Saturday, 25 January 2020 14:17

hhh.jpg

 

ကိုရီးယားနာမည္ေက်ာ္မင္းသားေတြ ပါဝင္သရုပ္ေဆာင္ထားတဲ႔ "ASHFALL" လို႔ အမည္ရတဲ႔ ရုုပ္ရွင္ဇာတ္ကားကို႕ရဲ မႏၱေလးၿမိဳ႕ရွိ ရုပ္ရွင္ရံုမ်ားမွာ ရံုတင္ျပသလွ်က္ရွိပါတယ္။

ဒီဇာတ္ကားကို ဒါရိုက္တာ Lee Hae-jun နဲ႔ Kim Byung-seo တို႔က ရိုက္ကူးထားျပီး Lee Byung-hun ၊ Ha Jung-woo ၊ Ma Dong-seok ၊ Bae Suzy ၊ Jeon Hye-jin တို႔က ပါဝင္သရုပ္ေဆာင္ထားပါတယ္။

ဇာတ္လမ္းအက်ဥ္းကေတာ႔ Kang Bong-Rae လို႔ေခၚတဲ႔ ပေရာ္ဖက္ဆာတစ္ေယာက္ဟာ ကိုရီးယားကြ်န္းဆြယ္နားမွာရွိတဲ႔ Baekdu မီးေတာင္က ေပါက္ကြဲလာႏိုင္ေၾကာင္းကို လြန္ခဲ႔တဲ႔ ၃ ႏွစ္ေလာက္ထဲက ေဟာကိန္းထုတ္ခဲ႔ပါတယ္။ Baekdu မီးေတာင္ေပါက္ကြဲလာခဲ႔ရင္ ကိုရီးယားကြ်န္းဆြယ္တစ္ခုလံုးကို ပ်က္စီးေစႏိုင္တဲ႔အထိ ျဖစ္လာႏိုင္ပါတယ္။

အစိုးရကို တင္ျပခဲ႔ေပမယ္႔ လက္မခံခဲ႔ပါဘူး။ ဒါေပမယ္႔ ကံၾကမၼာဆိုးၾကီးဟာ တကယ္ပဲ ေရာက္လာခဲ႔ပါတယ္။ Baekdu မီးေတာင္ေအာက္ပိုင္းအလႊာဟာ တစ္ခုခ်င္းစီ ေပါက္ကြဲလာျပီး ျပင္းထန္တဲ႔ ငလ်င္ေတြ ျဖစ္ေပၚလာပါေတာ႔တယ္။ ေနာက္ဆံုးအလႊာေပါက္ကြဲသြားရင္ေတာ႔ ကြ်န္းဆြယ္တစ္ခုလံုး ပ်က္စီး ဒုကၡေရာက္ၾကေတာ႔မွာပါ။

Read More>>>တည္ၿငိမ္ရင့္က်က္တဲ့ဦးနဲ႔ ဆယ္ေက်ာ္သက္ေကာင္မေလးတုိ႔ရဲ႕ ရင္ခုန္စရာအခ်စ္ဇာတ္လမ္း

ဒီအႏၱာရယ္ေတြကို အခ်ိန္မွီတားဆီးႏိုင္ဖို႔အတြက္ Captain Jo In-Chang (Ha Jung-Woo)နဲ႔ သူ႔ရဲ႕ EOD အဖြဲ႕ဟာ Professor Kang Bong-Rae ရဲ႕ သီအိုရီအတိုင္း စစ္ဆင္ေရးကို စတင္ရပါေတာ႔တယ္။

ဒီစစ္ဆင္ေရးမွာ အသံုးျပဳရမယ္႔ ေပါက္ကြဲႏိုင္တဲ႔ လက္နက္ေတြကို ေျမာက္ကိုရီးယားစခန္းတစ္ခုကေန Lee Joon Pyeong (Lee Byung Hun) ရဲ႕ အကူအညီနဲ႔ အခ်ိန္မီ ဖယ္ထုတ္ရမွာ ျဖစ္ပါတယ္။

ဒီလက္နက္ေတြနဲ႔ မီးေတာင္ ေတာင္ေျခကို ေဖာက္ခြဲမွသာ ဒီအႏၱာရယ္ကေန ကာကြယ္ႏိုင္မွာပါ။ Captain Jo In-Chang အဖြဲ႕နဲ႔ Lee Joon Pyeong တို႔ ဘယ္လိုေတြပူးေပါင္းျပီး ဘယ္လို စစ္ဆင္ေရးကို ေဆာင္ရြတ္ၾကမလဲ၊ ဒီမီးေတာင္ေပါက္ကြဲမႈေတြကို အခ်ိန္မီတားဆီးႏိုင္ပါ့မလားဆိုတာကို သည္းထိတ္ရင္ဖို ၾကည္႔ရႈရမယ္႔ ဇာတ္ကားတစ္ကား ျဖစ္ပါတယ္။

