Wednesday, 05 February 2020 17:29

84774747_625931318233593_7753906529090142208_n_1.jpg

အမွတ္တမဲ႔အရာေတြက အမွတ္တရေတြျဖစ္သြားတဲ႔အခါ သင့္အနားမွာ အရိပ္လို လိုက္စိုးမိုးေနမွာ အေသအခ်ာပါပဲ။

 

ကိုယ္သိပ္ခ်စ္ရသူနဲ႔ လမ္းခြဲလိုက္တဲ႔အခါမွာ ဘယ္လိုပဲ ေမ႔လိုက္ႏိုင္ၿပီးေျပာေျပာ သူေပးထားတဲ႔ ပစၥည္းေလးေတြကိုျမင္တိုင္း သူနဲ႔အတူရွိခဲ႔တဲ႔ အမွတ္တရေတြကို ျပန္ျမင္ေယာင္မိမွာပါ။ ဒီခံစားခ်က္ကို ခ်စ္ရသူနဲ႔ ေဝးဖူးသူတိုင္း ခံစားဖူးပါလိမ္႔မယ္။

 

ဒီလိုအမွတ္တရေတြရွိခဲ႔ဖူးတယ္ဆိုရင္ေတာ႔ အခုေျပာျပေပးမယ္႔ ဇာတ္ကားေလးကို သြားၾကည္႔ဖို႔ တိုက္တြန္းခ်င္ပါတယ္။ မ်က္ရည္ခိုင္မွေတာ႔ ျဖစ္မယ္ေနာ္...

 

ဒီဇာတ္ကားေလးကေတာ႔ "Happy Old Year" လို႔ အမည္ရတဲ႔ ထိုင္းအခ်စ္ဒရမ္မာ ဇာတ္ကားတစ္ကား ျဖစ္ပါတယ္။ ပရိတ္သတ္အခ်စ္ေတာ္ Bad Genius ႐ုပ္ရွင္ကားထဲက မင္းသမီးေလး Chutimon Chuengcharoensukying နဲ႔ Brother of the Year ဇာတ္ကားထဲကမင္းသား Sunny Suwanmethanont တို႔ ပါဝင္သရုပ္ေဆာင္ထားၿပီး မႏၱေလးၿမိဳ႕ရဲ႕ ရုပ္ရွင္ရံုမ်ားမွာ ရံုတင္ျပသလွ်က္ရွိပါတယ္။

 

ဇာတ္လမ္းအက်ဥ္းကေတာ႔ Jean ဆိုတဲ႔ ေကာင္မေလးဟာ သူ႔ရဲ႕ အခန္းေလးကို ရံုးခန္းအျဖစ္ေျပာင္းလဲဖို႔အတြက္ မလိုအပ္တဲ႔ ပစၥည္းေတြကိုပစ္ဖို႔ ရွင္းလင္းရင္း ခ်စ္သူေဟာင္း Aim ေပးခဲ႔တဲ႔ အမွတ္တရ ပစၥည္းေလးေတြကို ျပန္လည္ရွာေတြ႕ခဲ႔ပါတယ္။

 

Read More>>>ေဖဖဝါရီလ (၆) ရက္မွစ၍ မႏၲေလးရွိ ရုပ္ရွင္ရုံမ်ားတြင္ ၾကည့္ရႈႏုိင္မည့္ ဇာတ္ကားမ်ား

ဒီအမွတ္တရပစၥည္းေလးေတြေတြ႕ၿပီး သူတို႔ခ်စ္သူႏွစ္ဦးရဲ႕ အရင္ကပံုရိပ္ေတြ ျပန္လည္ျမင္ေယာင္ရင္း Jean တစ္ေယာက္ ဒီပစၥည္းေတြကို လႊင့္ပစ္ဖို႔ရာ အခက္ေတြ႕ေနပါတယ္။

 

ေမ႔ႏိုင္ၿပီလို႔ ထင္ထားတဲ႔အရာေတြဟာ တကယ္ပဲ လက္ေတြ႕မွာ ေမ႔ပစ္ႏိုင္ၿပီလား၊ ဒီအမွတ္တရပစၥည္းေလးေတြကို Jean တကယ္ပဲ စြန္႔လႊတ္ႏိုင္မွာလား၊ ဘယ္လိုပံုစံနဲ႔ အဆံုးသတ္မလည္းဆိုတာကိုေတာ႔ လြမ္းဆြက္ဖြယ္ၾကည္႔ရႈရမယ္႔ ဇာတ္ကားတစ္ကား ျဖစ္ပါတယ္။

 

