Monday, 23 March 2020 13:25

kingdom-season-2-netflix-review_1.jpg

 

လာမယ့္ ရက္ေတြမွာ ရံုးပိတ္ရက္ေတြကလဲရွိ၊ ေႏြရာသီေက်ာင္းပိ္တ္ရက္ေတြကလဲရွိေတာ့ အိမ္မွာ အနားယူဖုိ႔အခ်ိန္အမ်ားႀကီးရွိေနတဲ့ ကာလပဲျဖစ္ပါတယ္။

ဒါ့အျပင္ Covid 19 ေရာဂါေၾကာင့္ လူစုလူေဝးေတြရွိတဲ့ေနရာေရွာင္ရွားရင္း တခ်ိဳ႕ဆုိရင္ အျပင္မထြက္ပဲ ကုိယ့္အိမ္မွာပဲ အနားယူေနၾကပါေတာ့တယ္။ ဒါေၾကာင့္ အားလပ္ရက္ေတြမွာ အိမ္မွာေနရင္း အပ်င္းေျပၾကည့္ရွုႏုိင္ဖုိ႔ 2020 ရဲ႕ ဇာတ္ကားေကာင္း(၁၀)ကားကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ Itaewon Class (2020)

Image result for Itaewon Class (2020)

ဒီကားမွာေတာ့ အတြင္းေရးမႈးကင္မ္ကားနဲ႔ နာမည္ႀကီးခဲ့တဲ့ ပတ္ဆိုးဂၽြန္မွ မင္းသမီးေခ်ာ နွစ္ေယာက္နဲ႔အတူ ေခါင္းမာတတ္တဲ့ လူငယ္ေလးတစ္ေယာက္အျဖစ္ ပါဝင္သရုပ္ေဆာင္ထားပါတယ္။ ေငြမ်ားတရားနိုင္ဆိုတာက ေခတ္အဆက္ဆက္ကိုရွိခဲ့တာပါတယ္။ ဒီဇာတ္လမ္းမွာတော့ အေဖတစ္ခုသားတစ္ခုဘဝမွာ အေဖကိုဆုံးရႈံးလိုက္ရတဲ့ လူမွန္ေလးတစ္ေယာက္ရဲ့ဘဝက ဘယ္လိုေတြဆက္ျဖစ္နိုင္မလဲ၊ သူရည္မွန္းထားတာေတြကို ဆက္လုပ္နိုင္ပါ့မလားဆုိတာ ၾကည့္ရွုရမယ့္ ဇာတ္ကားေကာင္းေလးပဲ ျဖစ္ပါတယ္။

၂။ BRAHMS: THE BOY II

Image result for BRAHMS: THE BOY II

အရင္နံပါတ္(၁)ကားထြက္တုန္းကေတာ့ အရမ္းကို နာမည္ႀကီးခဲ့တဲ့ ဇာတ္ကားပဲျဖစ္ပါတယ္။ အခု ဒီနံပါတ္(၂)ဇာတ္ကားမွာေတာ့ မိခင္နဲ႔သားနွစ္ဦးတည္း အိမ္မွာရွိေနတုန္း အိမ္တြင္းေဖာက္ထြင္းမႈတစ္ခု ျဖစ္ပြားခဲ့ပါတယ္။ ဒီျဖစ္ရပ္ျဖစ္ၿပီးေနာက္ပုိင္းမွာေတာ့ မိခင္ျဖစ္သူက အရမ္းကုိ စိတ္ေျခာက္ျခားခဲ့ၿပီး ညတုိင္းအိမ္မက္ဆုိးေတြမက္သလုိ သားျဖစ္သူကလည္း စကားမျေပာႏုိင္ေလာက္တဲ့အထိ ျဖစ္ခဲ့ရပါတယ္။ အဲဒီေနာက္ ဖခင္ျဖစ္သူက ခဏတျဖဳတ္ေနထုိင္ဖုိ႔အတြက္ ဟယ္ရွိယားဆုိတဲ့ ေတာရြာကေလးကို သူတုိ႔နွစ္ေယာက္ကိုေခၚသြားရင္း သားျဖစ္သူက အရုပ္ကေလးတစ္ရုပ္ကို ေကာက္ရခဲ့ပါတယ္။ အဲဒီအရုပ္ေလးဟာ နံပါတ္၁အရုပ္ေလးနဲ႔ ဆက္စပ္ေနမလား၊ ေနာက္ခံသမုိင္းကေရာ ဘယ္လုိျဖစ္ေနမလဲဆုိတာ ပရိတ္သတ္ေတြက ရင္ခုန္စိတ္လွဳပ္ရွားဖြယ္ ၾကည့္ရွုရမွာ ျဖစ္ပါတယ္။

