Tuesday, 28 April 2020 15:22

7QZEasKt2L1jZwTYLYt0DtvF6Hy.jpg

 

အပြင်လောကတွင် ဆောင်းလေအေးက သိမ့်ကနဲ တုန်နေစေသည်။ ချာလီတစ်ယောက်အိမ်ထဲတွင် အိမ်စာလုပ်မယ်ဆိုကာ အမေကိုကြည့်ကောင်းအောင် ပြောထားပြီး သူ့ရည်းစားမလေးဖြစ်သူ အေမီကိုခေါ်ထားလေပြီး ကိုယ်ပိုင်အခန်းထဲတွင် အချစ်ခရီးလမ်းစဖို့ ပြင်နေလေတော့သည်။

ချာလီဟာ သရဲကားတွေအပြင် မစ္စတာ ဗန်ဆန် ရဲ့ သရဲနှိမ်နင်းရေး show တွေကို လေ့လာလိုက်စားတဲ့ အသက် ၁၇ နှစ်အရွယ်ကောင်လေးသာ ဖြစ်တယ်။ အေမီက လှမ်းတားမှု့ကြောင့်ချာလီစိတ်အတော်ဆိုးသွားသည်။ သို့သော် အေမီက မှားမှန်းသိ၍ ချာလီကိုပြန်ချော့ခေါ်ကာ ချာလီကို ပြန်ခေါ်လိုက်လေသည်။

ချာလီဟာ အေမီအပေါ်တွင်စိတ်မဝင်စားတော့ချေ။ချာလီစိတ်တွေက - သူ့အခန်းနဲ့ သူ့ဘေးအိမ်ရဲ့ ပြတွင်းပေါက်က ကပ်လျက်မြင်နေရသည်ကိုသာငေးကြည့်နေမိတော့သည်။

ချာလီတို့ဘေးအိမ်က အတော်ခြောက်ခြားစရာကောင်းပြီး မှောင်နေကာ မြူခိုးတွေနဲ့အတိပြီးနေလေ၏ထိုဘေးအိမ်ကို လူအသစ်တွေပြောင်းလာတယ်လို့ ချာလီသတင်းကြားမိထားတော့ စိတ်ထဲကလည်း သိချင်နေတာပေါ့။

သူ့အိမ်ပြတွင်းပေါက်ကနေ ချာလီမြင်လိုက်ရတာက ထိုအိမ်ထဲမှအနက်ရောင် ခေါင်းတလားကြီးကို အမျိုးသားနှစ်ဦးက ထုတ်သွားပြီးကားပေါ်တင်တာကိုသူမြင်လိုက်တာပါ။ ချာလီသေချာထိုအရာကိုပဲအာရုံစိုက်ကြည့်နေမိတော့လေသည်။ချာလီချစ်သူဟာ အပေါ်ပိုင်းဗလာကျင်းနဲ့သူမကို ဂရုမစိုက်လို့ ဒေါသထွက်ကာ အောက်ထက်ကိုဆင်းသွားလေတယ်။

ချာလီမကောင်းတတ်လို့လိုက်ဆင်းလာပေမဲ့လည်းအောက်ရောက်တော့ ချာလီအမေက အေမီကို သူ့သားနဲ့ အိမ်စာလာလုပ်ပေးလို့ကျေးဇူးတင်တဲ့အကြောင်းပြောနေစဉ်အတွင်းမှာတောင်အောက်က ပြတင်းပေါက်ကနေချာလီဘေးအိမ်ကိုပဲကြည့်နေမိပြန်၏။

ချာလီ ထိုနေ့ညက ကိစ္စကိုမေ့မေ့ပျောက်ပျောက်နဲ့ ကျောင်းသွားတတ်လေတယ်။ကျောင်းနားနေချိန်ရောက်တော့ ချစ်သူလေး အေမီကပြန်လာချော့ကာစကားပြောနေချိန် သတင်းလာလေတော့ ချာလီနားစွင့်မိတာကမြို့စွန်မှာ အလောင်းတစ်လောင်းတွေ့ရတယ်တဲ့။

ချာလီမနေ့ကညက အဖြစ်အပျက်တွေကို ပြန်သတိရမိလာတယ်။ထိုအလောင်းကိစ္စက ဘေးအိမ်က လူသတ်ကောင်လားလို့ ချာလီတွေးနေမိရှာတယ်။ ချာလီအတွေးနယ်ချဲ့ရင်းလမ်းကိုဖြေးညင်းစွာလျှောက်ရင်းအိမ်ပြန်လာခဲ့တယ်။

သူ့အိမ်ကို မိန်းမချောလေးတစ်ယောက် ကလိပ်စာမှားပြီးလာမေးနေချင်းသာအမှန်ကချာလီဘေးအိမ်ကိုလာတဲ့ဧည့်သည်။ချာလီက ဘေးအိမ်ဆိုကာ ညွန်ပြပေးလိုက်တယ်။ ချာလီအမေနဲ့ စကားပြောတော့ ချာလီကိုသူ့အမေက ဘေးအိမ်က လူကအခြောက်ထင်တယ်တဲ့ ချာလီက သူ့အမေကိုဘေးအိမ်က လူက စွံကြောင်းမိန်းမချောလေးတစ်ယောက် ထိုသူဆီလာတာ သူ့ကိုအိမ်မှားလာမေးကြောင်းပြောပြရင်းရယ်ရယ်မောမောပဲ။

