Saturday, 15 June 2019 11:30

mumbai.jpg
Man In Black: International (3D) ရုပ်ရှင်ဇာတ်ကားကို ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးအများအပြားရှိ ရုပ်ရှင်ရုံများ၌ ဇွန် ၁၃ ရက်မှ စတင်ကာ နိုင်ငံတကာနှင့်တစ်ပြေးညီ ရုံတင်ပြသနေပြီဖြစ်သည်။

Man In Black: International (3D) ရုပ်ရှင်ဇာတ်ကားသည် ကမ္ဘာတစ်ဝန်း အောင်မြင်မှုများစွာရရှိခဲ့သည့် MIB ဇာတ်ကားများ၏ လေးကားမြောက်ဇာတ်ကားဖြစ်သည်။

ယင်းဇာတ်ကားကို အမေရိကန်နိုင်ငံ အပါအဝင် နိုင်ငံအများအပြား၌ ဇွန် ၁၄ ရက်မှစတင်ကာ ရုံတင်ပြသနေခြင်းဖြစ်သည်။

ဇာတ်လမ်းအကျဉ်းကို ဖော်ပြရလျှင် ကမ္ဘာမြေပေါ်သို့ အကြောင်းအမျိုးမျိုး ပုံစံအမျိုးမျိုးဖြင့် ဂြိုဟ်သားများရောက်ရှိလာမှုကို စောင့်ကြည့်ရန်နှင့် ယင်းဂြိုဟ်သားများ၏ နေထိုင်မှုနှင့် အန္တရာယ်ပြုမှုများမှ ကာကွယ်ရန်အတွက် Man In Black အဖွဲ့ကို ကမ္ဘာပေါ်တွင် လျှို့ဝှက်ဖွဲ့စည်းထားခြင်းဖြစ်သည်။

လန်ဒန်အခြေစိုက် MIB စခန်းသို့ သွက်လက်ထက်မြက်သည့် အမျိုးသမီးတစ်ဦးရောက်ရှိလာပြီးနောက် ၄င်းအမျိုးသမီးသည် အေးဂျင့်တစ်ဦးအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။

အေးဂျင့် M သည် ဝါရင့်အေးဂျင့်တစ်ဦးဖြစ်သူ T ၏ လမ်းညွှန်သွန်သင်မှုများနှင့်အတူ အေးဂျင့် H နှင့်တွဲဖက်ကာ တာဝန်ထမ်းဆောင်ခဲ့ရသည်။

အေးဂျင့် M နှင့် H တို့နှစ်ဦး အန္တရာယ်ရှိနိုင်သည့် ဂြိုဟ်သားများရန်မှ ကမ္ဘာကိုကာကွယ်ရင်း အကြီးမားဆုံးပြဿနာတစ်ရပ်နှင့် ရင်ဆိုင်ခဲ့ရပြီးနောက် ဖြစ်ပေါ်လာသည်များကို စိတ်ဝင်စားဖွယ် ရိုက်ကူးထားခြင်းဖြစ်သည်။

Man In Black: International (3D) ရုပ်ရှင်ကို ဒါရိုက်တာ F.Gary Gary ရိုက်ကူးပြီး Chris Hemsworth, Tessa Thompson, Rebecca Ferguson, Emma Thompson, Liam Neeson တို့အဓိကပါဝင်ထားသည်။

ယင်းဇာတ်ကားကို ရန်ကုန်မြို့ရှိ နေပြည်တော် ၊ Mingalar Gold Class၊ မင်္ဂလာစံပြ၊ မင်္ဂလာ(ဂမုန်းပွင့်၊ မြောက်ဥက္ကလာ၊ တာမွေ၊ စိန်ဂေဟာ)၊ Capital Mega Ace၊ JCGV ရုပ်ရှင်ရုံများ၊
မန္တလေးမြို့ရှိ မင်္ဂလာ (ဒိုင်းမွန်း၊ စင်တာပွိုင့်) တို့အပြင် ပြည်မြို့ရှိ မင်္ဂလာထွန်းသီရိ၊ တောင်ကြီးမြို့ရှိ City Square တို့တွင် ပြထားထားသည်။

Source daily eleven

Read more >>> "ဆယ်တန်းအလွန် အနာဂတ်ပညာရေးရွေးချယ်ခြင်း" ဆိုင်ရာ အခမဲ့ ဆွေးနွေးပွဲ

 


Read 240 times Last modified on Saturday, 15 June 2019 14:18
Rate :
(0 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.