Read More>>>ကိုရုိနာဗိုင္းရပ္စ္ေၾကာင့္ ရက္အကန္႔အသတ္မရွိေရႊ႕ဆုိင္းလိုက္ရတဲ့ ရုပ္ရွင္မ်ား

၃။ Kingdom Season 2 (2020)

kingdom-season-2-netflix-review_1.jpg

အဓိကဇာတ္ေဆာင္ျဖစ္တဲ့ အိမ္ေရွ႕စံ Lee Chang ေနရာမွာ သရုပ္ေဆာင္ထားတဲ့ မင္းသား Ju Ji-Hoon ကုိေတာ့ မသိတဲ့သူမရွိေလာက္ဘူးထင္ပါတယ္။ ဒီဇာတ္ကားမွာေတာ့ ဂ်ဳိေဆာင္ေခတ္မွာ အိမ္ေရွ႕စံမင္းသားက တုိင္းျပည္အတြင္းမွာ ထူးဆန္းတဲ့ ကပ္ေရာဂါဆုိး က်ေရာက္ေနတာကုိစုံစမ္းရင္း အမွန္တကယ္ေတာ့ အဲဒီကပ္ေရာဂါဆုိးက လူေတြကုိ ဇြန္ဘီေတြျဖစ္သြားႏုိင္ေစတယ္ဆုိတာ သိလာရပါတယ္။ သူအဲဒီကပ္ေရာဂါဆုိးကေန သူ႕ရဲ႕ႏုိင္ငံကုိ ကယ္တင္ႏုိင္ပါမလား။ အိမ္ေရွ႕စံျဖစ္တဲ့ သူ႕ကုိ ထီးနန္းမရေအာင္ တားဆီး တုိက္ခုိက္ေနတဲ့သူေတြကုိေရာ ကာကြယ္ႏုိင္ပါမလားဆုိတာကုိ အက္ရွင္ ၾကမ္းၾကမ္းေလးနဲ႔ျပေပးထားပါတယ္။

၄။ The Invisible Man

Image result for the invisible man

ဒီဇာတ္ကားကေတာ့ ေဟာ္ရာဇာတ္ကားေကာင္းတစ္ကားျဖစ္ၿပီး ကုိယ္ေပ်ာက္ႏုိင္တဲ့ လူတစ္ေယာက္ရဲ႕အေၾကာင္းကို ရုိက္ကူးထားတာ ျဖစ္ပါတယ္။ ဆယ္စီလီရယ္ဆုိတဲ့ မိန္းကေလးတစ္ေယာက္ဟာ အရာရာကိုခ်ဳပ္ကိုင္ထားခ်င္တဲ့ ေအဒရီယန္ဆုိတဲ့ ရည္းစားျဖစ္သူကို စြန္႔ခြာခဲ့ပါတယ္။ ဒါေပမယ့္ ေအဒရီယန္ဟာ သိပၸံပညာရွင္တစ္ေယာက္ျဖစ္ၿပီး ေခါင္းမာတတ္တဲ့ သူတစ္ယောက္ျဖစ္လုိ႔ ဆယ္စီလီရယ္ကို အလြတ္မေပးခဲ့ပါဘူး။ ေအဒရီယန္ေသၿပီးေနာက္ပိုင္းမွာေတာ့ ဆယ္စီလီရယ္ကို ဒုကၡမ်ိဳးစံုေပးၿပီး ေၾကာက္စရာေကာင္းတဲ့လုပ္ရပ္ေတြကို ျပဳလုပ္တာကို ပရိတ္သတ္ေတြၾကည့္ရွုရမွာပဲ ျဖစ္ပါတယ္။

>>>>ဗီဒီယိုမွတ္တမ္းတင္ ႐ိုက္ကူးသူမ်ား (149)ရဲ႕ လိပ္စာနဲ႔ ဖုန္းနံပါတ္မ်ား

၅။ HITMAN

Image result for HITMAN

ဒီဇတ္ကားေလးကေတာ့ အက္ရွင္၊ အခ်စ္၊ ဟာသ ဇာတ္ကားေလးပဲ ျဖစ္ပါတယ္။ ငယ္စဥ္တည္းက ကာတြန္းေရးရတာ ဝါသနာပါခဲ့ၿပီး စပုိင္အလုပ္လုပ္ေနတဲ့ ဂြ်န္ဟာ စပုိင္အလုပ္ကိုစိတ္ကုန္သြားတဲ့အခ်ိန္မွာ ကာတြန္းဆရာတစ္ေယာက္အျဖစ္ ရပ္တည္ခဲ့ပါတယ္။ အဲခ်ိန္မွာ ႏုိင္ငံေတာ္လ်ိဳ႕ဝွက္ခ်က္ေတြ စပိုင္လုပ္ငန္းအေသးစိတ္ေတြပါဝင္တဲ့ ကာတြန္းစာအုပ္ကုိ အြန္လုိင္းေပၚတင္ခဲ့ၿပီးေနာက္မွာ ဘာေတြဆက္ျဖစ္လာမွာလဲဆုိတာ ၾကည့္ရွုရမွာပဲ ျဖစ္ပါတယ္။