ချာလီတို့ဘေးအိမ်က လူကအရပ်ကခပ်မြင့်မြင့် မျက်ခုံးမျက်လုံးကောင်းကောင်းနဲ့အမျိုးသမီးတွေစွဲမက်ဖွယ်ရာကိုယ်ခန္ဓာတောင့်တင်းသူဖြစ်ပြီး သူ့နာမည်က ဂျယ်ရီ ဒန်းဒရစ်။ထိုဘေးအိမ်မှာ ဂျယ်ရီက သူ့အဖော်တစ်ဦးကို ခိုင်းဖို့ခေါ်ထားပြီးထိုအိမ်မှာအမျိုးသားနှစ်ဦးသာလူသစ်ပြောင်းလာကြတာဖြစ်တယ်။

အထက်တန်းကျောင်းသားဆိုတော့ စာများတဲ့ချာလီတစ်ယောက်စာလုပ်နေလေရဲ့ စာလုပ်ရင်းညကနက်လာရော ထိုစဉ်တွင်ဘေးအိမ်မှ အမျိုးသမီးတစ်ဦးရဲ့ကျယ်လောင်စွာအော်ဟစ်သံကိုချာလီကြားလိုက်လေတယ်။

ထိုအော်သံရပ်ပြီးနောက်သံနတ်သံကြီးထပ်ကြားရတော့ ချာလီမနေနိုင်တော့ အောက်ကိုအဆက်မပြတ်ငုံကြည့်နေစဉ် ထိုအိမ်ထဲမှမနေ့ကလို အခေါင်းတလားထမ်းထွက်သွားတာတွေ့ပြန်ရော။

ချာလီလည်းသူ့အမေကို ကြောက်လွန်းလို့သွားနှိုးမိလေရဲ့ သူ့အမေက အိပ်ချင်မူးတူးနဲ့ ချက်ချင်းမထဘူးပေါ့။ ဒါနဲ့ သိချင်စိတ်နဲ့ချာလီဟာ အပြင်ကိုထွက်ခါ ချုံထဲကနေ ချောင်းနေစဉ် သူ့အမေက လိုက်ရှာတော့ ချုံထဲမှ ချာလီကြောက်ဒူးတုန်နေလေပြီထိုအချိန်ချုံလှုပ်သွားလေတယ်။
ဘေးအိမ်ကလူဟာသူ့ကို ချာလီခြေရာခံနေမှန်း အနည်းငယ်ရိပ်မိသွားသရောင် ရှိလေ၏။

ချာလီအိမ်ထဲပြေးဝင်သွားလေတယ်။ ချာလီကိုသူ့အမေက သူဖျားနေတာလားမေးလေရဲ့ချာလီက ဘာမှမဖြစ်ကြောင်းအဆင်ပြေကြောင်းပြောကာ တံခါးတွေလှုံအောင်ပိတ်၍အိပ်လေတော့တယ်။

ကျောင်းရောက်တော့ချာလီစကားသိပ်မပြောဖြစ်ညတုံးက ကိစ္စကိုသာပြန်တွေးရင်းကြောက်နေမိတော့သည်။ ကျောင်းကတီဗီကို ကြည့်လိုက်မိစဉ် သတင်းမှာလူသေတယ်ဆိုပါလာတဲ့ အမျိုးသမီးက ချာလီဘေးအိမ်ကိုလာသော မနေ့က အမျိုးသမီးဖြစ်နေလေရဲ့။

ချာလီဟာ ရဲခေါ်ကာ ဂျယ်ရီအိမ်ကိုဝင်စစ်ဆေးခိုင်းသေးလေရဲ့ သို့ပေမဲ့ ရဲအရာရှိကအေးဆေးပဲချာလီကို သတင်းမှားလျှောက်ပေးတယ်ဆိုကာ ပြန်သွားလေရဲ့။ ချာလီညဘက်ရောက်တော့ထုံးစံအတိုင်း အခန်းထဲက ပြတွင်းပေါက်မှ ကြည့်လိုက်ရာ ဘေးအိမ်က ဂျယ်ရီ ဆိုသူက လက်က လက်သည်းအရှည်ကြီးတွေနဲ့ အမျိုးသမီးတစ်ဦးရဲ့ လည်ပင်းကို အစွယ်ဖြူဖြူဖွေးဖွေးကြီးများနှင့် ဖမ်းစုတ်တော့မည့်အနေအထားကို သူတွေ့လိုက်လေတော့သည်။