ASHFALL ရုုပ္ရွင္ဇာတ္ကားျပသေနတဲ မႏၱေလးၿမိဳ႕က ရုပ္ရွင္ရံုမ်ားကိုလည္း တစ္စုတစ္စည္းထဲ ေဖာ္ျပေပးလိုက္ပါတယ္။

မဂၤလာဒိုင္းမြန္း ( 09-402765641, 09-402765642 )

မဂၤလာစင္ထရယ္ပြိဳင့္ ( 09-954086841, 09-954086842, 09-954086843 )

Psyche 

Source wiki

 Unicode

 

ကိုရီးယားနာမည်ကျော်မင်းသားတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ "ASHFALL" လို့ အမည်ရတဲ့ ရုပ်ရှင်ဇာတ်ကားကို့ရဲ မန္တလေးမြို့ရှိ ရုပ်ရှင်ရုံများမှာ ရုံတင်ပြသလျှက်ရှိပါတယ်။

ဒီဇာတ်ကားကို ဒါရိုက်တာ Lee Hae-jun နဲ့ Kim Byung-seo တို့က ရိုက်ကူးထားပြီး Lee Byung-hun ၊ Ha Jung-woo ၊ Ma Dong-seok ၊ Bae Suzy ၊ Jeon Hye-jin တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ Kang Bong-Rae လို့ခေါ်တဲ့ ပရော်ဖက်ဆာတစ်ယောက်ဟာ ကိုရီးယားကျွန်းဆွယ်နားမှာရှိတဲ့ Baekdu မီးတောင်က ပေါက်ကွဲလာနိုင်ကြောင်းကို လွန်ခဲ့တဲ့ ၃ နှစ်လောက်ထဲက ဟောကိန်းထုတ်ခဲ့ပါတယ်။ Baekdu မီးတောင်ပေါက်ကွဲလာခဲ့ရင် ကိုရီးယားကျွန်းဆွယ်တစ်ခုလုံးကို ပျက်စီးစေနိုင်တဲ့အထိ ဖြစ်လာနိုင်ပါတယ်။

အစိုးရကို တင်ပြခဲ့ပေမယ့် လက်မခံခဲ့ပါဘူး။ ဒါပေမယ့် ကံကြမ္မာဆိုးကြီးဟာ တကယ်ပဲ ရောက်လာခဲ့ပါတယ်။ Baekdu မီးတောင်အောက်ပိုင်းအလွှာဟာ တစ်ခုချင်းစီ ပေါက်ကွဲလာပြီး ပြင်းထန်တဲ့ ငလျင်တွေ ဖြစ်ပေါ်လာပါတော့တယ်။ နောက်ဆုံးအလွှာပေါက်ကွဲသွားရင်တော့ ကျွန်းဆွယ်တစ်ခုလုံး ပျက်စီး ဒုက္ခရောက်ကြတော့မှာပါ။

ဒီအန္တာရယ်တွေကို အချိန်မှီတားဆီးနိုင်ဖို့အတွက် Captain Jo In-Chang (Ha Jung-Woo)နဲ့ သူ့ရဲ့ EOD အဖွဲ့ဟာ Professor Kang Bong-Rae ရဲ့ သီအိုရီအတိုင်း စစ်ဆင်ရေးကို စတင်ရပါတော့တယ်။

ဒီစစ်ဆင်ရေးမှာ အသုံးပြုရမယ့် ပေါက်ကွဲနိုင်တဲ့ လက်နက်တွေကို မြောက်ကိုရီးယားစခန်းတစ်ခုကနေ Lee Joon Pyeong (Lee Byung Hun) ရဲ့ အကူအညီနဲ့ အချိန်မီ ဖယ်ထုတ်ရမှာ ဖြစ်ပါတယ်။

ဒီလက်နက်တွေနဲ့ မီးတောင် တောင်ခြေကို ဖောက်ခွဲမှသာ ဒီအန္တာရယ်ကနေ ကာကွယ်နိုင်မှာပါ။ Captain Jo In-Chang အဖွဲ့နဲ့ Lee Joon Pyeong တို့ ဘယ်လိုတွေပူးပေါင်းပြီး ဘယ်လို စစ်ဆင်ရေးကို ဆောင်ရွတ်ကြမလဲ၊ ဒီမီးတောင်ပေါက်ကွဲမှုတွေကို အချိန်မီတားဆီးနိုင်ပါ့မလားဆိုတာကို သည်းထိတ်ရင်ဖို ကြည့်ရှုရမယ့် ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။

ASHFALL ရုပ်ရှင်ဇာတ်ကားပြသနေတဲ မန္တလေးမြို့က ရုပ်ရှင်ရုံများကိုလည်း တစ်စုတစ်စည်းထဲ ဖော်ပြပေးလိုက်ပါတယ်။

မင်္ဂလာဒိုင်းမွန်း ( 09-402765641, 09-402765642 )

မင်္ဂလာစင်ထရယ်ပွိုင့် ( 09-954086841, 09-954086842, 09-954086843 )

Psyche
Source wiki

 


Read 249 times
Rate :
(4 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.