Tuesday, 03 March 2020 17:45

Capture_17.jpg

Frenzo Production ကနေ တင္ဆက္ၿပီးေတာ့ ဒါရိုက္တာ မီးပြားရုိက္ကူးထားတဲ့ “ ပိေတာက္ကတဲ့ ဂီတ “ ရုပ္ရွင္ဇာတ္ကားမွာ နွုတ္ခမ္းနီမေလးေတြရဲ႕ အသည္းစြဲ စိုင္းစိုင္းခမ္းလွိဳင္နဲ႔ ပိုးမမွီသာတုိ႔နဲ႔အတူ နာမည္ႀကီးဝါရင့္သ႐ုပ္ေဆာင္ေတြျဖစ္ၾကတဲ့ ေက်ာ္သူ၊ ဇင္ဝိုင္း၊ စိုင္းစိုင္းခမ္းလႈိင္၊ ခ်ိဳၿပဳံး၊ စိုးျမတ္သူဇာ၊ ေမသၪၨာဦး၊ ေအးျမတ္သူ တုိ႔မွ ပါဝင္သရုပ္ေဆာင္ထားတာ ျဖစ္ပါတယ္။

ဒီဇာတ္ကားဟာ ဂီတကိုအေျခခံၿပီး ရုိက္ကူးထားတဲ့ ဇာတ္ကားျဖစ္ၿပီးေတာ့ သၾကၤန္ရာသီအမီ အျပင္အဆင္၊ အခင္းအက်င္းေတြနဲ႔ ပံုေဖာ္ထားတာပဲျဖစ္ပါတယ္။ ဒီကားေလးမွာ စိုင္းစိုင္းက အဂၢါအျဖစ္ အဓိက ပါဝင္သရုပ္ေဆာင္ထားၿပီး ေဆးတၠသိုလ္က Queen ေလး ပိုးမမွီသာကေတာ့ ပုိးမဒီ အျဖစ္ ပါဝင္သရုပ္ေဆာင္ထားပါတယ္။ ဒီဇာတ္ကားဟာ ပိုးမမွီသာရဲ႕ ပထမဆုံးဇာတ္ကားေလးလည္း ျဖစ္ပါတယ္။

Read More>>>မျက်နှာပေါ်မှာ ဝက်ခြံဘုတွေကင်းစင်ပြီး စော်ကြည်တဲ့ ကောင်လေးဖြစ်ဖို့ဆိုရင်

“ ပိေတာက္ကတဲ့ ဂီတ “ ဇာတ္ကားကို ၿပီးခဲ့ မႏၱေလးသႀကၤန္မွာ ရုိက္ကူးထားၿပီ ၿမိဳ႕မနဲ႔မန္းသၾကၤန္ပုံရိပ္ေတြ၊ မႏၲေလးရႈ႕ခင္းေတြကို ဒီကားေလးမွာခံစားႏုိင္မွာ ျဖစ္ပါတယ္။ ထူးျခားတာတစ္ခုကေတာ့ ဒီကားမွာ ဇာတ္ဝင္ေတးသီခ်င္းေတြအမ်ားႀကီးပါဝင္တာပါပဲ။ ဒါ့အျပင္ ဦးမီးပြားရဲ႕ အျပင္းစားရုိက္ခ်က္ေတြကိုလဲ ၾကည့္ရွုရမွာ ျဖစ္ပါတယ္။

သၾကၤန္းနားနီးေနၿပီး သၾကၤန္ပိုးႂကြေနခ်ိန္မွာ ဒီဇာတ္ကားကို ၾကည့္ဖုိ႔အသင့္ေတာ္ဆံုးပါပဲ။ ပရိသတ္ေတြရဲ႕ အႀကိဳက္ေတြ႕ေစမယ့္ အတာသၾကၤန္ပြဲေတာ္ရဲ႕ အေငြ႕အသက္မ်ားၾကား အခ်စ္ဇာတ္လမ္းေလးတစ္ပုဒ္ကို သီခ်င္းမ်ားနဲ႔ စီျခယ္ထားတဲ့ “ပိေတာက္တဲ့ ဂီတ”ဇာတ္ကားႀကီးကို မတ္လ(၅)ရက္ေန႔မွစတင္ၿပီး တစ္ႏိုင္ငံလုံးရွိ ရုပ္ရွင္႐ုံေတြမွာ ျပေသေတာ့မွာ ပဲျဖစ္ပါတယ္။

My Mandalay ပရိတ္သတ္ေတြအတြက္ “ပိေတာက္တဲ့ ဂီတ”ဇာတ္ကားျပသလ်က္ရွိတဲ့ မႏၱေလးၿမိဳ႕က ရုပ္ရွင္ရံုေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ မဂၤလာဒိုင္းမြန္း ( ဖုန္းနံပါတ္မ်ား - 09-402765641, 09-402765642 )

၂။ JCGV ( ဖုန္းျဖင့္ ႀကိဳတင္လက္မွတ္ ၀ယ္ယူ၍ မရေတာ႔ပါ။ )

၃။ Myo Gone Yaung ( ဖုန္းနံပါတ္ - 024060365 )

၄။ ၀င္းလိုက္ ( ဖုန္းနံပါတ္မ်ား - 02-4039128, 02-4060291 )

