Monday, 20 April 2020 15:40

fox-032104-Full-Image_GalleryCover-en-GB-1532043896045._UY500_UX667_RI_VHFNLsMJQYw2nVFGaklyX0zAeUN3Jivj_TTW_.jpg

 

ဒီတစ်ခါမှာတော့ အိမ်မှာပျင်းနေတဲ့ ပရိသတ်ကြီးအတွက် လူငယ်ဆယ်ကျော်သက် ဇာတ်ကားလေး Love Simon ဇာတ်ကားလေးကို ညွှန်းပါရစေ။

Love Simon ရဲ့ဒါရိုက်တာကတော့ Greg Berlanti ပါ။ သရုပ်ဆောင်တွေအနေနဲ့ Simon အဖြစ် Nick Robinson, Blue အဖြစ် Keiynan Lonsdale, Simon ရဲ့သူငယ်ချင်းတွေအဖြစ် Katherine Langford, Alexandra Shipp နဲ့ Jorge Lendeborg Jr. တို့က သရုပ်ဆောင်ထားပါတယ်။

Simon ညီမလေးအဖြစ် ကလေးသရုပ်ဆောင် Talitha Bateman က သရုပ်ဆောင်ထားပြီး Simon ရဲ့ မိဘတွေအဖြစ် ဝါရင့်သရုပ်ဆောင်တွေဖြစ်တဲ့ Jennifer Garner နဲ့ Safe Heaven ကားထဲမှ Josh Duhamel တို့မှ အားဖြည့်ထားပါတယ်။

2000 century fox က ထုတ်လုပ်ဖြန့်ချီတာ ဖြစ်ပြီး Love Simon စာအုပ်နာမည်က Simon vs. the Homo Sapiens Agenda ပါ။ Becky Albertalli ဟာ Love Simon လိုမျိုး LGBT Support တဲ့ ဇာတ်လမ်းတွေ ရေးသားတဲ့ စာရေးဆရာမ ဖြစ်ပါတယ်။

Love Simon ကားရဲ့ရယ်ရွယ်ချက်ကတော့ LGBT လူငယ်လေးတွေကို အခြားသာမန်လူတွေအနေနဲ့ အမြင်အဆင်ပြေစေရန်နဲ့ တစ်သားတည်းဖြစ်နေစေဖို့ကို အထူးရယ်ရွယ်တာပါတဲ့။

မှန်ပါတယ်၊ တကယ်ထိရောက်ခဲ့ပါတယ်။ Love Simon အစွမ်းတယ်အစွမ်းထက်သကိုး။ ပြောရရင် အမြင်စိမ်းမနေတော့ပဲ သူတို့ရဲ့ စိတ်အမှန်ပုံသဏ္ဏန်အမှန်ကို လူငယ်တွေဟာ ကြောက်စိတ်မရှိမသွယ်ဝှက်ထားတော့ပဲ ပြောလာကြတဲ့ထဲမှာ Love Simon ထဲက Simon နေရာက မင်းသား Nick ရဲ့ ညီအရင်းပါ အပါအဝင်ပါပဲ။

Gay တွေရဲ့ မိဘတွေကလည်း သူတို့သားသမီးတွေအပေါ်လက်ခံလာကြသလို အပြင်ကလူထု အကောင်းမြင်ဝါဒသမားတွေကပါ LGBT တွေအပေါ်ကို ထောက်ခံပြီး ပို၍ တန်းတူဆက်ဆံလာတာ တွေ့ရပြန်ပါတယ်။

Love Simon ကိုသာမန် ဆယ်ကျော်သက်တွေအနေနဲ့လဲ ကြည့်ရင်မပျင်းမဲ့ကားပါ။ ဒီကားလေးဟာ ကျောင်းသားလူငယ် စိတ်ကူးယဉ်ဆန်တဲ့ကားဖြစ်သလို စိတ်အာရုံရသပေါင်းစုံပေးကာ ကြည့်သူကို စီးမြောစေပြီး အကယ်၍သင်သာ LGBT တွေထဲက တစ်ဦးအပါအဝင်တစ်ယောက်ဆိုပါက စိတ်ခွန်အားအပြည့်ပေးတာကြောင့် သင့်ကိုသင် ဂုဏ်ယူနေမိပါလိမ့်မယ်။

Romantic ဆန်သလားလည်းပြောမနေနဲ့။ သူတို့လူငယ်တွေရဲ့ အနေအထိုင် ဝတ်ပုံစားပုံ အနောက်တိုင်းမှာ မိဘတွေနဲ့သားသမီးတွေရဲ့ ပွင့်လင်းမြင်သာပုံ နွေးထွေးပုံတွေကို ဒီကားတစ်ကားနဲ့တင် အကုန်သိမြင်ရမှာပါ။