၆။ MAFIA

Image result for mafia chapter 1

မူးယစ္အထူးအဖြဲ႕က အာရ္ယန္ဟာ ခ်န္နိုင္းက တုိးပြားလာတဲ့မူးယစ္ေဆးဝါးအမႈေတြအြက္ ေခါင္းစားေနခ်ိန္မွာ မူးယစ္ေဆးဝါးအမႈေတြကို ေနာက္ကြယ္ကႀကိဳးကိုင္ေနတာက ဘယ္သူေတြလဲ၊ အာရ္ယန္ကေရာ အဲဒီအမႈကို ဘယ္လုိေဖာ္ထုတ္မွာလဲဆုိတာ ရင္ခုန္စိတ္လွုပ္ရွားဖြယ္ၾကည့္ရွုရမွာ ျဖစ္ပါတယ္။

My Mandalay

 

Zawgyi

 

လာမယ့် ရက်တွေမှာ ရုံးပိတ်ရက်တွေကလဲရှိ၊ နွေရာသီကျောင်းပိ်တ်ရက်တွေကလဲရှိတော့ အိမ်မှာ အနားယူဖို့အချိန်အများကြီးရှိနေတဲ့ ကာလပဲဖြစ်ပါတယ်။ ဒါ့အပြင် Covid 19 ရောဂါကြောင့် လူစုလူဝေးတွေရှိတဲ့နေရာရှောင်ရှားရင်း တချို့ဆိုရင် အပြင်မထွက်ပဲ ကိုယ့်အိမ်မှာပဲ အနားယူနေကြပါတော့တယ်။ ဒါကြောင့် အားလပ်ရက်တွေမှာ အိမ်မှာနေရင်း အပျင်းပြေကြည့်ရှုနိုင်ဖို့ 2020 ရဲ့ ဇာတ်ကားကောင်း(၁၀)ကားကို ဖော်ပြပေးလိုက်ပါတယ်။

၁။ Itaewon Class (2020)

ဒီကားမှာတော့ အတွင်းရေးမှုးကင်မ်ကားနဲ့ နာမည်ကြီးခဲ့တဲ့ ပတ်ဆိုးဂျွန်မှ မင်းသမီးချော နှစ်ယောက်နဲ့အတူ ခေါင်းမာတတ်တဲ့ လူငယ်လေးတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ငွေများတရားနိုင်ဆိုတာက ခေတ်အဆက်ဆက်ကိုရှိခဲ့တာပါတယ်။ ဒီဇာတ်လမ်းမှာတော့ အဖေတစ်ခုသားတစ်ခုဘဝမှာ အဖေကိုဆုံးရှုံးလိုက်ရတဲ့ လူမှန်လေးတစ်ယောက်ရဲ့ဘဝက ဘယ်လိုတွေဆက်ဖြစ်နိုင်မလဲ၊ သူရည်မှန်းထားတာတွေကို ဆက်လုပ်နိုင်ပါ့မလားဆိုတာ ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။

၂။ BRAHMS: THE BOY II

အရင်နံပါတ်(၁)ကားထွက်တုန်းကတော့ အရမ်းကို နာမည်ကြီးခဲ့တဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ အခု ဒီနံပါတ်(၂)ဇာတ်ကားမှာတော့ မိခင်နဲ့သားနှစ်ဦးတည်း အိမ်မှာရှိနေတုန်း အိမ်တွင်းဖောက်ထွင်းမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ဖြစ်ပြီးနောက်ပိုင်းမှာတော့ မိခင်ဖြစ်သူက အရမ်းကို စိတ်ခြောက်ခြားခဲ့ပြီး ညတိုင်းအိမ်မက်ဆိုးတွေမက်သလို သားဖြစ်သူကလည်း စကားမြပောနိုင်လောက်တဲ့အထိ ဖြစ်ခဲ့ရပါတယ်။ အဲဒီနောက် ဖခင်ဖြစ်သူက ခဏတဖြုတ်နေထိုင်ဖို့အတွက် ဟယ်ရှိယားဆိုတဲ့ တောရွာကလေးကို သူတို့နှစ်ယောက်ကိုခေါ်သွားရင်း သားဖြစ်သူက အရုပ်ကလေးတစ်ရုပ်ကို ကောက်ရခဲ့ပါတယ်။ အဲဒီအရုပ်လေးဟာ နံပါတ်၁အရုပ်လေးနဲ့ ဆက်စပ်နေမလား၊ နောက်ခံသမိုင်းကရော ဘယ်လိုဖြစ်နေမလဲဆိုတာ ပရိတ်သတ်တွေက ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ်။

