Saturday, 15 February 2020 14:59

maxresdefault_2_1.jpg

မင်းသမီး စိုးပြည့်သဇင်ရဲ့ သရုပ်ဆောင်ချက်တွေက အရမ်းမိုက်လွန်းလို့ Trailer နဲ့တင် ပရိတ်သတ်တွေကြားမှာ ရေပန်းစားနေတဲ့ ရွှေမင်းသမီး ရုပ်ရှင်ဇာတ်ကားလေးအကြောင်းကို ဖော်ပြပေးချင်ပါတယ်။

ရွှေမင်းသမီးရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ မီးပွား ရိုက်ကူး ပုံဖော်ထားပြီးတော့ ပြေတီဦး၊ စိုးပြည့်သဇင်၊ ဇင်ဝိုင်း၊ ကျော်ကျော်ဗိုလ်၊ ကောင်းပြည့် တို့မှ အဓိကပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

ဒီကားမှာ စိုးပြည့်သဇင်ဟာ သီချင်းဆိုတာ အရမ်းဝါသနာပါတဲ့ ရွှေရည်ဆိုကောင်မလေးနေရာမှ ပါဝင်သရုပ်ဆောင်ထားပြီး သီချင်းဆိုပြိုင်ပွဲကနေတဆင့် နာမည်ရလာတဲ့အခါ စိတ်နေစိတ်ထားပြောင်းလဲသွားတဲ့ ပုံစံကို ပီပီပြင်ပြင် သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။

ပြေတီဦးကတော့ ရွှေမင်းသမီးတစ်ယောက်ဖြစ်လာဖို့အထိ အစအဆုံးကူညီပံ့ပိုးပေးခဲ့တဲ့သူတစ်ယာက်အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဒီဇာတ်ကားလေးဟာ အဆိုတော်ဖြစ်ချင်တဲ့ မိန်းခလေးတစ်ဦးရဲ့ အကြောင်းကို ရိုက်ကူးထားတာဖြစ်ပြီး လူ့လောက၊ လူ့သဘာဝမှာ ကြုံတွေ့ရမယ့် လူတွေရဲ့ အတ္တမာနတွေကို အရိုးရှင်းဆုံးပုံဖော်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။

Read More>>>ဖေဖော်ဝါရီလ (၁၃) ရက်မှစ၍ မန္တလေးရှိ ရုပ်ရှင်ရုံများတွင် ကြည့်ရှုနိုင်မည့် ဇာတ်ကားများ

ရွှေမင်းသမီးရုပ်ရှင်ဇာတ်ကားကို ဖေဖော်ဝါရီလ(၁၃)ရက်နေ့မှ စတင်ပြီး မြန်မာနိုင်ငံရှိ ရုပ်ရှင်ရုံတချို့မှာ ပြသနေပြီပဲ ဖြစ်ပါတယ်။ အခု My Mandalay ပရိတ်သတ်တွေအတွက် ရွှေမင်းသမီးရုပ်ရှင်ဇာတ်ကားကို ပြသနေတဲ့ မန္တလေးမြို့ကရုပ်ရှင်ရုံတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ မင်္ဂလာဒိုင်းမွန်း ( ဖုန်းနံပါတ်များ - 09-402765641, 09-402765642 )

၂။ မင်္ဂလာမန်းနေပြည်တော် (ဆိုင်းတန်း) ( ဖုန်းနံပါတ်များ - 09-952270811, 09-952280811, 09-952290811 )

၃။ မင်္ဂလာစင်ထရယ်ပွိုင့် ( ဖုန်းနံပါတ်များ - 09-954086841, 09-954086842, 09-954086843 )

၄။ မြို့မ ( ဖုန်းနံပါတ်များ - 02-4039136, 02-403913 )

My Mandalay

 