အချစ်ရေးတင်မကပါဘူး။ သူငယ်ချင်းကောင်းမည်သည် ဘယ်လောက်ပင် စိတ်ဆိုးနေစေကာမူကိုယ့်သူငယ်ချင်း နိမ့်ကျနေစဉ် အကြောင်းမျိုးစုံနဲ့ ပြန်လှည့်ကြည့်ကာ အမြဲရှိပေးတတ်ကြပါတယ်။ သူငယ်ချင်းကောင်းတွေဆိုတာဘယ်လိုလဲ ဆိုတာပါ သိအောင် Simon နဲ့ သူ့ရဲ့ သူငယ်ချင်းတစ်စုက ကွက်ကွက်ကွင်းကွင်းမြင်ရအောင်ကိုပြသသွားပါသေးတယ်။

Love Simon ကားလေးဟာ Rotten Tomatoes 91 % / IMDb rating 7.8 ရရှိထားကာ အကယ်၍ သင်သာ လူငယ်တစ်ယောက်ဖြစ်ပါက ဒီ Love Simon ကားလေးကို Call me by your name ကားထက် ပိုကြိုက်မယ်ဆိုတာ ယုံကြည်မိပါတယ်။

PG - 13 ပါလို့ ၁၃ နှစ်အထက် ကလေးတွေကြည့်လို့ရပါတယ်။ ဇာတ်ကားကြာချိန်က ၁ နာရီနဲ့ ၅၀ မိနစ်ပါ။ မိသားစုနဲ့လဲအတူကြည့်လို့ရပါတယ်။Simon နဲ့ သူ့အဖေ တချို့အခန်းတွေဆို မျက်ရည်ကျရလောက်အောင် Drama ချိုးတာပါ။သားသမီးအပေါ်နားလည်ပြီး ချစ်ပေးတဲ့မိဘ နေရာက Simon ရဲ့အဖေနဲ့အမေဟာ ကိုယ်တွေရဲ့နှလုံးကို လုံးဝကိုင်လှုပ်သွားခဲ့တာပါပဲ။

Simon နဲ့သူ့ညီမလေးရဲ့ သရုပ်ဆောင်ကွက်တွေကလည်း Brother & Sister Hood ကို သေချာပြသသွားတာပါ။ သင့်မှာ ညီငယ်ညီမငယ်ရှိပါက ဒီကားလေးမောင်နှမအတူတူကြည့်ပြီး ပျော်စရာအချိန်လေးတွေ ဖန်တီးနိုင်ပါတယ်။

Simon နဲ့ Blue နဲ့ရဲ့ အချစ်ရေးက စိတ်ပင်ပန်းစရာတွေအပြီးမှာ ချားရဟတ်ပေါ်မှာ အားကျစရာ Ro ပြသွားပြန်ပါတယ်။ မှန်ပါတယ်။ အချစ်ဆိုတဲ့ အရာဟာ ယောက်ျားနဲ့ မိန်းမမှ ရွယ်တူချင်းမှမဟုတ်ပါဘူး။ Love is blind ဆိုတဲ့ အတိုင်း အချစ်မှာ မျက်စိမရှိပါဘူး။ ကိုယ့်ချစ်တဲ့သူဘယ်သူမဆို လွတ်လပ်စွာ ချစ်လို့ရတယ်ဆိုတာ ဒီကားလေးက သက်သေပါပဲ။

ဒီကားထဲက သီချင်းလေးတွေကလည်းအတော်ကောင်းပါတယ်။ Bleachers ရဲ့ သီချင်းတွေဖြစ်တဲ့ Alfie's Song - Rollercoaster - Keeping a secret , wild heart တို့အပြင် Jack Antonoff ရဲ့ never fall in love , Troye Sivan ရဲ့ Strawberries & Cigarettes , Amy Shark ရဲ့ Sink In , Khalid နဲ့ Normani ရဲ့ Love Lies , BrenWood ရဲ့ The Oogum Boogum Song , The 1975 ရဲ့ Love me , Whitney Houston ရဲ့ I wanna date with somebody , The Jackson 5 ရဲ့ Someday at Christmas , Haerts ရဲ့ Wings တို့ပါ။

LGBT Support သူတွေသာမက အခြားဆယ်ကျော်သက်တွေပါ ကြည့်သင့်တဲ့ ကားကောင်းတစ်ကားပါ။

============================

LGBT ေတြအတြက္ စိတ္ခြန္အားေတြ ရေစမယ့္ Love Simon ဇာတ္ကား

ဒီတစ္ခါမွာေတာ့ အိမ္မွာပ်င္းေနတဲ့ ပရိသတ္ႀကီးအႀကိဳက္ လူငယ္ဆယ္ေက်ာ္သက္ ဇာတ္ကား ေလး Love Simon ဇာတ္ကားေလးကို ၫႊန္းပါရေစ။

