Thursday, 14 June 2018 16:48

Telenor MBA Scholarships 5

       တယ်လီနောမြန်မာမှ မြန်မာလူငယ်တွေအတွက် ဆက်သွယ်ရေးနဲ့ အိုင်စီတီ အထူးပြု စီးပွားရေးစီမံခန့်ခွဲမှု မဟာဘွဲ့ (အမ်ဘီအေ) ပညာသင်ဆုတွေကို ပေးအပ်သွားမှာ ဖြစ်ပါတယ်။ အဆိုပါ အစီအစဉ်ကိုတော့ မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ်အနာဂတ်နဲ့ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြည့်ဆည်းကူညီမှုတွေကို အရှိန်မြှင့်တင်တဲ့အနေနဲ့ တယ်လီနောမြန်မာနဲ့ Myanmar Metropolitan College တို့ ပူးပေါင်း ပြုလုပ်တာပဲ ဖြစ်ပါတယ်။


       ဆွစ်ဇာလန်နိုင်ငံက University Business and International Studies နဲ့ ချိတ်ဆက်ထားတဲ့ Myanmar Metropolitan College ရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ တယ်လီနော အမ်ဘီအေ ပညာသင်ဆု အစီအစဉ်ကို ပထမဆုံး အကြိမ်အဖြစ် စတင်လိုက်တာဖြစ်ပြီး ဆက်သွယ်ရေး လုပ်ငန်းကဏ္ဍနဲ့ နိုင်ငံရဲ့စီးပွားရေးအခြေအနေတွေနဲ့ ဆက်စပ်တဲ့ လက်တွေ့နဲ့ နောက်ဆုံးပေါ် အသိပညာ အတတ်ပညာတွေကို မြန်မာကျောင်းသားတွေ သင်ယူနိုင်စေရေး ရည်မှန်းထားခြင်း ဖြစ်တယ်လို့ သိရပါတယ်။ ပညာသင်ဆု ရရှိသူတွေဟာ တယ်လီနောမှ အကြီးတန်း ကျွမ်းကျင်ပညာရှင်တွေရဲ့ ပြန်လည်သင်ကြား ပြသမှုတွေကိုပါ တက်ရောက်နိုင်မှာ ဖြစ်တဲ့အပြင် မဟာဗျူဟာကျ အိုင်စီတီစီမံခန့်ခွဲမှုဆိုင်ရာ အမ်ဘီအေဘွဲ့အပြင် နိုင်ငံခြားတက္ကသိုလ် အသိအမှတ်ပြု အမ်ဘီအေဘွဲ့ လက်မှတ်ကိုပါ ရရှိနိုင်မှာ ဖြစ်ပါတယ်၊

Telenor MBA Scholarships 3
       “ ပြည်တွင်းပြည်ပ ရင်နှီးမြှပ်နှံမှုနဲ့ စီးပွားရေးလုပ်ငန်းတွေကို အဓိက မောင်းနှင်မယ့် ဒစ်ဂျစ်တယ်ပညာ တတ်ကျွမ်းပြီး အရည်အသွေးပြည့်ဝတဲ့ လုပ်သားအင်အား တစ်ရပ်ကို ဒီနေ့လို အစီအစဉ်မျိုး တွေကနေ မွေးထုတ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ နယ်လ်ဆင်မန်ဒဲလား ပြောခဲ့သလိုပဲ ပညာရေးဆိုတာ ကမ္ဘာကို ပြောင်းလဲနိုင်တဲ့ စွမ်းအားအကြီးမားဆုံးသော လက်နက်ပါတယ်။ ဒါကြောင့် ပညာရေးကဏ္ဍမှာ ခိုင်မာတဲ့ အထောက်အပံ့တွေ ရလေလေ ကျွန်မတို့ အားလုံးအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ဖော်ဆောင်တဲ့ နေရာမှာ မရှိမဖြစ်လိုအပ်တဲ့ အသိပညာတွေ၊ အတတ်ပညာတွေကို လက်လှမ်းမီနိုင်ဖို့ ဒီပညာသင်ဆုက အထောက် အကူဖြစ်စေမယ်လို့ ယုံကြည်တဲ့အတွက် ဒီပညာသင်ဆု အစီအစဉ်ကို လျှောက်ထားကြဖို့ ကျွန်မအနေနဲ့ လေးလေးနက်နက် တိုက်တွန်းလိုပါတယ်။” လို့ တယ်လီနောမြန်မာရဲ့ ဘဏ္ဍာရေးဆိုင်ရာ အရာရှိချုပ် ကယ်ရိုလိုင်း ယဉ်ယဉ်ဋ္ဌေးက ပြောပါတယ်။


       တက္ကသိုလ်မှာ အမှတ်ကောင်းကောင်းနဲ့ အောင်မြင်ခဲ့ပြီး အိုင်စီတီနည်းပညာကို ရေရှည်နည်းလမ်းအဖြစ် အသုံးချကာ စီးပွားရေးလုပ်ငန်း သို့မဟုတ် လူမှုရေးလုပ်ငန်း သို့မဟုတ် အများနဲ့သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေ တည်ထောင်ရာမှာ ပါဝင်လိုစိတ်ပြင်းပြသူ၊ ပညာအထောက်အပံ့ လိုအပ်သူ မြန်မာနိုင်ငံသား မည်သူမဆို တယ်လီနော အမ်ဘီအေ ပညာသင်ဆု အစီအစဉ်ကို လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။၂၀၁၈ ခုနှစ် စက်တင်ဘာလမှာ စတင်ဖွင့်လှစ်မယ့် ယင်းသင်တန်းအတွက် ပညာသင်ဆု အစီအစဉ်ကို ဇွန်လ ၁၈ ရက်နေ့ကနေ ဇူလိုင်လ ၇ရက်နေ့ အတွင်း အွန်လိုင်းကနေ လျှောက်ထားရမှာ ဖြစ်ပါတယ်။

Telenor MBA Scholarships 4
       တယ်လီနော အမ်ဘီအေ ပညာသင်ဆု အစီအစဉ်ကို လင့်ကနေ https://goo.gl/AQGLCS ၀င်ရောက် လျှောက်ထားရမှာ ဖြစ်ပါတယ်။ ပညာသင်ဆုနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေနဲ့ ပတ်သက်ပြီး Myanmar Metropolitan College ကို ဆက်သွယ် စုံစမ်းနိုင်တဲ့အပြင် တယ်လီနောမြန်မာနဲ့ Myanmar Metropolitan College တို့ရဲ့ Facebook စာမျက်နှာတွေမှာလည်း အသေးစိတ် အချက်အလက်တွေကို ဖော်ပြပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။


Read 1031 times Last modified on Thursday, 14 June 2018 16:57
Rate :
(1 Vote)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.