ချာလီရပ်ကြည့်နေရင်းကြောက်လွန်းသဖြင့် ခန်းစီးက လှုပ်သွားကာ ဂျယ်ရီဆိုသူမှ တွေ့သွားလေတော့သည်။ ထုံးစံအတိုင်းခနအကြာ ထိုအိမ်ထဲမှခေါင်းတလားတစ်ခု ထမ်း၍သယ်သွားတာသူသိလိုက်လေသည်။

ချာလီအတော်တုန်လှုပ်နေစဉ် ချာလီအမေမှလှမ်းခေါ်လေသည်။ ဘေးအိမ်မှ ဂျယ်ရီလာလည်ကြောင်းပြောတော့ ချာလီမျက်စိမျက်နှာပျက်သွားလေတယ်။ (သွေးစုတ်ဖုတ်တွေရဲ့ ထုံးစံအရ အိမ်ပိုင်ရှင်ရဲ့ဝင်ခွင့်ရမှသာလျှင် သူတို့ ထိုအိမ်ထဲဝင်ခွင့်ရနိုင်ပါတယ်) ချာလီက လက်ဆွဲနှုတ်ဆက်ဖို့ အတော်တုန်ရီနေလေပြီ ချာလီအမေက မရိုင်းသင့်ကြောင်းပြော၍သာ သူ၏လက်တစ်ဖက်ကို လှမ်း၍ကမ်းမိတော့သည်။

ဂျယ်ရီဆိုတဲ့ မကောင်းဆိုးဝါး ချာလီအိမ်ကို အခွင့်ရှိ၍ဝင်လို့ရသွားလေပြီ။ချာလီသူ့အခန်းထဲသူချက်ချင်းဆိုသလိုဝင်လာခဲ့ပြီးတံခါးတွေအလှုံလိုက်ပိတ်လေတော့သည်။ သိပ်မကြာခင်မှာပဲချာလီပြတွင်းပေါက်ကရပ်ကြည့်နေစဉ်သူ့နောက်မှခြေသံကြားရပြီး လက်အေးအေးကြီးနဲ့ သူ့လည်ပင်းကို ညစ်လိုက်လေတယ်။

သူမြင်လိုက်ရတဲ့ ဂျယ်ရီဟာ ဂျယ်ရီရဲ့လူသွင်ပြင်မဟုတ် သူ့ဇာတိရုပ်ဖြစ်တဲ့ သွေးစုတ်ဖုတ်တစ်ကောင်ရဲ့ ပုံသာဖြစ်ပြီး လင်းနို့ဆန်ဆန်မျက်နှာနှင့်ကြောက်မက်ဖွယ် ပုံစံကြီးဖြစ်နေလေ၏။ ချာလီနဲ့ ထိုသွေးစုတ်ဖုတ် ဂျယ်ရီတို့တိုက်ခိုက်ကြလေတယ်။

ဂျယ်ရီဟာ ပြတွင်းပေါက်နားက မှန်ကနေချာလီကို လွင့်ပြစ်တော့မဲ့ စဲစဲအချိန်မှာ ချာလီဟာ လက်မှီရာ ခဲတံကောက်ကိုင်ကာ ဂျယ်ရီလက်ကိုထိုးထည့်လိုက်လေတော့သည်။ ဂျယ်ရီအော်၍ထွက်ပြေးသွားတော့လေသည်။ထိုအချိန်မှာ မိုးလင်းလုစဲစဲအချိန်ဖြစ်သည်။ ချာလီကသူ့အမေကိုရော သူ့သူငယ်ချင်းတွေရောနဲ့ သူ့ကောင်မလေးအေမီရောကိုပါပြောပြလေသည်။သူ့ကိုမည်သူမှမယုံကြည်ကြပါ။

ချာလီရဲ့သေရတော့မှာကိုကြောက်နေတဲ့စိတ်က သူ့ကို သူကြည့်နေကျ သရဲနှိမ်နင်းရေး တီဗီစီးရီးထဲက သွေးစုတ်ဖုတ်ကောင်လိုက်မုဆိုး မစ္စတာ ဗန်ဆန် ဆီကိုသွားအကူအညီတောင်းဖို့သူစိတ်ကူးမိလေတယ်။ ဒေါက်တာဗန်ဆန်က သရုပ်ဆောင်သူ ဖြစ်ပြီး တကယ့်သွေးစုတ်ဖုတ်ကောင်မုဆိုးမဟုတ်ပေ။ ချာလီကိုလဲငြင်းလွတ်လိုက်လေတယ်။

ချာလီထိပ်ထိပ်ပြာပြာဖြစ်ပြီးသူ့သူငယ်ချင်း အဒ် နဲ့ သူ့ချစ်သူ အေမီကိုသွားပြောပြတော့ အေမီကသိပ်မယုံချင်ပေမဲ့ ချာလီကို ချစ်တဲ့စိတ်နဲ့ ဖုတ်ကောင်လိုက်မုဆိုး ဗန်ဆန်ကိုသူမကိုယ်တိုင် ငွေပေးမယ်ဆိုကာသွားခေါ်ခဲ့ပြီး ဂျယ်ရီမကောင်းဆိုးရွားမဟုတ်ကြောင်းချာလီစိတ်ထင်နေတာသက်သေပြဖို့အေမီက ဗန်ဆန်ကိုတောင်းဆိုတော့လေတယ်။