Love Simon ရဲ႕ဒါ႐ိုက္တာကေတာ့ Greg Berlanti ပါ။ သ႐ုပ္ေဆာင္ေတြအေနနဲ႔ Simon အျဖစ္ Nick Robinson, Blue အျဖစ္ Keiynan Lonsdale, Simon ရဲ႕သူငယ္ခ်င္းေတြအျဖစ္ Katherine Langford, Alexandra Shipp နဲ႔ Jorge Lendeborg Jr. တို႔က သ႐ုပ္ေဆာင္ထားပါတယ္။

Simon ညီမေလးအျဖစ္ ကေလးသ႐ုပ္ေဆာင္ Talitha Bateman က သ႐ုပ္ေဆာင္ထားၿပီး Simon ရဲ႕ မိဘေတြအျဖစ္ ဝါရင့္သ႐ုပ္ေဆာင္ေတြျဖစ္တဲ့ Jennifer Garner နဲ႔ Safe Heaven ကားထဲမွ Josh Duhamel တို႔မွ အားျဖည့္ထားပါတယ္။

2000 century fox က ထုတ္လုပ္ျဖန႔္ခ်ီတာ ျဖစ္ၿပီး Love Simon စာအုပ္နာမည္က Simon vs. the Homo Sapiens Agenda ပါ။ Becky Albertalli ဟာ Love Simon လိုမ်ိဳး LGBT Support တဲ့ ဇာတ္လမ္းေတြ ေရးသားတဲ့ စာေရးဆရာမ ျဖစ္ပါတယ္။

Love Simon ကားရဲ႕ရယ္႐ြယ္ခ်က္ကေတာ့ LGBT လူငယ္ေလးေတြကို အျခားသာမန္လူေတြအေနနဲ႔ အျမင္အဆင္ေျပေစရန္နဲ႔ တစ္သားတည္းျဖစ္ေနေစဖို႔ကို အထူးရယ္႐ြယ္တာပါတဲ့။

မွန္ပါတယ္၊ တကယ္ထိေရာက္ခဲ့ပါတယ္။ Love Simon အစြမ္းတယ္အစြမ္းထက္သကိုး။ ေျပာရရင္ အျမင္စိမ္းမေနေတာ့ပဲ သူတို႔ရဲ႕ စိတ္အမွန္ပုံသဏၰန္အမွန္ကို လူငယ္ေတြဟာ ေၾကာက္စိတ္မရွိမသြယ္ဝွက္ထားေတာ့ပဲ ေျပာလာၾကတဲ့ထဲမွာ Love Simon ထဲက Simon ေနရာက မင္းသား Nick ရဲ႕ ညီအရင္းပါ အပါအဝင္ပါပဲ။

Gay ေတြရဲ႕ မိဘေတြကလည္း သူတို႔သားသမီးေတြအေပၚလက္ခံလာၾကသလို အျပင္ကလူထု အေကာင္းျမင္ဝါဒသမားေတြကပါ LGBT ေတြအေပၚကို ေထာက္ခံၿပီး ပို၍ တန္းတူဆက္ဆံလာတာ ေတြ႕ရျပန္ပါတယ္။

Love Simon ကိုသာမန္ ဆယ္ေက်ာ္သက္ေတြအေနနဲ႔လဲ ၾကည့္ရင္မပ်င္းမဲ့ကားပါ။ ဒီကားေလးဟာ ေက်ာင္းသားလူငယ္ စိတ္ကူးယဥ္ဆန္တဲ့ကားျဖစ္သလို စိတ္အာ႐ုံရသေပါင္းစုံေပးကာ ၾကည့္သူကို စီးေျမာေစၿပီး အကယ္၍သင္သာ LGBT ေတြထဲက တစ္ဦးအပါအဝင္တစ္ေယာက္ဆိုပါက စိတ္ခြန္အားအျပည့္ေပးတာေၾကာင့္ သင့္ကိုသင္ ဂုဏ္ယူေနမိပါလိမ့္မယ္။

Romantic ဆန္သလားလည္းေျပာမေနနဲ႔။ သူတို႔လူငယ္ေတြရဲ႕ အေနအထိုင္ ဝတ္ပုံစားပုံ အေနာက္တိုင္းမွာ မိဘေတြနဲ႔သားသမီးေတြရဲ႕ ပြင့္လင္းျမင္သာပုံ ေႏြးေထြးပုံေတြကို ဒီကားတစ္ကားနဲ႔တင္ အကုန္သိျမင္ရမွာပါ။

