Wednesday, 18 March 2020 11:52

quiet-place-2-1200x794_1.jpg

 

ယခုအခ်ိန္က ေႏြရာသီေက်ာင္းပိတ္ရက္လဲျဖစ္၊ Covid(19) ေၾကာင့္ ရုပ္ရွင္ရံုေတြေရာ၊ သင္တန္းေၾကာင္းေတြေရာပါ ပိတ္ထားတာဆုိေတာ့ အိမ္မွာေအးေဆးအနားယူလုိ႔ ရပါတယ္။ ဒီေတာ့ အိမ္မွာအနားယူရင္း ၾကည့္ရွုလုိ႔ရေအာင္ သရဲကားႀကိဳက္သူေတြအတြက္ 2020 ရဲ႕ အေကာင္းဆံုး သည္းထိတ္ရင္ဖုိဇာတ္ကား(၆)ကားကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ Underwater

Image result for underwater movie

ဒီဇာတ္ကားမွာ့ Kristen Stewart ပါဝင္သရုပ္ေဆာင္ထားၿပီး ေရေအာက္သုေတသီ အဖြဲ႕ဟာ ပင္လယ္ေရေအာက္ (၇)မိုင္အနက္မွာ သုေသသန ျပဳလုပ္ေနရင္း ျပင္းထန္တဲ့ ငလ်င္တစ္ခု လႈပ္ခပ္ခဲ့ပါတယ္။ ဒီငလ်င္ဒဏ္ေၾကာင့္ပဲ ေရေအာက္ သုေတသနစခန္းဟာ ပ်က္ဆီးခဲ့ၿပီး မထင္မွတ္ထားတဲ့ ထူးဆန္းတဲ့ သတၱဝါဆိုးႀကီးေတြရဲ့ တိုက္ခိုက္မႈကိုပါ ခံခဲ့ရပါတယ္။ သုေတသီ အဖြဲ႕ရဲ့ ပင္လယ္ေရေအာက္ကေန အသက္အႏၲရာယ္ေဘးမွ လြတ္ေျမာက္ဖို႔ ႀကိဳးပမ္းမႈေတြကို သည္းထိတ္ရင္ဖိုစြာ ေစာင့္ၾကည့္ရမယ့္ 2020 ရဲ့ ကားေကာင္းတစ္ကားပဲျဖစ္ပါတယ္။

၂။ Horse Girl

Image result for Horse Girl movie

ဒီ ဇာတ္ကားကေတာ့ Mystery,Drama ဇာတ္ကား အမ်ိဳးအစားျဖစ္ၿပီးေတာ့ သရုပ္ေတာင္ Alison Brie မွာ ပါဝင္သရုပ္ေဆာင္ထားပါတယ္။ ဇာတ္လမ္းကေတာ့ ဆာရာဆိုတဲ့ လူမွုဆက္ဆံေရးညံ့ၿပီး တစ္ေယာက္တည္း ေနေလ့ရွိတဲ့သူမက အႏုပညာနဲ႔ လက္မွုပစၥည္းေတြႀကိဳက္ၿပီး ျမင္းစီးရတာနဲ႔ သဘာဝလြန္ဇာတ္ကားေတြ ၾကည့္တာကို ဝါသနာပါလွသူတစ္ေယာက္ပါ။ သူမရဲ့လက္ေတြ႕ဘဝ ကို ေရာယွက္ရွုပ္ေထြးေစတာကေတာ့
သူမရဲ့ ရွင္းလင္းျပတ္သားတဲ့ အိပ္မက္ဆိုးေတြကပဲျဖစ္ပါတယ္။ အိပ္မက္ဆိုးေတြကို အိပ္မက္လို႕မယူဆပဲ ထူးျခားဆန္းၾကယ္ဇာတ္ကားေတြ အၾကည့္လြန္ေနတဲ့သူမက အိပ္မက္ထဲကအရာေတြက အိပ္မက္မဟုတ္ပဲ
အျပင္မွာ အမွန္တကယ္ေရာက္ရွိေနတယ္လို႔ ယူဆတဲ့သူမ အေတြးအေခၚက မွန္ကန္ေနလား ဒါမွမဟုတ္ သူမကိုယ္တိုင္က ႐ူးေၾကာင္ေၾကာင္ျဖစ္ေနတာလားဆိုတာကို စိတ္ဝင္စားဖြယ္ၾကည့္ရွုရမယ့္ ဇာတ္ကားေကာင္းေလးပဲ ျဖစ္ပါတယ္။