ဗန်ဆန်ရယ် , ချာလီရယ်, အေမီရယ် နဲ့ ချာလီသူငယ်ချင်းဖြစ်သူ အဒ် တို့ ၄ ဦးသားဟာ ဂျယ်ရီအိမ်ကိုထွက်လာခဲ့ကြတယ်။ ဗန်ဆန်က ကားပေါ်မှဆင်းလိုက်တော့ လက်ထဲဘာသေတ္တာမှမယူပဲ ဘုရားသောက်တော်ရည်ရယ်နောက် လက်ဝါးကပ်တိုင် ရယ်သာယူခဲ့လေတယ်။

သူကသက်သေသာပြရုံကိုး ချာလီကလွဲသူတို့အားလုံးစိတ်ထဲမှာ ဂျယ်ရီဟာ လူတစ်ယောက်လို့ပဲထင်ကြတာကိုး ထိုအိမ်ထဲရောက်တော့ ချာလီကသာဖြစ်နေတာ ဂျယ်ရီကို ဗန်ဆန်က လူပဲ မြင်နေပြီး ဘုရားသောက်တော်ရည် ပုလင်းပေးတဲ့အချိန်မှာ မီးလှုံဖိုနားရပ်နေတဲ့ ဂျယ်ရီဟာ ဘုရားသောက်တော်ရည်ကို မီးအနည်းငယ်မသိမသာလေးပြပြီး သောက်ပြလိုက်လေရဲ့။(ဘုရားသောက်တော်ရည်ဟာ မီးအပူထိခဲ့ရင် အစွမ်းမရှိတော့ပါ)

ဗန်ဆန်က ချာလီကို အမြင်ရှင်းပြီလားလှမ်းမေးတော့ ချာလီက ဘုရားသောက်တော်ရည်မစစ်ဘူးဆိုကာပြောလေရဲ့။သူ့လက်ထဲက လက်ဝါးကပ်တိုင်ကို ဂျယ်ရီကိုကိုင်ခိုင်းလေရဲ့။ ဗန်ဆန်လှမ်းတားလိုက်လေတယ်။ပြန်ဖို့စကားပြောနှုတ်ဆက်ရင်း အေမီနဲ့ ဂျယ်ရီစကားပြောနေစဉ် ဗန်ဆန်က အိတ်ထဲက ကြည့်မှန်ထုတ်ကြည့်သွားကြားထိုးနေစဉ်နောက်ကိုမှန်ထဲမြင်ရရာ မှန်ထဲမှာ ဂျယ်ရီရဲ့ အရိပ်မပေါ်ပါ။

ဗန်ဆန်လက်ထဲက မှန်လွတ်ကြသွားလေတယ်မှန်ကို ကုန်းကောက်ရင်း ဗန်ဆန်က ကလေးတွေအကုန်ထွက်ကြဖို့ ထပြောကာသူကကားပေါ်ပြေးတက်ပြီးပြန်ခါနီးချာလီကို ဂျယ်ရီက ဖုတ်ကောင်အစစ်ဖြစ်ကြောင်းပြောသွားလေသည်။

ဗန်ဆန်သတိမထားမိသည်မှာ ဂျယ်ရီအိမ်ထဲမှာကျခဲ့သော သူ့မှန်မှကွဲစ တစ်စပေတည်း ....
ဆက်လက်ပြီး ဘယ်လိုဆက်ဖြစ်ကျမယ်, ဘယ်လို ခြောက်ခြားစရာကောင်းမယ်ဆိုတာကိုကိုယ့်ကိုသာ Fright Night အခွေလေးကြည့်ကြပါလို့။

==============================

Vampire ဇာတ္ကားေကာင္း ၾကည့္ခ်င္သူေတြအတြက္ Fright Night

အျပင္ေလာကတြင္ ေဆာင္းေလေအးက သိမ့္ကနဲ တုန္ေနေစသည္။ ခ်ာလီတစ္ေယာက္အိမ္ထဲတြင္ အိမ္စာလုပ္မယ္ဆိုကာ အေမကိုၾကည့္ေကာင္းေအာင္ ေျပာထားၿပီး သူ႔ရည္းစားမေလးျဖစ္သူ ေအမီကိုေခၚထားေလၿပီး ကိုယ္ပိုင္အခန္းထဲတြင္ အခ်စ္ခရီးလမ္းစဖို႔ ျပင္ေနေလေတာ့သည္။

ခ်ာလီဟာ သရဲကားေတြအျပင္ မစၥတာ ဗန္ဆန္ ရဲ႕ သရဲႏွိမ္နင္းေရး show ေတြကို ေလ့လာလိုက္စားတဲ့ အသက္ ၁၇ ႏွစ္အ႐ြယ္ေကာင္ေလးသာ ျဖစ္တယ္။ ေအမီက လွမ္းတားမႈ႕ေၾကာင့္ခ်ာလီစိတ္အေတာ္ဆိုးသြားသည္။ သို႔ေသာ္ ေအမီက မွားမွန္းသိ၍ ခ်ာလီကိုျပန္ေခ်ာ့ေခၚကာ ခ်ာလီကို ျပန္ေခၚလိုက္ေလသည္။