၅။ မဂၤလာမန္းေနျပည္ေတာ္ (ဆိုင္းတန္း) (ဖုန္းနံပါတ္မ်ား - 09-952270811, 09-952280811, 09-952290811 )

၆။ မဂၤလာစင္ထရယ္ပြိဳင့္ ( ဖုန္းနံပါတ္မ်ား - 09-954086841, 09-954086842, 09-954086843 )

၇။ ၿမိဳ႕မ( ဖုန္းနံပါတ္မ်ား - 02-4039136, 02-403913 )

My Mandalay

Zawgyi

 

Frenzo Production ကနေ တင်ဆက်ပြီးတော့ ဒါရိုက်တာ မီးပွားရိုက်ကူးထားတဲ့ “ ပိတောက်ကတဲ့ ဂီတ “ ရုပ်ရှင်ဇာတ်ကားမှာ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ စိုင်းစိုင်းခမ်းလှိုင်နဲ့ ပိုးမမှီသာတို့နဲ့အတူ နာမည်ကြီးဝါရင့်သရုပ်ဆောင်တွေဖြစ်ကြတဲ့ ကျော်သူ၊ ဇင်ဝိုင်း၊ စိုင်းစိုင်းခမ်းလှိုင်၊ ချိုပြုံး၊ စိုးမြတ်သူဇာ၊ မေသ ဉ္ဇာဦး၊ အေးမြတ်သူ တို့မှ ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

ဒီဇာတ်ကားဟာ ဂီတကိုအခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပြီးတော့ သင်္ကြန်ရာသီအမီ အပြင်အဆင်၊ အခင်းအကျင်းတွေနဲ့ ပုံဖော်ထားတာပဲဖြစ်ပါတယ်။ ဒီကားလေးမှာ စိုင်းစိုင်းက အဂ္ဂါအဖြစ် အဓိက ပါဝင်သရုပ်ဆောင်ထားပြီး ဆေးတ္ကသိုလ်က Queen လေး ပိုးမမှီသာကတော့ ပိုးမဒီ အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားဟာ ပိုးမမှီသာရဲ့ ပထမဆုံးဇာတ်ကားလေးလည်း ဖြစ်ပါတယ်။

“ ပိတောက်ကတဲ့ ဂီတ “ ဇာတ်ကားကို ပြီးခဲ့ မန္တလေးသင်္ကြန်မှာ ရိုက်ကူးထားပြီ မြို့မနဲ့မန်းသင်္ကြန်ပုံရိပ်တွေ၊ မန္တလေးရှု့ခင်းတွေကို ဒီကားလေးမှာခံစားနိုင်မှာ ဖြစ်ပါတယ်။ ထူးခြားတာတစ်ခုကတော့ ဒီကားမှာ ဇာတ်ဝင်တေးသီချင်းတွေအများကြီးပါဝင်တာပါပဲ။ ဒါ့အပြင် ဦးမီးပွားရဲ့ အပြင်းစားရိုက်ချက်တွေကိုလဲ ကြည့်ရှုရမှာ ဖြစ်ပါတယ်။

သင်္ကြန်းနားနီးနေပြီး သင်္ကြန်ပိုးကြွနေချိန်မှာ ဒီဇာတ်ကားကို ကြည့်ဖို့အသင့်တော်ဆုံးပါပဲ။ ပရိသတ်တွေရဲ့ အကြိုက်တွေ့စေမယ့် အတာသင်္ကြန်ပွဲတော်ရဲ့ အငွေ့အသက်များကြား အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို သီချင်းများနဲ့ စီခြယ်ထားတဲ့ “ပိတောက်တဲ့ ဂီတ”ဇာတ်ကားကြီးကို မတ်လ(၅)ရက်နေ့မှစတင်ပြီး တစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံတွေမှာ ပြသေတော့မှာ ပဲဖြစ်ပါတယ်။

My Mandalay ပရိတ်သတ်တွေအတွက် “ပိတောက်တဲ့ ဂီတ”ဇာတ်ကားပြသလျက်ရှိတဲ့ မန္တလေးမြို့က ရုပ်ရှင်ရုံတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ မင်္ဂလာဒိုင်းမွန်း ( ဖုန်းနံပါတ်များ - 09-402765641, 09-402765642 )

၂။ JCGV ( ဖုန်းဖြင့် ကြိုတင်လက်မှတ် ဝယ်ယူ၍ မရတော့ပါ။ )

၃။ Myo Gone Yaung ( ဖုန်းနံပါတ် - 024060365 )

၄။ ဝင်းလိုက် ( ဖုန်းနံပါတ်များ - 02-4039128, 02-4060291 )

၅။ မင်္ဂလာမန်းနေပြည်တော် (ဆိုင်းတန်း) (ဖုန်းနံပါတ်များ - 09-952270811, 09-952280811, 09-952290811 )

၆။ မင်္ဂလာစင်ထရယ်ပွိုင့် ( ဖုန်းနံပါတ်များ - 09-954086841, 09-954086842, 09-954086843 )

၇။ မြို့မ( ဖုန်းနံပါတ်များ - 02-4039136, 02-403913 )

My Mandalay

 


Read 392 times Last modified on Wednesday, 04 March 2020 14:48
Rate :
(4 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.