အခ်စ္ေရးတင္မကပါဘူး။ သူငယ္ခ်င္းေကာင္းမည္သည္ ဘယ္ေလာက္ပင္ စိတ္ဆိုးေနေစကာမူကိုယ့္သူငယ္ခ်င္း နိမ့္က်ေနစဥ္ အေၾကာင္းမ်ိဳးစုံနဲ႔ ျပန္လွည့္ၾကည့္ကာ အၿမဲရွိေပးတတ္ၾကပါတယ္။ သူငယ္ခ်င္းေကာင္းေတြဆိုတာဘယ္လိုလဲ ဆိုတာပါ သိေအာင္ Simon နဲ႔ သူ႔ရဲ႕ သူငယ္ခ်င္းတစ္စုက ကြက္ကြက္ကြင္းကြင္းျမင္ရေအာင္ကိုျပသသြားပါေသးတယ္။

Love Simon ကားေလးဟာ Rotten Tomatoes 91 % / IMDb rating 7.8 ရရွိထားကာ အကယ္၍ သင္သာ လူငယ္တစ္ေယာက္ျဖစ္ပါက ဒီ Love Simon ကားေလးကို Call me by your name ကားထက္ ပိုႀကိဳက္မယ္ဆိုတာ ယုံၾကည္မိပါတယ္။

PG - 13 ပါလို႔ ၁၃ ႏွစ္အထက္ ကေလးေတြၾကည့္လို႔ရပါတယ္။ ဇာတ္ကားၾကာခ်ိန္က ၁ နာရီနဲ႔ ၅၀ မိနစ္ပါ။ မိသားစုနဲ႔လဲအတူၾကည့္လို႔ရပါတယ္။Simon နဲ႔ သူ႔အေဖ တခ်ိဳ႕အခန္းေတြဆို မ်က္ရည္က်ရေလာက္ေအာင္ Drama ခ်ိဳးတာပါ။သားသမီးအေပၚနားလည္ၿပီး ခ်စ္ေပးတဲ့မိဘ ေနရာက Simon ရဲ႕အေဖနဲ႔အေမဟာ ကိုယ္ေတြရဲ႕ႏွလုံးကို လုံးဝကိုင္လႈပ္သြားခဲ့တာပါပဲ။

Simon နဲ႔သူ႔ညီမေလးရဲ႕ သ႐ုပ္ေဆာင္ကြက္ေတြကလည္း Brother & Sister Hood ကို ေသခ်ာျပသသြားတာပါ။ သင့္မွာ ညီငယ္ညီမငယ္ရွိပါက ဒီကားေလးေမာင္ႏွမအတူတူၾကည့္ၿပီး ေပ်ာ္စရာအခ်ိန္ေလးေတြ ဖန္တီးႏိုင္ပါတယ္။

Simon နဲ႔ Blue နဲ႔ရဲ႕ အခ်စ္ေရးက စိတ္ပင္ပန္းစရာေတြအၿပီးမွာ ခ်ားရဟတ္ေပၚမွာ အားက်စရာ Ro ျပသြားျပန္ပါတယ္။ မွန္ပါတယ္။ အခ်စ္ဆိုတဲ့ အရာဟာ ေယာက္်ားနဲ႔ မိန္းမမွ ႐ြယ္တူခ်င္းမွမဟုတ္ပါဘူး။ Love is blind ဆိုတဲ့ အတိုင္း အခ်စ္မွာ မ်က္စိမရွိပါဘူး။ ကိုယ့္ခ်စ္တဲ့သူဘယ္သူမဆို လြတ္လပ္စြာ ခ်စ္လို႔ရတယ္ဆိုတာ ဒီကားေလးက သက္ေသပါပဲ။

ဒီကားထဲက သီခ်င္းေလးေတြကလည္းအေတာ္ေကာင္းပါတယ္။ Bleachers ရဲ႕ သီခ်င္းေတြျဖစ္တဲ့ Alfie's Song - Rollercoaster - Keeping a secret , wild heart တို႔အျပင္ Jack Antonoff ရဲ႕ never fall in love , Troye Sivan ရဲ႕ Strawberries & Cigarettes , Amy Shark ရဲ႕ Sink In , Khalid နဲ႔ Normani ရဲ႕ Love Lies , BrenWood ရဲ႕ The Oogum Boogum Song , The 1975 ရဲ႕ Love me , Whitney Houston ရဲ႕ I wanna date with somebody , The Jackson 5 ရဲ႕ Someday at Christmas , Haerts ရဲ႕ Wings တို႔ပါ။

LGBT Support သူေတြသာမက အျခားဆယ္ေက်ာ္သက္ေတြပါ ၾကည့္သင့္တဲ့ ကားေကာင္းတစ္ကားပါ။


Read 285 times
Rate :
(0 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.