ခ်ာလီဟာ ေအမီအေပၚတြင္စိတ္မဝင္စားေတာ့ေခ်။ခ်ာလီစိတ္ေတြက - သူ႔အခန္းနဲ႔ သူ႔ေဘးအိမ္ရဲ႕ ျပတြင္းေပါက္က ကပ္လ်က္ျမင္ေနရသည္ကိုသာေငးၾကည့္ေနမိေတာ့သည္။ ခ်ာလီတို႔ေဘးအိမ္က အေတာ္ေျခာက္ျခားစရာေကာင္းၿပီး ေမွာင္ေနကာ ျမဴခိုးေတြနဲ႔အတိၿပီးေနေလ၏ထိုေဘးအိမ္ကို လူအသစ္ေတြေျပာင္းလာတယ္လို႔ ခ်ာလီသတင္းၾကားမိထားေတာ့ စိတ္ထဲကလည္း သိခ်င္ေနတာေပါ့။

သူ႔အိမ္ျပတြင္းေပါက္ကေန ခ်ာလီျမင္လိုက္ရတာက ထိုအိမ္ထဲမွအနက္ေရာင္ ေခါင္းတလားႀကီးကို အမ်ိဳးသားႏွစ္ဦးက ထုတ္သြားၿပီးကားေပၚတင္တာကိုသူျမင္လိုက္တာပါ။

ခ်ာလီေသခ်ာထိုအရာကိုပဲအာ႐ုံစိုက္ၾကည့္ေနမိေတာ့ေလသည္။ခ်ာလီခ်စ္သူဟာ အေပၚပိုင္းဗလာက်င္းနဲ႔သူမကို ဂ႐ုမစိုက္လို႔ ေဒါသထြက္ကာ ေအာက္ထက္ကိုဆင္းသြားေလတယ္။

ခ်ာလီမေကာင္းတတ္လို႔လိုက္ဆင္းလာေပမဲ့လည္းေအာက္ေရာက္ေတာ့ ခ်ာလီအေမက ေအမီကို သူ႔သားနဲ႔ အိမ္စာလာလုပ္ေပးလို႔ေက်းဇူးတင္တဲ့အေၾကာင္းေျပာေနစဥ္အတြင္းမွာေတာင္ေအာက္က ျပတင္းေပါက္ကေနခ်ာလီေဘးအိမ္ကိုပဲၾကည့္ေနမိျပန္၏။

ခ်ာလီ ထိုေန႔ညက ကိစၥကိုေမ့ေမ့ေပ်ာက္ေပ်ာက္နဲ႔ ေက်ာင္းသြားတတ္ေလတယ္။ေက်ာင္းနားေနခ်ိန္ေရာက္ေတာ့ ခ်စ္သူေလး ေအမီကျပန္လာေခ်ာ့ကာစကားေျပာေနခ်ိန္ သတင္းလာေလေတာ့ ခ်ာလီနားစြင့္မိတာကၿမိဳ႕စြန္မွာ အေလာင္းတစ္ေလာင္းေတြ႕ရတယ္တဲ့။

ခ်ာလီမေန႔ကညက အျဖစ္အပ်က္ေတြကို ျပန္သတိရမိလာတယ္။ထိုအေလာင္းကိစၥက ေဘးအိမ္က လူသတ္ေကာင္လားလို႔ ခ်ာလီေတြးေနမိရွာတယ္။ ခ်ာလီအေတြးနယ္ခ်ဲ႕ရင္းလမ္းကိုေျဖးညင္းစြာေလွ်ာက္ရင္းအိမ္ျပန္လာခဲ့တယ္။

သူ႔အိမ္ကို မိန္းမေခ်ာေလးတစ္ေယာက္ ကလိပ္စာမွားၿပီးလာေမးေနခ်င္းသာအမွန္ကခ်ာလီေဘးအိမ္ကိုလာတဲ့ဧည့္သည္။ခ်ာလီက ေဘးအိမ္ဆိုကာ ၫြန္ျပေပးလိုက္တယ္။ ခ်ာလီအေမနဲ႔ စကားေျပာေတာ့ ခ်ာလီကိုသူ႔အေမက ေဘးအိမ္က လူကအေျခာက္ထင္တယ္တဲ့ ခ်ာလီက သူ႔အေမကိုေဘးအိမ္က လူက စြံေၾကာင္းမိန္းမေခ်ာေလးတစ္ေယာက္ ထိုသူဆီလာတာ သူ႔ကိုအိမ္မွားလာေမးေၾကာင္းေျပာျပရင္းရယ္ရယ္ေမာေမာပဲ။

