Saturday, 25 May 2019 12:57

aladin.jpeg

Aladdin (3D) ရုပ်ရှင်ဇာတ်ကားကို ရန်ကုန်၊ မန္တလေးအပါအဝင်မြို့ကြီး အများအပြားရှိ ရုပ်ရှင်ရုံများ၌ မေ ၂၃ ရက်မှစတင်ကာ နိုင်ငံတကာနှင့်တစ်ပြေးညီ ရုံတင်ပြသနေပြီ ဖြစ်ပါတယ်။

အာလာဒင်သည် အရှေ့အလယ်ပိုင်းဒေသ၏ ရိုးရာပုံပြင်တစ်ပုဒ်ဖြစ်ပြီး ၁၉၉၂ ခုနှစ်တွင် Walt Disney က ကာတွန်းဇာတ်ကားအဖြစ်ရိုက်ကူးခဲ့ကာ အောင်မြင်မှုများ စွာရရှိခဲ့သည့် ဇာတ်ကားဖြစ်သည်။

Aladdin ဟာ Disney ရဲ့ လက်ရှိအချိန်ထိ ထွက်ထားသမျှ live-action ဇာတ်ကားတွေထဲမှာ အကောင်းဆုံးဖြစ်တယ်။

ရှေ့မှာထွက်ထားခဲ့တဲ့ A Wrinkle In Time (2018), The Nutcracker And The Four Realms (2018), Dumbo (2019) တို့လို အနည်းငယ် ငြီးငွေ့ဖွယ်ကောင်းတဲ့ ဇာတ်မျိုးကခွဲထွက်ပြီး စိတ်ဝင်စားဖွယ်ရိုက်ကူးထားခြင်း ဖြစ်တယ်။

Disney ရဲ့ classic တေးသွားမြောက်များစွာကို ဖန်တီးခဲ့တဲ့ ပညာရှင်ကြီး Alan Menken ကိုယ်တိုင်ကပဲ ယခုဇာတ်ကားရဲ့ ဂီတတွေကို တစ်မျိုးတစ်ဖုံ ပြန်လည်ဆန်းသစ်ပေးထားတာ တွေ့ရပါတယ်။

အာလာဒင်ရဲ့ ဇာတ်လမ်းအကျဉ်းကို ဖော်ပြရရင် အာလာဒင်သည် ငယ်စဉ်ဘဝတည်းက ဖခင်ဖြစ်သူ နောက်အိမ်ထောင်ပြုကာ မိသားစုကိုပြစ်သွားခဲ့သည့်အတွက် မိခင်နှင့်အတူ ချို့တဲ့စွာနေထိုင်ခဲ့ရသည်။

ထို့ပြင် အာလာဒင်ကလေးငယ်ဘဝမှာပင် မိခင်ဖြစ်သူမှာလည်း ဓားပြများကြောင့်သေဆုံးခဲ့ရပြီး အခြားသောစောင့်ရှောက်သူများကြောင့် အသက်ဆက်ရှင်ခဲ့ရသော်လည်း ချို့တဲ့ နွမ်းပါးစွာနေထိုင်ကြီးပြင်းခဲ့ရသူဖြစ်သည်။

လမ်းဘေးတွင် အသက်ရှင်သန်ရေးအတွက် အစားအသောက်များ ရှာဖွေစားရင်း ပန်းသီးတစ်လုံးအား ခိုးယူမိသည့်အတွက် ဘုရင့်အကျဉ်းတိုက်တွင် ဖမ်းဆီးခြင်းခံရသည်။

သို့သော် ယင်းအကျဉ်းတိုက်မှ အလာဒင်တစ်ယောက် လွတ်မြောက်အောင် ကြိုးစားခဲ့ပြီးနောက် မီးခွက်စောင့်အဖြစ် ချုပ်နှောင်ခံထားရသည့် လိုတရဘီလူးတစ်ကောင်နှင့် မှော်မီးခွက်ကိုတွေ့ရှိခဲ့သည်။

ယင်းမှော်မီးခွက်အစွမ်းဖြင့် အာလာဒင်က သူ့ချစ်သူ Agrabah မြို့တော်၏ မင်းသမီး ဆူလ်တန်ဘုရင်၏ သမီးတော် ဂျက်စမင်နှင့် နီးစပ်ရန်အပြင် မီးခွက်အစွမ်းဖြင့် Agrabah မြို့တော်ကို သိမ်းပိုက်ရန်ကြိုးစားနေသည့် ဂျက်ဖာဆိုသူ ၏ ရန်ကိုကာကွယ်ရန် ကြိုးစားရသည်များကို ရိုက်ကူးထားခြင်းဖြစ်တယ်။

Aladdin (3D) ရုပ်ရှင်ကို ဒါရိုက်တာ Guy Ritchie ရိုက်ကူးပြီး Naomi Scott, Will Smith, Billy Magnussen, Alan Tudyk တို့ အဓိကပါဝင်ထားသည်။

"Aladdin" ဟာ သိပြီးသား ဇာတ်လမ်းကိုပဲ ရိုးရိုးရှင်းရှင်း ရိုက်ကူးထားတာဖြစ်တယ်။

ဒါပေမဲ့ "Aladdin" live-action ကိုကြည့်ရင်း Disney ဇာတ်ကားတွေကို စွဲလန်းခဲ့ဖူးတဲ့ ကလေးဘဝတုန်းကလို ကြည်နူးလွမ်းမောဖွယ် ရသမျိုးခံစားရစေမှာ အသေချာပါဘဲနော်။

ယင်းဇာတ်ကားကို ရန်ကုန်မြို့ရှိ နေပြည်တော် ၊ Mingalar Gold Class၊ မင်္ဂလာ ၂၊ မင်္ဂလာ (စံပြ၊ ဂမုန်းပွင့်၊ တာမွေ၊ မြောက် ဥက္ကလာ၊ စိန်ဂေဟာ)၊ JCGV၊ ကန်သာယာ၊ Capital ရုပ်ရှင်ရုံများ၊

မန္တလေးမြို့ရှိမင်္ဂလာ (ဒိုင်းမွန်း၊ စင်တာပွိုင့်) တို့အပြင် ပြည်မြို့ရှိ မင်္ဂလာထွန်းသီရိ၊ တောင်ကြီးရှိ City Squareနှင့် မုံရွာရှိ Mingalar Ocean Cineplex တို့၌ တစ်ပြိုင်တည်း ပြသထားသည်။

တစ်ပတ်အတွင်းပြသနေတဲ့ ရုပ်ရှင်ဇာတ်ကားများနဲ့ ရုပ်ရှင်ရုံ ဖုန်းနံပါတ်များ >>> https://bit.ly/2W1zY5p

 


Read 382 times Last modified on Saturday, 25 May 2019 13:50
Rate :
(0 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.