Friday, 17 May 2019 13:50

 

john.jpeg

အက်ရှင်ဇာတ်ကားသစ်ဖြစ်သည့် John Wick: Chapter 3 - Parabellum ဇာတ်ကားကို ရန်ကုန်၊ မန္တလေးနှင့် ပြည်မြို့များရှိ ရုပ်ရှင်ရုံများ၌ နိုင်ငံတကာနှင့်တစ်ပြေးညီ ရုံတင်ပြသထားသည်။

John Wick: Chapter3 - Parabellum ရုပ်ရှင်ကို အမေရိကန်နိုင်ငံအပါအဝင် နိုင်ငံအများအပြား၌ မေ ၁၇ ရက်မှ စတင်ကာ ပြသထားခြင်းဖြစ်သည်။

ဂန္ထဝင်ကြေးစား လူသတ်သမားဖြစ်သူJohn Wick အား သုတ်သင်ရှင်းလင်းနိုင်ရန်အတွက် ဆုကြေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၁၄ သန်း ထုတ်ပြန်ကြေညာခဲ့သည်။

သို့အတွက် John Wick သည် ကမ္ဘာတစ်လွှားမှ ကြေးစားလူသတ်သမား အားလုံးနီးပါး၏ အဓိကပစ်မှတ်တစ်ခု ဖြစ်လာခဲ့သည်။

ထိုအဖြစ်များ ကြုံတွေ့နေရသည့် John Wick သည် အထက်တန်းလွှာ အလုပ်အပ်သူများ အဖွဲ့ဝင် D'Antonio ကိုသတ်ဖြတ်ခဲ့ပြီး ဗဟိုစည်းမျဉ်းဥပဒေများကိုလည်း ချိုးဖောက်ခဲ့သည့်အတွက် သူရင်ဆိုင်ရမည့် အခက်အခဲနှင့်

လုပ်ကြံသတ်ဖြတ်မှု အန္တရယ်များတွင် အခြားသူများထံမှ အကူအညီလည်း မရနိုင်ဖြစ်နေခဲ့သည်။

ထိုအနေအထားမျိုးတွင် John Wick တစ်ယောက်ရှင်သန်နိုင်ရန် ကြိုးစားရသည်များကို ရိုက်ကူးထားသည့် စိတ်ဝင်စားဖွယ် ပြည့်နှက်နေသည့် အက်ရှင်ဇာတ်ကားဖြစ်သည်။

John Wick: Chapter 3 - Parabellum ရုပ်ရှင်ကို ဒါရိုက်တာ Chad Stahelski ရိုက်ကူးပြီး Keanu Reeves, Asia Kate Dillom, Ian McShane, Jerome Flynn တို့အဓိက ပါဝင်ထားသည်။

Read more >>> ဈေးရောင်းပွဲတော်တွင် ငါးဆယ်ကျပ်တန်တစ်ရွက်နဲ့ စိန်တစ်လုံးသရက်သီး ၀ယ်ယူနိုင်

ယင်းဇာတ်ကားကို ရန်ကုန်မြို့ရှိ နေပြည်တော်၁+၂၊ မင်္ဂလာစံပြ၊ မင်္ဂလာ(ဂမုန်းပွင့်၊ တာမွေ၊ မြောက်ဥက္ကလာ) ရုံများ၊ မန္တလေးမြို့ရှိ မင်္ဂလာဒိုင်းမွန်း ရုပ်ရှင်ရုံများအပြင် ပြည်မြို့ရှိ မင်္ဂလာထွန်းသီရိ ရုပ်ရှင်ရုံနှင့် မုံရွာမြို့ရှိ Mingalar Cineplex Ocean ရုပ်ရှင်ရုံများ၌ မေ ၁၆ ရက်မှစတင်ကာ တစ်ပြိုင်တည်း ရုံတင်ပြနေပြီ ဖြစ်သည်။

Source daily eleven


Read 272 times Last modified on Friday, 17 May 2019 14:36
Rate :
(0 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.