ခ်ာလီတို႔ေဘးအိမ္က လူကအရပ္ကခပ္ျမင့္ျမင့္ မ်က္ခုံးမ်က္လုံးေကာင္းေကာင္းနဲ႔အမ်ိဳးသမီးေတြစြဲမက္ဖြယ္ရာကိုယ္ခႏၶာေတာင့္တင္းသူျဖစ္ၿပီး သူ႔နာမည္က ဂ်ယ္ရီ ဒန္းဒရစ္။ထိုေဘးအိမ္မွာ ဂ်ယ္ရီက သူ႔အေဖာ္တစ္ဦးကို ခိုင္းဖို႔ေခၚထားၿပီးထိုအိမ္မွာအမ်ိဳးသားႏွစ္ဦးသာလူသစ္ေျပာင္းလာၾကတာျဖစ္တယ္။

အထက္တန္းေက်ာင္းသားဆိုေတာ့ စာမ်ားတဲ့ခ်ာလီတစ္ေယာက္စာလုပ္ေနေလရဲ႕ စာလုပ္ရင္းညကနက္လာေရာ ထိုစဥ္တြင္ေဘးအိမ္မွ အမ်ိဳးသမီးတစ္ဦးရဲ႕က်ယ္ေလာင္စြာေအာ္ဟစ္သံကိုခ်ာလီၾကားလိုက္ေလတယ္။

ထိုေအာ္သံရပ္ၿပီးေနာက္သံနတ္သံႀကီးထပ္ၾကားရေတာ့ ခ်ာလီမေနႏိုင္ေတာ့ ေအာက္ကိုအဆက္မျပတ္ငုံၾကည့္ေနစဥ္ ထိုအိမ္ထဲမွမေန႔ကလို အေခါင္းတလားထမ္းထြက္သြားတာေတြ႕ျပန္ေရာ။

ခ်ာလီလည္းသူ႔အေမကို ေၾကာက္လြန္းလို႔သြားႏႈိးမိေလရဲ႕ သူ႔အေမက အိပ္ခ်င္မူးတူးနဲ႔ ခ်က္ခ်င္းမထဘူးေပါ့။ ဒါနဲ႔ သိခ်င္စိတ္နဲ႔ခ်ာလီဟာ အျပင္ကိုထြက္ခါ ခ်ဳံထဲကေန ေခ်ာင္းေနစဥ္ သူ႔အေမက လိုက္ရွာေတာ့ ခ်ဳံထဲမွ ခ်ာလီေၾကာက္ဒူးတုန္ေနေလၿပီထိုအခ်ိန္ခ်ဳံလႈပ္သြားေလတယ္။
ေဘးအိမ္ကလူဟာသူ႔ကို ခ်ာလီေျခရာခံေနမွန္း အနည္းငယ္ရိပ္မိသြားသေရာင္ ရွိေလ၏။

ခ်ာလီအိမ္ထဲေျပးဝင္သြားေလတယ္။ ခ်ာလီကိုသူ႔အေမက သူဖ်ားေနတာလားေမးေလရဲ႕ခ်ာလီက ဘာမွမျဖစ္ေၾကာင္းအဆင္ေျပေၾကာင္းေျပာကာ တံခါးေတြလႈံေအာင္ပိတ္၍အိပ္ေလေတာ့တယ္။

ေက်ာင္းေရာက္ေတာ့ခ်ာလီစကားသိပ္မေျပာျဖစ္ညတုံးက ကိစၥကိုသာျပန္ေတြးရင္းေၾကာက္ေနမိေတာ့သည္။ ေက်ာင္းကတီဗီကို ၾကည့္လိုက္မိစဥ္ သတင္းမွာလူေသတယ္ဆိုပါလာတဲ့ အမ်ိဳးသမီးက ခ်ာလီေဘးအိမ္ကိုလာေသာ မေန႔က အမ်ိဳးသမီးျဖစ္ေနေလရဲ႕။

ခ်ာလီဟာ ရဲေခၚကာ ဂ်ယ္ရီအိမ္ကိုဝင္စစ္ေဆးခိုင္းေသးေလရဲ႕ သို႔ေပမဲ့ ရဲအရာရွိကေအးေဆးပဲခ်ာလီကို သတင္းမွားေလွ်ာက္ေပးတယ္ဆိုကာ ျပန္သြားေလရဲ႕။ ခ်ာလီညဘက္ေရာက္ေတာ့ထုံးစံအတိုင္း အခန္းထဲက ျပတြင္းေပါက္မွ ၾကည့္လိုက္ရာ ေဘးအိမ္က ဂ်ယ္ရီ ဆိုသူက လက္က လက္သည္းအရွည္ႀကီးေတြနဲ႔ အမ်ိဳးသမီးတစ္ဦးရဲ႕ လည္ပင္းကို အစြယ္ျဖဴျဖဴေဖြးေဖြးႀကီးမ်ားႏွင့္ ဖမ္းစုတ္ေတာ့မည့္အေနအထားကို သူေတြ႕လိုက္ေလေတာ့သည္။

