Friday, 15 June 2018 14:43

The Digital Marketing for Digital Entrepreneur

       မြန်မာ SME လုပ်ငန်းရှင်တွေနဲ့ လုပ်ငန်းရှင် ဖြစ်ချင်သူတွေအတွက် ဒီဂျစ်တယ်လုပ်ငန်း စီမံကိန်း ပြိုင်ပွဲကျင်းပပြုလုပ်တော့မှာ ဖြစ်ပါတယ်၊ ယင်းပြိုင်ပွဲကိုတော့ ထိုင်းနိုင်ငံ Kasikorn Bank (KBank)၊ စက်မှုဝန်ကြီးဌာန အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာန၊ ကုန်သည်စက်မှု အသင်းချုပ်၊ Renaissance Institute နဲ့University of Thai Chamber of Commerce (UTCC) တို့ ပူးပေါင်းမှုနဲ့ လာမယ့် သြဂုတ်လ (၂၀) ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။

       ဒီဂျစ်တယ်လုပ်ငန်း စီမံကိန်းပြိုင်ပွဲ (The Digital Marketing for Digital Entrepreneur) ကို မြန်မာလုပ်ငန်းရှင်တွေ၊ အထူးသဖြင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းတွေ၊ စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေနဲ့ လုပ်ငန်းရှင် ဖြစ်လိုသူတွေအတွက် Digital Marketing ဆိုင်ရာ အတတ်ပညာတွေ ဖွံ့ဖြိုးလာစေဖို့ကို ရည်ရွယ်ပြီး ကျင်းပပြုလုပ်တာ ဖြစ်တယ်လို့ သိရပါတယ်၊

       " မြန်မာနိုင်ငံမှာ ဒီဂျစ်တယ် နည်းပညာနဲ့ မိုဘိုင်းနည်းပညာ တစ်ဟုန်ထိုး တိုးတက်လာတဲ့အခါ ဒီဂျစ်တယ် နည်းပညာသုံး ဈေးကွက်ချဲ့ထွင်ခြင်း (Digital Marketing) ပညာရပ်ဟာ Digital Marketing ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေ အတွက်သာမက၊ အခြားစီးပွားရေး လုပ်ငန်းတွေအတွက်ပါ အရေးတကြီး လိုအပ်တဲ့ ပညာရပ် ဖြစ်လာပါပြီ။ Digital Marketing ဟာ လူငယ်နဲ့ပဲ ဆိုင်တယ်၊ Start-up လုပ်ငန်းတွေနဲ့ပဲ ဆိုင်တယ်လို့ မစဉ်းစားစေချင်ဘူး။ မြန်မာစီးပွားရေး လုပ်ငန်းတွေအနေနဲ့ ပြောင်းလဲလာတဲ့ နည်းပညာလှိုင်းနောက်ကို အမှီမလိုက်နိုင်ရင် ယှဉ်ပြိုင်မှုနောက်မှာ ကျန်ခဲ့နိုင်တယ်" လို့ ကုန်သည်စက်မှု အသင်းချုပ် SME နဲ့ SMI ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာအောင်သိန်းက ပြောပါတယ်။

       ပြိုင်ပွဲမတိုင်မီ Digital Marketing နဲ့ Business Plan ရေးဆွဲခြင်းဆိုင်ရာ သင်တန်းကို ဇွန်လ (၂၉) ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး၊ သင်တန်းမှာ What is Digital Marketing in the Digital Era ၊ Ideation, Design Thinking Steps and Step Zero ၊ Hitting Success with the Business Model Canvas ၊ Making a perfect pitch ၊ Seeking Fund to Run Business ၊ Fast-Track Entrepreneur: Experience Sharing by Thai & Myanmar SMEsစတဲ့ အကြောင်းအရာတွေကို နိုင်ငံတကာ ပညာရှင်တွေနဲ့ လက်တွေ့အောင်မြင်နေတဲ့ ဒီဂျစ်တယ် စီးပွားရေး လုပ်ငန်းရှင်တွေထံက လေ့လာသင်ကြားခွင့် ရရှိမှာ ဖြစ်ပါတယ်၊

       ပြိုင်ပွဲမှာ ပထမဆုအတွက် KBank မှ US$ 10,000 ချီးမြှင့်မှာ ဖြစ်ပြီး၊ ပထမဆု၊ ဒုတိယဆုနဲ့ တတိယဆုရရှိသူတွေဟာ ထိုင်းနိုင်ငံသို့ Business Matching ခရီးစဉ် လိုက်ပါခွင့် ရရှိကြမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲကို မြန်မာနိုင်ငံသား လုပ်ငန်းရှင် (သို့မဟုတ်) လုပ်ငန်းရှင်ဖြစ်လိုသူ မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင် နိုင်မှာဖြစ်ပါတယ်။

       လျှောက်ထားဖို့အတွက် အမည်၊ ကုမ္ပဏီအမည် (သို့) အဖွဲ့အစည်းအမည် (သို့) တက္ကသိုလ်အမည်နဲ့ ဆက်သွယ်နိုင်မယ့် အချက်အလက်တွေကို ဖော်ပြပြီး University of Thai Chamber of Commerce Tel. (95) 09 730 97447 ၊ Email: This email address is being protected from spambots. You need JavaScript enabled to view it. , KBank Yangon Representative Office Tel. (95) 1 524 285, 1 500 727 ၊ Email: This email address is being protected from spambots. You need JavaScript enabled to view it.ကို ဇွန်လ ၂၉ ရက်ကနေ ဇူလိုင်လ ၂၀ ရက်အတွင်း ဆက်သွယ် ပေးပို့ရမှာ ဖြစ်ပါတယ်။ လျှောက်ထား သူတွေထဲကမှ စုစုပေါင်း (၂၁၀) ဦး ကို ရွေးချယ်လက်ခံ သင်တန်းပေးသွားမှာ ဖြစ်ပြီး၊ သင်တန်း တက်ရောက်ပြီး သူတွေအနေနဲ့ ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။


Read 1297 times
Rate :
(2 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.