Saturday, 15 February 2020 15:34

sthm_pusher_0_1.jpg

Sonic: The Hedgehog ဇာတ်ကားလေးဟာ တစ်ချိန်က နာမည်ကျော် video game တစ်ခုဖြစ်တဲ့ "Sonic The Hedgehog" ကို ရုပ်ရှင်အဖြစ် ပြန်လည်ပုံဖော်ထားတဲ့ ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်။

"Sonic" ဆိုတဲ့ ဇာတ်ကောင်လေးကို ရုပ်ရှင်ပိတ်ကားပေါ်မှာ ကြည့်ရှုခွင့်ရမှာဖြစ်ပြီး ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်တွေကတော့ James Marsden ၊ Ben Schwartz ၊ Tika Sumpter ၊ Jim Carrey တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ နာမည်ကျော် ဟာသသရုပ်ဆောင် Jim Carrey ကိုတော့ ဗီလိန်တစ်ယောက်အဖြစ် မြင်တွေ့ရမှာပါ။

ဇာတ်လမ်းအကျဉ်းလေးကတော့ တခြား ဂြိုလ်တစ်ခုကနေ ကမ္ဘာပေါ်ကိုကို ရောက်လာတဲ့ "Sonic" ဟာ အလွန်လျှင်မြန်တဲ့ အစွမ်းတွေရှိတဲ့ အပြာရောင်အကောင်ကလေး တစ်ကောင်ပါ။ ကမ္ဘာနဲ့ အသားကျအောင်နေရဖို့ ကြိုးစားရင်း တစ်နေ့မှာ ကြီးမားတဲ့ လျှပ်စစ်မတော်တဆမှုကြီးကို ကျူးလွန်မိပါတော့တယ်။

Read More>>>ပြောင်းလဲတက်တဲ့ လူတွေရဲ့အတ္တနဲ့ မာနတွေကို ပုံဖော်ရိုက်ကူးထးတဲ့ ရွှေမင်းသမီးဇာတ်ကား

အဲ့ဒီ ကျူးလွန်မှုကနေတစ်ဆင့် ကမ္ဘာကြီးကို သိမ်းပိုက်ဖို့ ကြံရွယ်နေတဲ့ Dr. Ivo တစ်ယောက် "Sonic" ရဲ့ အစွမ်းတွေကို သိရှိသွားခဲ့ပါတယ်။ အဲ့ဒီအချိန်ကစပြီး Dr. Ivo ဟာ Sonic ကို စမ်းသပ်ခွဲစိတ်မှုတွေ လုပ်ချင်တာကြောင့် လိုက်လံဖမ်းစီးပါတော့တယ်။

"Sonic" ဟာလည်း လူသားသူငယ်ချင်းဖြစ်တဲ့ Tom Wachowski ရဲ့ အကူအညီနဲ့ Dr. Ivo ရန်ကနေ ဘယ်လိုတွေ ပြန်လည်ခုခံမလည်းဆိုတာတော့ စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

"Sonic: The Hedgehog" ဇာတ်ကားကို ပြသနေတဲ့ မန္တလေးမြို့က ရုပ်ရှင်ရုံတွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

၁။ မင်္ဂလာဒိုင်းမွန်း ( ဖုန်းနံပါတ်များ - 09-402765641, 09-402765642 )

၂။ JCGV ( ဖုန်းဖြင့် ကြိုတင်လက်မှတ် ဝယ်ယူ၍ မရတော့ပါ။ )

My Mandalay

 

Unicode

 

Sonic: The Hedgehog ဇာတ္ကားေလးဟာ တစ္ခ်ိန္က နာမည္ေက်ာ္ video game တစ္ခုျဖစ္တဲ႔ "Sonic The Hedgehog" ကို ရုပ္ရွင္အျဖစ္ ျပန္လည္ပံုေဖာ္ထားတဲ႔ ဇာတ္ကားေလးတစ္ကား ျဖစ္ပါတယ္။

"Sonic" ဆိုတဲ႔ ဇာတ္ေကာင္ေလးကို ရုပ္ရွင္ပိတ္ကားေပၚမွာ ၾကည္႔ရႈခြင့္ရမွာျဖစ္ျပီး ပါဝင္သရုပ္ေဆာင္ထားတဲ႔ သရုပ္ေဆာင္ေတြကေတာ႔ James Marsden ၊ Ben Schwartz ၊ Tika Sumpter ၊ Jim Carrey တို႔ ပါဝင္သရုပ္ေဆာင္ထားပါတယ္။ နာမည္ေက်ာ္ ဟာသသရုပ္ေဆာင္ Jim Carrey ကိုေတာ႔ ဗီလိန္တစ္ေယာက္အျဖစ္ ျမင္ေတြ႔ရမွာပါ။

ဇာတ္လမ္းအက်ဥ္းေလးကေတာ႔ တျခား ျဂိဳလ္တစ္ခုကေန ကမၻာေပၚကိုကို ေရာက္လာတဲ႔ "Sonic" ဟာ အလြန္လွ်င္ျမန္တဲ႔ အစြမ္းေတြရွိတဲ႔ အျပာေရာင္အေကာင္ကေလး တစ္ေကာင္ပါ။ ကမၻာနဲ႔ အသားက်ေအာင္ေနရဖုိ႔ ႀကိဳးစားရင္း တစ္ေန႔မွာ ႀကီးမားတဲ႔ လွ်ပ္စစ္မေတာ္တဆမႈႀကီးကို က်ဴးလြန္မိပါေတာ႔တယ္။

အဲ႔ဒီ က်ဴးလြန္မႈကေနတစ္ဆင့္ ကမၻာႀကီးကို သိမ္းပိုက္ဖို႔ ၾကံရြယ္ေနတဲ႔ Dr. Ivo တစ္ေယာက္ "Sonic" ရဲ႕ အစြမ္းေတြကို သိရွိသြားခဲ႔ပါတယ္။ အဲ႔ဒီအခ်ိန္ကစျပီး Dr. Ivo ဟာ Sonic ကို စမ္းသပ္ခြဲစိတ္မႈေတြ လုပ္ခ်င္တာေၾကာင့္ လိုက္လံဖမ္းစီးပါေတာ႔တယ္။

"Sonic" ဟာလည္း လူသားသူငယ္ခ်င္းျဖစ္တဲ႔ Tom Wachowski ရဲ႕ အကူအညီနဲ႔ Dr. Ivo ရန္ကေန ဘယ္လိုေတြ ျပန္လည္ခုခံမလည္းဆိုတာေတာ႔ စိတ္ဝင္စားဖြယ္ ၾကည္႔ရႈရမယ္႔ ဇာတ္ကားတစ္ကားျဖစ္ပါတယ္။

"Sonic: The Hedgehog" ဇာတ္ကားကို ျပသေနတဲ႔ မႏၱေလးၿမိဳ႕က ရုပ္ရွင္ရံုေတြကိုလည္း ေဖာ္ျပေပးလိုက္ပါတယ္။

၁။ မဂၤလာဒိုင္းမြန္း ( ဖုန္းနံပါတ္မ်ား - 09-402765641, 09-402765642 )

၂။ JCGV ( ဖုန္းျဖင့္ ၾကိဳတင္လက္မွတ္ ၀ယ္ယူ၍ မရေတာ႔ပါ။ )

My Mandalay

 


Read 96 times
Rate :
(1 Vote)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.