Sunday, 14 May 2017 16:30

inside

မနက်ပိုင်းအဆာပြေစာအဖြစ် မုန့်တီ၊ မြည်းရှည်၊ ထမင်းသုပ်/ဆီဆမ်း၊ မုန့်ဟင်းခါး၊ လက်ဖက်ရည် အီကြာကွေးနှင့်

အခြား နံနက်ခင်းစာ သုံးဆောင်တတ်သူများအတွက် အဆင်ပြေသော နေရာလေးတစ်ခုဖြစ်ပါတယ်၊

မြို့တွင်းပိုင်းမှာ ရောင်းချသော နံနက်ခင်းအစားအစာဈေးနှုန်းများထက် အနည်းငယ်ချိုသာတာကို တွေ့ရပါတယ်၊

သန့်ရှင်းလတ်ဆတ်မှုလည်းရှိတဲ့ အစားအသောက်များဖြစ်ပါတယ်။

ထိုနေရာလေးသည် နေ့ခင်းပိုင်းမှာထက် ညဦးပိုင်းအချိန်များမှာ ပိုမိုစည်ကားတတ်ပါတယ်၊

မိုလ်ဘိုင်းဖုန်းဆိုင်၊ ကုန်မာဆိုင်၊ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်၊ ဖက်ရှင်နှင့်စတိုး၊ အလှပြင်ဆိုင်၊ ပိုက်နှင့်ပိုက်ဆက်ပစ္စည်းဆိုင်၊

ဆီဆိုင်၊ စက်ဘီးအပိုပစ္စည်းဆိုင်၊ ထီဆိုင်၊ ဆေးနှင့်ဆေးကိရိယာပစ္စည်းဆိုင်၊ မော်တော်ဆိုင်ကယ်ပြုပြင်ရေးနှင့် ရေဆေးဆီလိုက်လုပ်ငန်းများ၊

ဆေးကုခန်းနှင့်အခြားအရောင်းဆိုင်များဖြင့် စုံလင်လှတဲ့ နေရာလေးဖြစ်ပါတယ်၊

ထိုနေရာလေးကတော့ အောင်မြေသာစံမြို့နယ်အတွင်းမှာရှိတဲ့

၈၉လမ်း၊ လမ်းမကြီးတစ်လျှောက်ဖြစ်ပြီး အဓိက အစည်ကားဆုံးနေရာလေးတစ်ခုကတော့

၁၅လမ်းမှ ၁၇လမ်း ဝန်းကျင်အထိ ဖြစ်ပါတယ်၊ အီကင်းလမ်းဆုံဟုလည်း ခေါ်ဆိုကြပါတယ်----


Read 962 times Last modified on Sunday, 14 May 2017 16:37
Rate :
(4 votes)

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.