Read More>>>နာမည္ေက်ာ္ ဟီးရိုးဇာတ္ေကာင္ေတြကို ပံုေဖာ္ၿပီး ဟာသေနွာရိုက္ကူးထားတဲ့ ကမၻာေက်ာ္႐ုပ္ရွင္

၃။ The Invisible Man

Image result for the invisible man movie

ဒီဇာတ္ကားကေတာ့ စိတ္ကူးယဥ္ဆန္ဆန္၊ Horror ဆန္ဆန္ ဖန္တီးထားတဲ့ သိပၸံ႐ုပ္ရွင္ဇာတ္လမ္း တစ္ခုျဖစ္ပါတယ္။ Cecilia ဆိုတဲ့ ေကာင္မေလးကို အနိုင္က်င့္ႏွိပ္စက္ေနတဲ့ ခ်စ္သူေဟာင္းဟာ ေသဆုံးခဲ့ၿပီလို႔ ထင္ခဲ့ရေပမယ့္ သူမကို အျမဲလိုက္ေႏွာင့္ယွက္ေနခဲ့တာကို ဆက္တိုက္ခံေနရလို႔ ပတ္၀န္းက်င္ကို ေျပာျပခဲ့ပါတယ္။ ဒါကို လူေတြက အယုံအၾကည္မရွိခဲ့လို႔ ဘယ္လိုမ်ိဳးေတြ ေတြ႕ၾကဳံရင္ဆိုင္ ေျဖရွင္းသြားမလဲဆိုတာကို သဲထိပ္ရင္ဖုိၾကည့္ရႈစားရမွာပဲ ျဖစ္ပါတယ္။

၄။ A Quiet Place Part 2

maxresdefault_5.jpg

A Quiet Place ဇာတ္ကားရဲ႕Part 2 မွာေတာ့ အေဖျဖစ္သူကို ဆုံးရႈံးရၿပီးေနာက္ပိုင္း ေနအိမ္ကို စြန႔္ခြာလာရတဲ့ Abbott မိသားစုရဲ့ ဇာတ္ေၾကာင္းကို ျပန္ဆက္ျပသထားၿပီး ထုံးစံအတိုင္း အသံမထြက္ဘဲ ေနရာအသစ္တစ္ခုကို ေရႊ႕ေျပာင္းၾကတဲ့အခါမွာ ဘယ္လို အခက္အခဲေတြ၊ အႏၲရာယ္ေတြနဲ႔ ရင္ဆိုင္ၾကရတယ္ ဆိုတာကို ျမင္ေတြ႕ရမွာပါ။ ကေလးလည္း ေမြးထားၿပီျဖစ္တဲ့ အေမျဖစ္သူဟာ ကေလးငယ္ကို ရင္မွာပိုက္ၿပီး နားမၾကားတဲ့ သမီးအႀကီးနဲ႔ သားလတ္ျဖစ္သူနဲ႔ ဒီလိုအႏၲရာယ္ေတာထဲ ေနရာအသစ္ရွာဖို႔ သြားရတာ ပိုခက္ခဲမွာ ေသခ်ာပါပဲ။ အခု႐ုပ္ရွင္မွာ အေကာင္ေတြနဲ႔ ပထမဆုံးၾကဳံၾကရတဲ့ ေန႔ကိုပါ ျပန္ေျပာင္းျပသြားမွာျဖစ္ၿပီး အရင္ character ေတြ ျပန္ပါလာမွာ ျဖစ္သလို character အသစ္ေတြကိုပါ ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။