ခ်ာလီရပ္ၾကည့္ေနရင္းေၾကာက္လြန္းသျဖင့္ ခန္းစီးက လႈပ္သြားကာ ဂ်ယ္ရီဆိုသူမွ ေတြ႕သြားေလေတာ့သည္။ ထုံးစံအတိုင္းခနအၾကာ ထိုအိမ္ထဲမွေခါင္းတလားတစ္ခု ထမ္း၍သယ္သြားတာသူသိလိုက္ေလသည္။

ခ်ာလီအေတာ္တုန္လႈပ္ေနစဥ္ ခ်ာလီအေမမွလွမ္းေခၚေလသည္။ ေဘးအိမ္မွ ဂ်ယ္ရီလာလည္ေၾကာင္းေျပာေတာ့ ခ်ာလီမ်က္စိမ်က္ႏွာပ်က္သြားေလတယ္။ (ေသြးစုတ္ဖုတ္ေတြရဲ႕ ထုံးစံအရ အိမ္ပိုင္ရွင္ရဲ႕ဝင္ခြင့္ရမွသာလွ်င္ သူတို႔ ထိုအိမ္ထဲဝင္ခြင့္ရႏိုင္ပါတယ္) ခ်ာလီက လက္ဆြဲႏႈတ္ဆက္ဖို႔ အေတာ္တုန္ရီေနေလၿပီ ခ်ာလီအေမက မ႐ိုင္းသင့္ေၾကာင္းေျပာ၍သာ သူ၏လက္တစ္ဖက္ကို လွမ္း၍ကမ္းမိေတာ့သည္။

ဂ်ယ္ရီဆိုတဲ့ မေကာင္းဆိုးဝါး ခ်ာလီအိမ္ကို အခြင့္ရွိ၍ဝင္လို႔ရသြားေလၿပီ။ခ်ာလီသူ႔အခန္းထဲသူခ်က္ခ်င္းဆိုသလိုဝင္လာခဲ့ၿပီးတံခါးေတြအလႈံလိုက္ပိတ္ေလေတာ့သည္။ သိပ္မၾကာခင္မွာပဲခ်ာလီျပတြင္းေပါက္ကရပ္ၾကည့္ေနစဥ္သူ႔ေနာက္မွေျခသံၾကားရၿပီး လက္ေအးေအးႀကီးနဲ႔ သူ႔လည္ပင္းကို ညစ္လိုက္ေလတယ္။

သူျမင္လိုက္ရတဲ့ ဂ်ယ္ရီဟာ ဂ်ယ္ရီရဲ႕လူသြင္ျပင္မဟုတ္ သူ႔ဇာတိ႐ုပ္ျဖစ္တဲ့ ေသြးစုတ္ဖုတ္တစ္ေကာင္ရဲ႕ ပုံသာျဖစ္ၿပီး လင္းႏို႔ဆန္ဆန္မ်က္ႏွာႏွင့္ေၾကာက္မက္ဖြယ္ ပုံစံႀကီးျဖစ္ေနေလ၏။ ခ်ာလီနဲ႔ ထိုေသြးစုတ္ဖုတ္ ဂ်ယ္ရီတို႔တိုက္ခိုက္ၾကေလတယ္။

ဂ်ယ္ရီဟာ ျပတြင္းေပါက္နားက မွန္ကေနခ်ာလီကို လြင့္ျပစ္ေတာ့မဲ့ စဲစဲအခ်ိန္မွာ ခ်ာလီဟာ လက္မွီရာ ခဲတံေကာက္ကိုင္ကာ ဂ်ယ္ရီလက္ကိုထိုးထည့္လိုက္ေလေတာ့သည္။ ဂ်ယ္ရီေအာ္၍ထြက္ေျပးသြားေတာ့ေလသည္။ထိုအခ်ိန္မွာ မိုးလင္းလုစဲစဲအခ်ိန္ျဖစ္သည္။ ခ်ာလီကသူ႔အေမကိုေရာ သူ႔သူငယ္ခ်င္းေတြေရာနဲ႔ သူ႔ေကာင္မေလးေအမီေရာကိုပါေျပာျပေလသည္။သူ႔ကိုမည္သူမွမယုံၾကည္ၾကပါ။

ခ်ာလီရဲ႕ေသရေတာ့မွာကိုေၾကာက္ေနတဲ့စိတ္က သူ႔ကို သူၾကည့္ေနက် သရဲႏွိမ္နင္းေရး တီဗီစီးရီးထဲက ေသြးစုတ္ဖုတ္ေကာင္လိုက္မုဆိုး မစၥတာ ဗန္ဆန္ ဆီကိုသြားအကူအညီေတာင္းဖို႔သူစိတ္ကူးမိေလတယ္။ ေဒါက္တာဗန္ဆန္က သ႐ုပ္ေဆာင္သူ ျဖစ္ၿပီး တကယ့္ေသြးစုတ္ဖုတ္ေကာင္မုဆိုးမဟုတ္ေပ။ ခ်ာလီကိုလဲျငင္းလြတ္လိုက္ေလတယ္။