Unicode

မင္းသမီး စိုးျပည့္သဇင္ရဲ႕ သရုပ္ေဆာင္ခ်က္ေတြက အရမ္းမိုက္လြန္းလို႔ Trailer နဲ႔တင္ ပရိတ္သတ္ေတြၾကားမွာ ေရပန္းစားေနတဲ့ ေရႊမင္းသမီး ရုပ္ရွင္ဇာတ္ကားေလးအေၾကာင္းကို ေဖာ္ျပေပးခ်င္ပါတယ္။

ေရႊမင္းသမီးရုပ္ရွင္ဇာတ္ကားကုိ ဒါ႐ိုက္တာ မီးပြား ရိုက္ကူး ပံုေဖာ္ထားၿပီးေတာ့ ေျပတီဦး၊ စိုးျပည့္သဇင္၊ ဇင္ဝိုင္း၊ ေက်ာ္ေက်ာ္ဗိုလ္၊ ေကာင္းျပည့္ တို႔မွ အဓိကပါဝင္သရုပ္ေဆာင္ထားတာ ျဖစ္ပါတယ္။

ဒီကားမွာ စိုးျပည့္သဇင္ဟာ သီခ်င္းဆိုတာ အရမ္းဝါသနာပါတဲ့ ေရႊရည္ဆိုေကာင္မေလးေနရာမွ ပါဝင္သရုပ္ေဆာင္ထားၿပီး သီခ်င္းဆိုၿပိဳင္ပြဲကေနတဆင့္ နာမည္ရလာတဲ့အခါ စိတ္ေနစိတ္ထားေျပာင္းလဲသြားတဲ့ ပံုစံကို ပီပီျပင္ျပင္ သရုပ္ေဆာင္ထားတာပဲ ျဖစ္ပါတယ္။

ေျပတီဦးကေတာ့ ေရႊမင္းသမီးတစ္ေယာက္ျဖစ္လာဖို႔အထိ အစအဆံုးကူညီပံ့ပိုးေပးခဲ့တဲ့သူတစ္ယာက္အျဖစ္ ပါဝင္သရုပ္ေဆာင္ထားပါတယ္။

ဒီဇာတ္ကားေလးဟာ အဆိုေတာ္ျဖစ္ခ်င္တဲ့ မိန္းခေလးတစ္ဦးရဲ႕ အေၾကာင္းကုိ ရိုက္ကူးထားတာျဖစ္ၿပီး လူ႔ေလာက၊ လူ႔သဘာဝမွာ ႀကဳံေတြ႕ရမယ့္ လူေတြရဲ႕ အတၱမာနေတြကို အ႐ိုးရွင္းဆံုးပုံေဖာ္ထားတဲ့ ႐ုပ္ရွင္ဇာတ္ကားတစ္ကားလည္း ျဖစ္ပါတယ္။

ေရႊမင္းသမီးရုပ္ရွင္ဇာတ္ကားကို ေဖေဖာ္ဝါရီလ(၁၃)ရက္ေန႔မွ စတင္ၿပီး ျမန္မာႏုိင္ငံရွိ ရုပ္ရွင္ရံုတခ်ိဳ႕မွာ ျပသေနၿပီပဲ ျဖစ္ပါတယ္။ အခု My Mandalay ပရိတ္သတ္ေတြအတြက္ ေရႊမင္းသမီးရုပ္ရွင္ဇာတ္ကားကို ျပသေနတဲ့ မႏၱေလးၿမိဳ႕ကရုပ္ရွင္ရံုေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ မဂၤလာဒိုင္းမြန္း ( ဖုန္းနံပါတ္မ်ား - 09-402765641, 09-402765642 )

၂။ မဂၤလာမန္းေနျပည္ေတာ္ (ဆိုင္းတန္း) ( ဖုန္းနံပါတ္မ်ား - 09-952270811, 09-952280811, 09-952290811 )

၃။ မဂၤလာစင္ထရယ္ပြိဳင့္ ( ဖုန္းနံပါတ္မ်ား - 09-954086841, 09-954086842, 09-954086843 )

၄။ ၿမိဳ႕မ ( ဖုန္းနံပါတ္မ်ား - 02-4039136, 02-403913 )

My Mandalay

 


Read 157 times
Rate :
(5 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.