၅။ Candyma

Image result for Candyma movie

ဒီဇာတ္ကားကေတာ့ 1992 မွာ ထြက္ရွိခဲ့တဲ့ horror ႐ုပ္ရွင္ 'Candyman' ဇာတ္ကားရဲ့ ‌ေနာက္ဆက္တြဲ ဇာတ္ကားပဲ ျဖစ္ပါတယ္။ Candyman ဆိုတဲ့ နာမည္ကို မွန္ေရွ႕မွာ (၅)ႀကိမ္ေခၚလိုက္ရင္ လက္မွာ ခ်ိတ္ေကာက္ႀကီးနဲ႔ Candyman ‌ေရာက္လာၿပီး သင့္ကို လာသတ္မယ္ဆိုတာကို ယုံတဲ့လူေတြေရာ မယုံတဲ့လူေတြေရာ ရွိပါတယ္။ ဒါ‌ေပမယ့္ Candyman ကေတာ့ သူစတင္ေပၚ‌ေပါက္ခဲ့တဲ့ ခ်ီကာဂိုၿမိဳ႕ကို ျပန္ေရာက္လာခဲ့ပါၿပီ။ Director ကေတာ့ 2018 က ထြက္ရွိခဲ့တဲ့ Little Woods ဇာတ္ကားကို ရိုက္ကူးခဲ့တဲ့ Nia DaCosta ပဲ ျဖစ္ပါတယ္။

>>>>႐ုပ္ရွင္႐ံုမ်ား (11)ခုရဲ႕ လိပ္စာနဲ႔ ဖုန္းနံပါတ္မ်ား

၆။ Spiral

Image result for Spiral movie

Spiral ဇာတ္ကားကာေတ့ စိတၱဇလူသတ္သမားႀကီးနဲ႔ ရဲစံုေထာက္ေတြရဲ႕ အားၿပိဳင္မႈကို ရိုက္ကူးျပသထားတဲ့ သဲထိတ္ရင္ဖို ရုပ္ရွင္ဇာတ္ကားပဲ ျဖစ္ပါတယ္။ ဒီကားထဲမွာ Chris Rock, Samuel L.Jackson, Maz Minghella နဲ႔ Marisol Nichols အစရွိတဲ့ နာမည္ႀကီး သရုပ္ေဆာင္ေတြ ပါဝင္သရုပ္ေဆာင္ထားပါတယ္။ ဒါ့အျပင္ Spiral ဇာတ္ကားဟာ နာမည္ေက်ာ္ သရုပ္ေဆာင္ Chris Rock ကိုယ္တိုင္ ပါ၀င္ အၾကံေပးထားတဲ့ ဇာတ္ကားလည္း ျဖစ္ပါတယ္။

My Mandalay

 

Zawgyi

ယခုအချိန်က နွေရာသီကျောင်းပိတ်ရက်လဲဖြစ်၊ Covid(19) ကြောင့် ရုပ်ရှင်ရုံတွေရော၊ သင်တန်းကြောင်းတွေရောပါ ပိတ်ထားတာဆိုတော့ အိမ်မှာအေးဆေးအနားယူလို့ ရပါတယ်။ ဒီတော့ အိမ်မှာအနားယူရင်း ကြည့်ရှုလို့ရအောင် သရဲကားကြိုက်သူတွေအတွက် 2020 ရဲ့ အကောင်းဆုံး သည်းထိတ်ရင်ဖိုဇာတ်ကား(၆)ကားကို ဖော်ပြပေးလိုက်ပါတယ်။