၃။ Kingdom Season 2 (2020)

အဓိကဇာတ်ဆောင်ဖြစ်တဲ့ အိမ်ရှေ့စံ Lee Chang နေရာမှာ သရုပ်ဆောင်ထားတဲ့ မင်းသား Ju Ji-Hoon ကိုတော့ မသိတဲ့သူမရှိလောက်ဘူးထင်ပါတယ်။ ဒီဇာတ်ကားမှာတော့ ဂျိုဆောင်ခေတ်မှာ အိမ်ရှေ့စံမင်းသားက တိုင်းပြည်အတွင်းမှာ ထူးဆန်းတဲ့ ကပ်ရောဂါဆိုး ကျရောက်နေတာကိုစုံစမ်းရင်း အမှန်တကယ်တော့ အဲဒီကပ်ရောဂါဆိုးက လူတွေကို ဇွန်ဘီတွေဖြစ်သွားနိုင်စေတယ်ဆိုတာ သိလာရပါတယ်။ သူအဲဒီကပ်ရောဂါဆိုးကနေ သူ့ရဲ့နိုင်ငံကို ကယ်တင်နိုင်ပါမလား။ အိမ်ရှေ့စံဖြစ်တဲ့ သူ့ကို ထီးနန်းမရအောင် တားဆီး တိုက်ခိုက်နေတဲ့သူတွေကိုရော ကာကွယ်နိုင်ပါမလားဆိုတာကို အက်ရှင် ကြမ်းကြမ်းလေးနဲ့ပြပေးထားပါတယ်။

၄။ The Invisible Man

ဒီဇာတ်ကားကတော့ ဟော်ရာဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး ကိုယ်ပျောက်နိုင်တဲ့ လူတစ်ယောက်ရဲ့အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဆယ်စီလီရယ်ဆိုတဲ့ မိန်းကလေးတစ်ယောက်ဟာ အရာရာကိုချုပ်ကိုင်ထားချင်တဲ့ အေဒရီယန်ဆိုတဲ့ ရည်းစားဖြစ်သူကို စွန့်ခွာခဲ့ပါတယ်။ ဒါပေမယ့် အေဒရီယန်ဟာ သိပ္ပံပညာရှင်တစ်ယောက်ဖြစ်ပြီး ခေါင်းမာတတ်တဲ့ သူတစ်ယောက်ဖြစ်လို့ ဆယ်စီလီရယ်ကို အလွတ်မပေးခဲ့ပါဘူး။ အေဒရီယန်သေပြီးနောက်ပိုင်းမှာတော့ ဆယ်စီလီရယ်ကို ဒုက္ခမျိုးစုံပေးပြီး ကြောက်စရာကောင်းတဲ့လုပ်ရပ်တွေကို ပြုလုပ်တာကို ပရိတ်သတ်တွေကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။

၅။ HITMAN

ဒီဇတ်ကားလေးကတော့ အက်ရှင်၊ အချစ်၊ ဟာသ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ငယ်စဉ်တည်းက ကာတွန်းရေးရတာ ဝါသနာပါခဲ့ပြီး စပိုင်အလုပ်လုပ်နေတဲ့ ဂျွန်ဟာ စပိုင်အလုပ်ကိုစိတ်ကုန်သွားတဲ့အချိန်မှာ ကာတွန်းဆရာတစ်ယောက်အဖြစ် ရပ်တည်ခဲ့ပါတယ်။ အဲချိန်မှာ နိုင်ငံတော်လျို့ဝှက်ချက်တွေ စပိုင်လုပ်ငန်းအသေးစိတ်တွေပါဝင်တဲ့ ကာတွန်းစာအုပ်ကို အွန်လိုင်းပေါ်တင်ခဲ့ပြီးနောက်မှာ ဘာတွေဆက်ဖြစ်လာမှာလဲဆိုတာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။

၆။ MAFIA

မူးယစ်အထူးအဖွဲ့က အာရ်ယန်ဟာ ချန်နိုင်းက တိုးပွားလာတဲ့မူးယစ်ဆေးဝါးအမှုတွေအွက် ခေါင်းစားနေချိန်မှာ မူးယစ်ဆေးဝါးအမှုတွေကို နောက်ကွယ်ကကြိုးကိုင်နေတာက ဘယ်သူတွေလဲ၊ အာရ်ယန်ကရော အဲဒီအမှုကို ဘယ်လိုဖော်ထုတ်မှာလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာ ဖြစ်ပါတယ်။

My Mandalay

 


Read 81 times
Rate :
(1 Vote)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.