Saturday, 21 March 2020 15:21

no-time-to-die-delayed_1.jpg

 

လက္ရွိအခ်ိန္မွာ အားလုံးရဲ့ စိတ္ဝင္စားျခင္းနဲ႔ ေၾကာက္ရြံျခင္းကို ခံစားေနရတဲ့ အရာကေတာ့ ကိုရိုနာဗိုင္းရပ္စ္ ျဖစ္ပါတယ္။ ကိုရိုနာဗိုင္းရပ္စ္ရဲ့ ဒဏ္ကို ဥေရာပ နိုင္ငံႀကီးေတြကပါ ခံစားေနရၿပီး တျခားဆိုးက်ိဳးတစ္ခုကေတာ့ ႐ုပ္ရွင္ခ်စ္ပရိတ္သတ္ေတြ ခံစားရေစမယ့္ သတင္းပဲျဖစ္ပါတယ္။

ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ပရိတ္သတ္ေတြ ေမၽွာ္လင့္ေစာင့္စားေနၾကတဲ့ ႐ုပ္ရွင္ဇာတ္ကားေတြဟာ ႐ုံတင္ရက္ ေရႊ႕ဆိုင္းသြားၾကပါၿပီ။ ရက္အကန႔္အသတ္မဲ့ ေရႊ႕ဆိုင္းတာေတြလည္း ရွိပါတယ္။ ဘယ္ဇာတ္ကားေတြက ေရႊ႕ဆိုင္းလိုက္လဲဆိုတာကို My Yangon ပရိတ္သတ္ေတြအတြက္ ေဖာ္ျပေပးလိုက္ပါတယ္။

။ A Quiet Place

Image result for A Quiet Place

March 20 မွာ ႐ုံတင္ဖို႔ ရွိတဲ့ မင္းသမီး Emily Blunt ရဲ့ ေအာင္ျမင္ခဲ့တဲ့ Horror ႐ုပ္ရွင္ရဲ့ Sequel ျဖစ္တဲ့ A Quiet Place Part 2 ကေတာ့ ႐ုံတင္ရက္ကို ရက္အကန႔္အသတ္မရွိ ေရႊ႕ဆိုင္းသြားပါၿပီ။ ဥေရာပနိုင္ငံေတြမွာပဲ ရက္ေရႊ႕မယ္လို႔ သတင္းထြက္ခဲ့ရာကေန အခုခ်ိန္မွာ Director ျဖစ္သူ John Krasinski က Twitter ကတဆင့္ တစ္ကမၻာလုံးမွာ ျပသရက္ေရႊ႕လိုက္ေၾကာင္းကို တရားဝင္ ေၾကညာခဲ့ပါတယ္။

Read More>>>၂၀၂၀ ရဲ႕ အေကာင္းဆံုး သည္းထိတ္ရင္ဖုိဇာတ္ကား (၆) ကား

၂။ The Lovebirds

Image result for the lovebirds

Action-Comedy ႀကိဳက္သူေတြအတြက္ Michael Showalter ရိုက္ထားၿပီး Issa Rae နဲ႔ Kumail Nanjiani တို႔ သ႐ုပ္ေဆာင္ထားတဲ့ The Lovebirds ဇာတ္ကားဟာ South by Southwest Film Festival မွာ ျပသဖို႔ ရွိခဲ့ေပမယ့္ ထိုပြဲကလည္း ကိုရိုနာေၾကာင့္ ဖ်က္သိမ္းသြားၿပီး Paramount ကလည္း ျပသရက္ ေနာက္ဆုတ္ဖို႔ ဆုံျဖတ္ခဲ့ပါတယ္။

၃။ Mulan

Image result for mulan

Disney ရဲ့ Remake ေတြထဲက Serious အျဖစ္ဆုံး ႐ုပ္ရွင္ကေတာ့ ဘယ္ေလာက္ထိ Serious လဲဆိုတာကို ေနာက္က်မွ ျမင္ရပါေတာ့မယ္။ Disney ဘက္က ရက္အကန႔္အသတ္မရွိ ေရႊ႕ဆိုင္းထားတာမို႔ ထြက္ရွိရက္ အသစ္ကို မသိရေသးပါဘူး။

၄။ ANTLERS

Image result for antlers

20th Century Studios လက္ေအာက္ကေန ထြက္မယ့္ Antlers ဆိုတဲ့ Horror ကားကလည္း လူအမ်ားေစာင့္ေမၽွာ္ေနၾကေပမယ့္ Disney က ကိုရိုနာေၾကာင့္ ရက္အကန႔္အသတ္မရွိ ေရႊ႕ဆိုင္းလိုက္ပါၿပီ။

၅။ Peter Rabbit 2: The Runaway

Image result for Peter Rabbit 2: The Runaway

Sony က ကိုရိုနာေၾကာက္လို႔ ေစာေစာစီးစီးကတည္းက ပီတာတို႔ တစ္စုကို ႐ုံတင္ရက္ ေရႊ႕ေပးခဲ့ပါတယ္။ April မွာ ႐ုံတင္ဖို႔ရွိတဲ့ ဒီဇာတ္ကားကို August မွ ႐ုံတင္ေတာ့မွာပါ။

၆။ Fast and Furious 9

Fast-and-Furious-9-555x330.jpg

Vin Diesel ရဲ့ မၿပီးနိုင္တဲ့ 1 Last Ride Saga ႀကီးထဲက အသစ္စက္စက္ Fast 9 ကေတာ့ ကိုရိုနာေၾကာင့္ ႐ုံတင္ရက္ေရႊ႕သြားပါၿပီ။ မူလ သတ္မွတ္ခဲ့တဲ့ ႐ုံတင္ရက္ထက္ တစ္ႏွစ္ေနာက္က်ၿပီးမွ ထြက္ရွိလာမွာပါ။

