Saturday, 12 September 2020 12:20

By Thant''
အခုလို တိုးတတ်နေတဲ့ ခေတ်ကြီးထဲမှာ စာအုပ်နဲ့စာဖတ်တဲ့ သူတွေ နည်းသထက်နည်းလာတာကို တွေ့မြင်ရပါတယ်။ အကြောင်းကတော့ TV ကြည့်တာ၊ ဂိမ်းဆော့တာတွေနဲ့ Social Meaia အသုံးပြုတာတွေက စာအုပ်ကိုဝယ်ပြီး ဖတ်နေရတာထပ် ပိုမို လွယ်ကူလာလို့ပါ။

စာဖတ်သူတွေ နည်းလာပေမယ့် နံမည်ကျော် စာရေးဆရာတွေ ဖြစ်တဲ့ Shakespeare, Jane Austen နဲ့ JK Rowling တို့ရဲ့ စာအုပ်တွေကတော့ အရောင်းရဆုံး စာအုပ်တွေ ဖြစ်နေဆဲပါ။

ဒါပေမယ့် အမေရိကန်နိုင်ငံရဲ့ National Endowment for the Arts အဖွဲ့အစည်းရဲ့ သုသေသန ပြုချက်တွေအရ အရင်က စာဖတ်ကြိုက်နှစ်သက်သူတွေ အများစုက စာဖတ်ဖို့ အချိန်မပေးနိုင်ကြတာကြောင်း သိရှိရတဲ့ အပြင် ပုံမှန် လမ်းသွားလမ်းလာတွေကို မေးတဲ့အခါမှာတော့ အများစုက စာဖတ်ရတာခက်ခဲတာမို​့ စာမဖတ်ဖြစ်တာပါ ဆိုပြီး ဖြေကြပါတယ်။

စာဖတ်ရတာက တကယ်တမ်းတော့ အရမ်းခက်ခဲတဲ့ အရာတစ်ခု မဟုတ်ပါဘူး။ ဒါပေမယ့် လွယ်ကူတယ် ဆိုတဲ့ သဘောလည်း သက်ရောက်မနေတာတော့ အသေချာပါပဲ။ အဓိက ကတော့ ကိုယ်ရွေးတဲ့ စာအုပ်အပေါ် မူတည်ပြီး လွယ်တယ်၊ မလွယ်ဘူး သတ်မှတ်နေကြတာ ဖြစ်ပါတယ်။

ကိုယ်က စာအုပ်ဖတ်တဲ့အခါ အသိပညာပေး စာအုပ်တွေထပ် အတတ်ပညာပေးစာအုပ်တွေကို ဖတ်တာ များလာတယ် ဆိုရင်တော့ စာဖတ်ရတာ ခက်တယ်ဆိုပြီး ထင်သွားနိုင်ပါတယ်။ အဲ့ဒါကြောင့် စာအုပ်ရွေးတဲ့အခါမှာ စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာတွေကို အများဆုံး ဖတ်ပေးသင့်ပါတယ်။

​ဒါ့အပြင် ဝထ္ထုတစ်အုပ်ကို အခြေခံရိုက်ကူးထားတဲ့ ရုပ်ရှင်တကားကို ကြည့်တာက စာအုပ်ဖတ်တာ ထပ်ပိုပြီး ကောင်းတယ်ဆိုတဲ့ ယူဆချက်ကြောင့် လူတော်တော်များများက စာဖတ်ရတာထက် ရုပ်ရှင်ကြည့်ရတာကို ပိုအားသန်လာပါတယ်။

စာအုပ် တစ်အုပ်နဲ့ စာဖတ်တာက Laptop၊ Phone စတာတွေနဲ့ စာဖတ်တာထက် သင့်ရဲ့မျက်လုံးကို အထိခိုက် သက်သာစေပါတယ်။ ဒါ့အပြင် စာဖတ်ခြင်း အလေ့အကျင့်ကောင်းများကို ပြုစုပျိုးထောင် ဖို့ကလည်း အရေးကြီးတဲ့ အချက်တစ်ခုပဲ ဖြစ်ပါတယ်။

အကောင်းဆုံး စာအုပ်တွေကိုမှ လိုချင်တဲ့သူတွေက နှစ်ပေါင်း (၁၀၀) အတွင်း အကောင်းဆုံး မြန်မာ ဝတ္ထုစာအုပ် (၁၀၀) စာရင်း ကိုကြည့်ရှုပြီး ဝယ်ယူနိုင်ပါတယ်။
===============================
By Thant''









Read 42 times
Rate :
(0 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.