၁။ Underwater

ဒီဇာတ်ကားမှာ့ Kristen Stewart ပါဝင်သရုပ်ဆောင်ထားပြီး ရေအောက်သုတေသီ အဖွဲ့ဟာ ပင်လယ်ရေအောက် (၇)မိုင်အနက်မှာ သုသေသန ပြုလုပ်နေရင်း ပြင်းထန်တဲ့ ငလျင်တစ်ခု လှုပ်ခပ်ခဲ့ပါတယ်။ ဒီငလျင်ဒဏ်ကြောင့်ပဲ ရေအောက် သုတေသနစခန်းဟာ ပျက်ဆီးခဲ့ပြီး မထင်မှတ်ထားတဲ့ ထူးဆန်းတဲ့ သတ္တဝါဆိုးကြီးတွေရဲ့ တိုက်ခိုက်မှုကိုပါ ခံခဲ့ရပါတယ်။ သုတေသီ အဖွဲ့ရဲ့ ပင်လယ်ရေအောက်ကနေ အသက်အန္တရာယ်ဘေးမှ လွတ်မြောက်ဖို့ ကြိုးပမ်းမှုတွေကို သည်းထိတ်ရင်ဖိုစွာ စောင့်ကြည့်ရမယ့် 2020 ရဲ့ ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။

၂။ Horse Girl

ဒီ ဇာတ်ကားကတော့ Mystery,Drama ဇာတ်ကား အမျိုးအစားဖြစ်ပြီးတော့ သရုပ်တောင် Alison Brie မှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းကတော့ ဆာရာဆိုတဲ့ လူမှုဆက်ဆံရေးညံ့ပြီး တစ်ယောက်တည်း နေလေ့ရှိတဲ့သူမက အနုပညာနဲ့ လက်မှုပစ္စည်းတွေကြိုက်ပြီး မြင်းစီးရတာနဲ့ သဘာဝလွန်ဇာတ်ကားတွေ ကြည့်တာကို ဝါသနာပါလှသူတစ်ယောက်ပါ။ သူမရဲ့လက်တွေ့ဘဝ ကို ရောယှက်ရှုပ်ထွေးစေတာကတော့ သူမရဲ့ ရှင်းလင်းပြတ်သားတဲ့ အိပ်မက်ဆိုးတွေကပဲဖြစ်ပါတယ်။ အိပ်မက်ဆိုးတွေကို အိပ်မက်လို့မယူဆပဲထူးခြား ဆန်းကြယ် ာတ်ကားတွေ အကြည့်လွန်နေတဲ့သူမက အိပ်မက်ထဲကအရာတွေက အိပ်မက်မဟုတ်ပဲ အပြင်မှာ အမှန်တကယ်ရောက်ရှိနေတယ်လို့ ယူဆတဲ့သူမ အတွေးအခေါ်က မှန်ကန်နေလား ဒါမှမဟုတ် သူမကိုယ်တိုင်က ရူးကြောင်ကြောင်ဖြစ်နေတာလားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။

၃။ The Invisible Man

ဒီဇာတ်ကားကတော့ စိတ်ကူးယဉ်ဆန်ဆန်၊ Horror ဆန်ဆန် ဖန်တီးထားတဲ့ သိပ္ပံရုပ်ရှင်ဇာတ်လမ်း တစ်ခုဖြစ်ပါတယ်။ Cecilia ဆိုတဲ့ ကောင်မလေးကို အနိုင်ကျင့်နှိပ်စက်နေတဲ့ ချစ်သူဟောင်းဟာ သေဆုံးခဲ့ပြီလို့ ထင်ခဲ့ရပေမယ့် သူမကို အမြဲလိုက်နှောင့်ယှက်နေခဲ့တာကို ဆက်တိုက်ခံနေရလို့ ပတ်ဝန်းကျင်ကို ပြောပြခဲ့ပါတယ်။ ဒါကို လူတွေက အယုံအကြည်မရှိခဲ့လို့ ဘယ်လိုမျိုးတွေ တွေ့ကြုံရင်ဆိုင် ဖြေရှင်းသွားမလဲဆိုတာကို သဲထိပ်ရင်ဖိုကြည့်ရှုစားရမှာပဲ ဖြစ်ပါတယ်။