၇။ No Time To Die

Image result for no time to die

ေသဖို႔ အခ်ိန္မရွိဘူးဆိုတဲ့ James Bond ရဲ့ 25 ကားေျမာက္႐ုပ္ရွင္ကေတာ့ ကိုရိုနာကို အေစာဆုံးေရွာင္ခဲ့တဲ့ ႐ုပ္ရွင္ပါ။ April မွာ ျပသဖို႔ ရွိခဲ့ေပမယ့္ November ကို ႐ုံတင္ရက္ေရႊ႕လိုက္ပါၿပီ။

Noreen ( My Mandalay )

 

Zawgyi

 

လက်ရှိအချိန်မှာ အားလုံးရဲ့ စိတ်ဝင်စားခြင်းနဲ့ ကြောက်ရွံခြင်းကို ခံစားနေရတဲ့ အရာကတော့ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဒဏ်ကို ဥရောပ နိုင်ငံကြီးတွေကပါ ခံစားနေရပြီး တခြားဆိုးကျိုးတစ်ခုကတော့ ရုပ်ရှင်ချစ်ပရိတ်သတ်တွေ ခံစားရစေမယ့် သတင်းပဲဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရိတ်သတ်တွေ မျှော်လင့်စောင့်စားနေကြတဲ့ ရုပ်ရှင်ဇာတ်ကားတွေဟာ ရုံတင်ရက် ရွှေ့ဆိုင်းသွားကြပါပြီ။ ရက်အကန့်အသတ်မဲ့ ရွှေ့ဆိုင်းတာတွေလည်း ရှိပါတယ်။ ဘယ်ဇာတ်ကားတွေက ရွှေ့ဆိုင်းလိုက်လဲဆိုတာကို My Yangon ပရိတ်သတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

၁။ A Quiet Place

March 20 မှာ ရုံတင်ဖို့ ရှိတဲ့ မင်းသမီး Emily Blunt ရဲ့ အောင်မြင်ခဲ့တဲ့ Horror ရုပ်ရှင်ရဲ့ Sequel ဖြစ်တဲ့ A Quiet Place Part 2 ကတော့ ရုံတင်ရက်ကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းသွားပါပြီ။ ဥရောပနိုင်ငံတွေမှာပဲ ရက်ရွှေ့မယ်လို့ သတင်းထွက်ခဲ့ရာကနေ အခုချိန်မှာ Director ဖြစ်သူ John Krasinski က Twitter ကတဆင့် တစ်ကမ္ဘာလုံးမှာ ပြသရက်ရွှေ့လိုက်ကြောင်းကို တရားဝင် ကြေညာခဲ့ပါတယ်။

၂။ The Lovebirds

Action-Comedy ကြိုက်သူတွေအတွက် Michael Showalter ရိုက်ထားပြီး Issa Rae နဲ့ Kumail Nanjiani တို့ သရုပ်ဆောင်ထားတဲ့ The Lovebirds ဇာတ်ကားဟာ South by Southwest Film Festival မှာ ပြသဖို့ ရှိခဲ့ပေမယ့် ထိုပွဲကလည်း ကိုရိုနာကြောင့် ဖျက်သိမ်းသွားပြီး Paramount ကလည်း ပြသရက် နောက်ဆုတ်ဖို့ ဆုံဖြတ်ခဲ့ပါတယ်။

၃။ Mulan

Disney ရဲ့ Remake တွေထဲက Serious အဖြစ်ဆုံး ရုပ်ရှင်ကတော့ ဘယ်လောက်ထိ Serious လဲဆိုတာကို နောက်ကျမှ မြင်ရပါတော့မယ်။ Disney ဘက်က ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားတာမို့ ထွက်ရှိရက် အသစ်ကို မသိရသေးပါဘူး။

၄။ ANTLERS

20th Century Studios လက်အောက်ကနေ ထွက်မယ့် Antlers ဆိုတဲ့ Horror ကားကလည်း လူအများစောင့်မျှော်နေကြပေမယ့် Disney က ကိုရိုနာကြောင့် ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ပါပြီ။

၅။ Peter Rabbit 2: The Runaway

Sony က ကိုရိုနာကြောက်လို့ စောစောစီးစီးကတည်းက ပီတာတို့ တစ်စုကို ရုံတင်ရက် ရွှေ့ပေးခဲ့ပါတယ်။ April မှာ ရုံတင်ဖို့ရှိတဲ့ ဒီဇာတ်ကားကို August မှ ရုံတင်တော့မှာပါ။

၆။ Fast and Furious 9

Vin Diesel ရဲ့ မပြီးနိုင်တဲ့ 1 Last Ride Saga ကြီးထဲက အသစ်စက်စက် Fast 9 ကတော့ ကိုရိုနာကြောင့် ရုံတင်ရက်ရွှေ့သွားပါပြီ။ မူလ သတ်မှတ်ခဲ့တဲ့ ရုံတင်ရက်ထက် တစ်နှစ်နောက်ကျပြီးမှ ထွက်ရှိလာမှာပါ။

၇။ No Time To Die

သေဖို့ အချိန်မရှိဘူးဆိုတဲ့ James Bond ရဲ့ 25 ကားမြောက်ရုပ်ရှင်ကတော့ ကိုရိုနာကို အစောဆုံးရှောင်ခဲ့တဲ့ ရုပ်ရှင်ပါ။ April မှာ ပြသဖို့ ရှိခဲ့ပေမယ့် November ကို ရုံတင်ရက်ရွှေ့လိုက်ပါပြီ။

Noreen ( My Mandalay )

 


Read 296 times Last modified on Saturday, 21 March 2020 15:32
Rate :
(7 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.