Thursday, 23 May 2019 13:49

 

saisai-1.jpg

အောင်မြင်ကျော်ကြား လူသိများသော အဆိုတော် နိုင်ငံကျော် အနုပညာရှင် စိုင်းစိုင်းခမ်းလှိုင်ဟာဆိုရင်ဖြင့် ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်နေ့က ရန်ကုန်မြို့ သုဝဏဘူမိ event park တွင် သူ၏ birthday show ပွဲကို အောင်မြင်ခမ်းနားစွာ ကျင်းပပြီးစီးခဲ့ပြီးဖြစ်သည်။

အခုထပ်မံပြီး မေလ ၂၅ ရက်တွင် မန္တလေးမြို့မန္တလာသိရိကွင်းမှာ ကျင်းပမှာဖြစ်ပါတယ်..လက်မှတ်တွေကို မေလ ၁၁ ရက်နေ့ကစပြီး မင်္ဂလာမန္တလေးမှာ ရောင်းချခဲ့ပါတယ်...

လက်မှတ်ဈေးနှုန်းအနေဖြင့်လည်း AYA Visa Card အပါ ၁၂၀၀၀ ကျပ်ဖြင့်သာ ရောင်းချပေးခဲ့တာဖြစ်ပါတယ်။

မန္တလေးမြို့ မန္တလာသီရိကွင်းတွင် ရန်ကုန်မြို့မှာ ကျင်းပခဲ့သော Sai Sai Birthday show အတိုင်း အခမ်းနားဆုံး အအောင်မြင်ဆုံး show တစ်ခုဖြစ်အောင် စီစဉ်ဆောင်ရွက်သွားမယ်လို့ Sai Sai Mandalay show စာနယ်ဇင်းမိတ်ဆက်ပွဲ အခမ်းအနားမှာ ပြောကြားသွားခဲ့ပါတယ်....

Mandalay Show ရဲ့စင်နေရာ အနေအထားနဲ့ ပတ်သတ်ပြီးတော့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က

"GA လက်မှတ်တွေက စင်ရဲ့အနီးဆုံးနဲ့ အများဆုံးဖြစ်ပါတယ်၊ ထိုင်ခုံနေရာ Seat A and B ကတော့ နောက်မှာရှိပါမယ်..ဒါပေမယ့် စင်မြင့်နဲ့ လုပ်ထားမှာပါ ထိုင်ခုံအတွက် အရေအတွက်အတိအကျပဲရှိပါတယ်

VIP Standing အတွက် လက်မှတ် 700 စာပဲ ဆောက်ထားမှာဖြစ်ပါတယ် ...ဒါဟာ စိုင်းစိုင်းမွေးနေ့ပွဲကျင်းပခဲ့တဲ့ ပုံစံလည်းဖြစ်ပါတယ်" ဆိုပြီး သူ၏ facebook စာမျက်နှာမှာ ရေးသားထားခြင်းဖြစ်တယ်..

"ပြီးခဲ့တဲ့ Birthday Show မှာတုန်းက SAI Cosmetix ရဲ့အစီအစဉ်နဲ့ ရန်ကုန်နဲ့မန္တလေးက မိတ်ကပ် Artists တွေဟာ ကျနော့် ပရိသတ်တွေရဲ့ မျက်နှာမှာ ဆေးရောင်တွေ စာလုံးတွေ ကူညီရေးချယ်ပြီး ပါဝင်အားဖြည့်ပေးခဲ့ကြပါတယ်

တချို့ပရိသတ်တွေလည်း ကိုယ်တိုင် ရေးချယ်သလို တချို့လည်း အိမ်မှာကြိုပြီး ပြင်ဆင်လာကြပါတယ်၊ ကျနော့်ပုံစံအတိုင်း Tape နဲ့ ကပ်တဲ့သူတွေလည်းရှိတယ် ဆေးအမဲခြယ်တဲ့သူတွေလည်းရှိတယ်၊

မန္တလေးပွဲနေ့ကြရင်လည်း ဒီမိတ်ကပ် Artists တွေက ပါဝင်ကူညီကြဦးမှာပါ၊ အားလုံးအတွက် ပျော်စရာပွဲလေးတစ်ပွဲ ဖြစ်လာမယ်လို့ မျှော်လင့်မိပါတယ်" ဆိုပြီး မိတ်ကပ် Artists ပိုင်းနဲ့ပတ်သတ်ပြီး ပြောထားပါတယ်။

အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ဟာဆိုရင် သူ၏ birthday show ကို 2014 မှစတင်၍ ကျင်းပလာတာဖြစ်ပီး အခု 2019 ထိ 15 နှစ်တိုင်တိုင်အောင်မြင်စွာကျင်းပလာနိုင်ခဲ့ခြင်းပြီး အောင်မြင်တဲ့ အဆိုတော်တစ်ယောက်အဖြစ် ရပ်တည်နေခဲ့တာ ဖြစ်ပါတယ်...

မွေးနေ့ပွဲကို ရန်ကုန်မှာ ကျင်းပခဲ့တာမို့လို့ ယခုပွဲကို မန္တလေးမှာ ကျင်းပမှာဆိုတော့ birthday show တုန်းက မလာနိုင်တဲ့ မန္တလေး ပရိတ်သတ်တွေလည်း အထူးကျေနပ် နှစ်သက်လိမ့်မယ်လို့ ထင်ပါတယ်...

Read more>>> ကျန်းမာရေးနဲ့ ညီညွတ်တဲ့အော်ဂဲနစ်သီးနှံတွေကို တစ်ပတ်ကိုတစ်ရက် ရောင်းချပေးသွားမည်

အခုဆိုရင်တော့ဖြင့် Sai Sai Mandalay show ကျင်းပဖို့ နှစ်ရက်ဘဲလိုပါတော့တယ်နော်.....

Sai Sai Mandalay show မှာ အပြတ်ကဲဖို့ နှုတ်ခမ်းနီမလေးတွေရော စိုင်းစိုင်းရဲ့ အမာခံပရိသတ် ယောကျာ်းလေး၊ မိန်းခလေး အားလုံး ပြင်ဆင်ကြဖို့ ready နော်.....

 


Read 449 times Last modified on Thursday, 23 May 2019 16:49
Rate :
(1 Vote)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.