman, Jackson A. Dunn တို့အဓိကပါဝင်ထားသည်။

ယင်းဇာတ်ကားကို ရန်ကုန်မြို့ရှိ နေပြည်တော်၊ မင်္ဂလာ ( စံပြ၊ ဂမုန်းပွင့်၊ စိန်ဂေဟာ တာမွေ၊ မြောက်ဥက္ကလာ၊ Gold Class) ၊ JCGV ၊ ကန်သာယာ ၊ Capital ရုံများ၊ မန္တလေးရှိ JCGV ၊ မင်္ဂလာ(ဒိုင်းမွန်း၊ စင်တာပွိုင့်) နှင့် ပြည်၊ တောင်ကြီး၊ မုံရွာမြို့များရှိ ရုပ်ရှင်ရုံများ၌ ပြသထားသည်။

Source daily eleven

Read more >>>၁၀ ရက် အတွင်း မန္တလေး ရွှေဈေး ၄၂,၀၀၀ ကျပ်ထိ မြင့်တက်လာနေ

 


Read 244 times Last modified on Friday, 21 June 2019 16:22
Rate :
(0 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.