၄။ A Quiet Place Part 2

A Quiet Place ဇာတ်ကားရဲ့Part 2 မှာတော့ အဖေဖြစ်သူကို ဆုံးရှုံးရပြီးနောက်ပိုင်း နေအိမ်ကို စွန့်ခွာလာရတဲ့ Abbott မိသားစုရဲ့ ဇာတ်ကြောင်းကို ပြန်ဆက်ပြသထားပြီး ထုံးစံအတိုင်း အသံမထွက်ဘဲ နေရာအသစ်တစ်ခုကို ရွှေ့ပြောင်းကြတဲ့အခါမှာ ဘယ်လို အခက်အခဲတွေ၊ အန္တရာယ်တွေနဲ့ ရင်ဆိုင်ကြရတယ် ဆိုတာကို မြင်တွေ့ရမှာပါ။ ကလေးလည်း မွေးထားပြီဖြစ်တဲ့ အမေဖြစ်သူဟာ ကလေးငယ်ကို ရင်မှာပိုက်ပြီး နားမကြားတဲ့ သမီးအကြီးနဲ့ သားလတ်ဖြစ်သူနဲ့ ဒီလိုအန္တရာယ်တောထဲ နေရာအသစ်ရှာဖို့ သွားရတာ ပိုခက်ခဲမှာ သေချာပါပဲ။ အခုရုပ်ရှင်မှာ အကောင်တွေနဲ့ ပထမဆုံးကြုံကြရတဲ့ နေ့ကိုပါ ပြန်ပြောင်းပြသွားမှာဖြစ်ပြီး အရင် character တွေ ပြန်ပါလာမှာ ဖြစ်သလို character အသစ်တွေကိုပါ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

၅။ Candyma

ဒီဇာတ်ကားကတော့ 1992 မှာ ထွက်ရှိခဲ့တဲ့ horror ရုပ်ရှင် 'Candyman' ဇာတ်ကားရဲ့ ‌နောက်ဆက်တွဲ ဇာတ်ကားပဲ ဖြစ်ပါတယ်။ Candyman ဆိုတဲ့ နာမည်ကို မှန်ရှေ့မှာ (၅)ကြိမ်ခေါ်လိုက်ရင် လက်မှာ ချိတ်ကောက်ကြီးနဲ့ Candyman ‌ရောက်လာပြီး သင့်ကို လာသတ်မယ်ဆိုတာကို ယုံတဲ့လူတွေရော မယုံတဲ့လူတွေရော ရှိပါတယ်။ ဒါ‌ပေမယ့် Candyman ကတော့ သူစတင်ပေါ်‌ပေါက်ခဲ့တဲ့ ချီကာဂိုမြို့ကို ပြန်ရောက်လာခဲ့ပါပြီ။ Director ကတော့ 2018 က ထွက်ရှိခဲ့တဲ့ Little Woods ဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ Nia DaCosta ပဲ ဖြစ်ပါတယ်။

၆။ Spiral

Spiral ဇာတ်ကားကာတေ့ စိတ္တဇလူသတ်သမားကြီးနဲ့ ရဲစုံထောက်တွေရဲ့ အားပြိုင်မှုကို ရိုက်ကူးပြသထားတဲ့ သဲထိတ်ရင်ဖို ရုပ်ရှင်ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဒီကားထဲမှာ Chris Rock, Samuel L.Jackson, Maz Minghella နဲ့ Marisol Nichols အစရှိတဲ့ နာမည်ကြီး သရုပ်ဆောင်တွေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် Spiral ဇာတ်ကားဟာ နာမည်ကျော် သရုပ်ဆောင် Chris Rock ကိုယ်တိုင် ပါဝင် အကြံပေးထားတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။

My Mandalay


Read 243 times
Rate :
(4 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.