ခ်ာလီထိပ္ထိပ္ျပာျပာျဖစ္ၿပီးသူ႔သူငယ္ခ်င္း အဒ္ နဲ႔ သူ႔ခ်စ္သူ ေအမီကိုသြားေျပာျပေတာ့ေအမီကသိပ္မယုံခ်င္ေပမဲ့ ခ်ာလီကို ခ်စ္တဲ့စိတ္နဲ႔ ဖုတ္ေကာင္လိုက္မုဆိုး ဗန္ဆန္ကိုသူမကိုယ္တိုင္ ေငြေပးမယ္ဆိုကာသြားေခၚခဲ့ၿပီး ဂ်ယ္ရီမေကာင္းဆိုး႐ြားမဟုတ္ေၾကာင္းခ်ာလီစိတ္ထင္ေနတာသက္ေသျပဖို႔ေအမီက ဗန္ဆန္ကိုေတာင္းဆိုေတာ့ေလတယ္။

ဗန္ဆန္ရယ္ , ခ်ာလီရယ္, ေအမီရယ္ နဲ႔ ခ်ာလီသူငယ္ခ်င္းျဖစ္သူ အဒ္ တို႔ ၄ ဦးသားဟာ ဂ်ယ္ရီအိမ္ကိုထြက္လာခဲ့ၾကတယ္။ ဗန္ဆန္က ကားေပၚမွဆင္းလိုက္ေတာ့ လက္ထဲဘာေသတၱာမွမယူပဲ ဘုရားေသာက္ေတာ္ရည္ရယ္ေနာက္ လက္ဝါးကပ္တိုင္ ရယ္သာယူခဲ့ေလတယ္။

သူကသက္ေသသာျပ႐ုံကိုး ခ်ာလီကလြဲသူတို႔အားလုံးစိတ္ထဲမွာ ဂ်ယ္ရီဟာ လူတစ္ေယာက္လို႔ပဲထင္ၾကတာကိုး ထိုအိမ္ထဲေရာက္ေတာ့ ခ်ာလီကသာျဖစ္ေနတာ ဂ်ယ္ရီကို ဗန္ဆန္က လူပဲ ျမင္ေနၿပီး ဘုရားေသာက္ေတာ္ရည္ ပုလင္းေပးတဲ့အခ်ိန္မွာ မီးလႈံဖိုနားရပ္ေနတဲ့ ဂ်ယ္ရီဟာ ဘုရားေသာက္ေတာ္ရည္ကို မီးအနည္းငယ္မသိမသာေလးျပၿပီး ေသာက္ျပလိုက္ေလရဲ႕။(ဘုရားေသာက္ေတာ္ရည္ဟာ မီးအပူထိခဲ့ရင္ အစြမ္းမရွိေတာ့ပါ)

ဗန္ဆန္က ခ်ာလီကို အျမင္ရွင္းၿပီလားလွမ္းေမးေတာ့ ခ်ာလီက ဘုရားေသာက္ေတာ္ရည္မစစ္ဘူးဆိုကာေျပာေလရဲ႕။သူ႔လက္ထဲက လက္ဝါးကပ္တိုင္ကို ဂ်ယ္ရီကိုကိုင္ခိုင္းေလရဲ႕။ ဗန္ဆန္လွမ္းတားလိုက္ေလတယ္။ျပန္ဖို႔စကားေျပာႏႈတ္ဆက္ရင္း ေအမီနဲ႔ ဂ်ယ္ရီစကားေျပာေနစဥ္ ဗန္ဆန္က အိတ္ထဲက ၾကည့္မွန္ထုတ္ၾကည့္သြားၾကားထိုးေနစဥ္ေနာက္ကိုမွန္ထဲျမင္ရရာ မွန္ထဲမွာ ဂ်ယ္ရီရဲ႕ အရိပ္မေပၚပါ။

ဗန္ဆန္လက္ထဲက မွန္လြတ္ၾကသြားေလတယ္မွန္ကို ကုန္းေကာက္ရင္း ဗန္ဆန္က ကေလးေတြအကုန္ထြက္ၾကဖို႔ ထေျပာကာသူကကားေပၚေျပးတက္ၿပီးျပန္ခါနီးခ်ာလီကို ဂ်ယ္ရီက ဖုတ္ေကာင္အစစ္ျဖစ္ေၾကာင္းေျပာသြားေလသည္။

ဗန္ဆန္သတိမထားမိသည္မွာ ဂ်ယ္ရီအိမ္ထဲမွာက်ခဲ့ေသာ သူ႔မွန္မွကြဲစ တစ္စေပတည္း ....
ဆက္လက္ၿပီး ဘယ္လိုဆက္ျဖစ္က်မယ္, ဘယ္လို ေျခာက္ျခားစရာေကာင္းမယ္ဆိုတာကိုကိုယ့္ကိုသာ Fright Night အေခြေလးၾကည့္ၾကပါလို႔။


Read 166 times
Rate :
(0 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.