Happy Old Year ရုပ္ရွင္ဇာတ္ကားျပသေနတဲ႔ မႏၱေလးၿမိဳ႕က ရုပ္ရွင္ရံုေတြကိုလည္း ေဖာ္ျပေပးလိုက္ပါတယ္။

 

JCGV ( ဖုန္းျဖင့္ ၾကိဳတင္လက္မွတ္ ၀ယ္ယူ၍ မရေတာ႔ပါ။ )

 

Myo Gone Yaung ( ဖုန္းနံပါတ္ - 024060365 )

 

My Mandalay

 

Unicode

 

အမှတ်တမဲ့အရာတွေက အမှတ်တရတွေဖြစ်သွားတဲ့အခါ သင့်အနားမှာ အရိပ်လို လိုက်စိုးမိုးနေမှာ အသေအချာပါပဲ။

ကိုယ်သိပ်ချစ်ရသူနဲ့ လမ်းခွဲလိုက်တဲ့အခါမှာ ဘယ်လိုပဲ မေ့လိုက်နိုင်ပြီးပြောပြော သူပေးထားတဲ့ ပစ္စည်းလေးတွေကိုမြင်တိုင်း သူနဲ့အတူရှိခဲ့တဲ့ အမှတ်တရတွေကို ပြန်မြင်ယောင်မိမှာပါ။ ဒီခံစားချက်ကို ချစ်ရသူနဲ့ ဝေးဖူးသူတိုင်း ခံစားဖူးပါလိမ့်မယ်။

ဒီလိုအမှတ်တရတွေရှိခဲ့ဖူးတယ်ဆိုရင်တော့ အခုပြောပြပေးမယ့် ဇာတ်ကားလေးကို သွားကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ မျက်ရည်ခိုင်မှတော့ ဖြစ်မယ်နော်...

ဒီဇာတ်ကားလေးကတော့ "Happy Old Year" လို့ အမည်ရတဲ့ ထိုင်းအချစ်ဒရမ်မာ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ပရိတ်သတ်အချစ်တော် Bad Genius ရုပ်ရှင်ကားထဲက မင်းသမီးလေး Chutimon Chuengcharoensukying နဲ့ Brother of the Year ဇာတ်ကားထဲကမင်းသား Sunny Suwanmethanont တို့ ပါဝင်သရုပ်ဆောင်ထားပြီး မန္တလေးမြို့ရဲ့ ရုပ်ရှင်ရုံများမှာ ရုံတင်ပြသလျှက်ရှိပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ Jean ဆိုတဲ့ ကောင်မလေးဟာ သူ့ရဲ့ အခန်းလေးကို ရုံးခန်းအဖြစ်ပြောင်းလဲဖို့အတွက် မလိုအပ်တဲ့ ပစ္စည်းတွေကိုပစ်ဖို့ ရှင်းလင်းရင်း ချစ်သူဟောင်း Aim ပေးခဲ့တဲ့ အမှတ်တရ ပစ္စည်းလေးတွေကို ပြန်လည်ရှာတွေ့ခဲ့ပါတယ်။

ဒီအမှတ်တရပစ္စည်းလေးတွေတွေ့ပြီး သူတို့ချစ်သူနှစ်ဦးရဲ့ အရင်ကပုံရိပ်တွေ ပြန်လည်မြင်ယောင်ရင်း Jean တစ်ယောက် ဒီပစ္စည်းတွေကို လွှင့်ပစ်ဖို့ရာ အခက်တွေ့နေပါတယ်။

မေ့နိုင်ပြီလို့ ထင်ထားတဲ့အရာတွေဟာ တကယ်ပဲ လက်တွေ့မှာ မေ့ပစ်နိုင်ပြီလား၊ ဒီအမှတ်တရပစ္စည်းလေးတွေကို Jean တကယ်ပဲ စွန့်လွှတ်နိုင်မှာလား၊ ဘယ်လိုပုံစံနဲ့ အဆုံးသတ်မလည်းဆိုတာကိုတော့ လွမ်းဆွက်ဖွယ်ကြည့်ရှုရမယ့် ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။

Happy Old Year ရုပ်ရှင်ဇာတ်ကားပြသနေတဲ့ မန္တလေးမြို့က ရုပ်ရှင်ရုံတွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

JCGV ( ဖုန်းဖြင့် ကြိုတင်လက်မှတ် ဝယ်ယူ၍ မရတော့ပါ။ )

Myo Gone Yaung ( ဖုန်းနံပါတ် - 024060365 )

My Mandalay

 


Read 342 times
Rate :
(5 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.