Thursday, 23 January 2020 11:57

 

myat_nu.jpg

 




 

Read More>>>ဇန်နဝါရီလ (၂၃) ရက်မှစ၍ မန္တလေးရှိ ရုပ်ရှင်ရုံများတွင် ကြည့်ရှုနိုင်မည့် ဇာတ်ကားများ






My Mandalay

Unicode

“ မြက်နု “ ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ ပွင့်သိင်္ဂီဇော်မှ ရိုက်ကူးပုံဖော်ထားပြီး သရုပ်ဆောင် နေတိုးနဲ့ ဝတ်မှုန်ရွှေရည်တို့မှ ပါဝင်သရုပ်ဆောင်ထားတဲ့ အချစ်ဒရမ်ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ အမည်ကို မြက်နုလို့ပေးထားရခြင်းကတော့ မြက်ပင်လေးတွေဟာ နုငယ်တဲ့အချိန်မှာ ပြုစုယုယလို့ ရတယ်။ တကယ်လို့ ပြုစု၊ မယုယဘဲ ပစ်ထားမယ်ဆိုရင် တောထသွားပြီး အရိုင်းတွေ ဖြစ်သွားမယ်။ လူတွေအတွက် အသုံးမဝင်တော့မှာ မဟုတ်ဘူးဆိုတဲ့သဘောပဲဖြစ်ပါတယ်။

ဒီကားမှာ ဝတ်မှုန်ရွှေရည်မှ ဆယ်ကျော်သက်ကောင်မလေး ဂျိတ်အဖြစ်ပါဝင်ထားပြီး နေတိုးကတော့ အသက်ကြီးနေပြီဖြစ်တဲ့ ဦးအရွယ်အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ တည်ငြိမ်ရင့်ကျက်နေပြီဖြစ်တဲ့ ဦးကတော့ ဆယ်ကျော်သက်ကောင်မလေးဂျိတ်ရဲ့ ကလေးဆန်မှုလေးတွေကြားမှာ ချစ်မိသွားပြီး သူတို့နှစ်ဦး မရည်ရွယ်ဘဲ အိမ်နီးချင်းတွေဖြစ်လာတဲ့အခါမှာ ဘာတွေဆက်ဆက်ဖြစ်လာမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

အခုဆိုရင် “ မြက်နု “ ရုပ်ရှင်ဇာတ်ကားကြီးကို ဇန်နဝါရီလ ၂၃ ရက်နေ့မှ စတင်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံတစ်ချို့မှာ ပြသနေပြီပဲဖြစ်ပါတယ်။ ဒါကြောင့် My Mandalay ရဲ့ ပရိတ်သတ်တွေအတွက် “ မြက်နု “ ရုပ်ရှင်ဇာတ်ကား ပြသနေတဲ့ မန္တလေးမြို့က ရုပ်ရှင်ရုံတွေကိုဖော်ပြပေးလိုက်ပါတယ်။

ဝင်းလိုက် ( ဖုန်းနံပါတ် - 02-4039128, 02-4060291 )

မြို့မ ( ဖုန်းနံပါတ် - 02-4039136, 02-4039137 )

မင်္ဂလာမန်းနေပြည်တော် (ဆိုင်းတန်း) ( ဖုန်းနံပါတ် - 09-952270811, 80811, 90811 )

မင်္ဂလာဒိုင်းမွန်း ( ဖုန်းနံပါတ် - 09-402765641, 2 )

မင်္ဂလာစင်ထရယ်ပွိုင့် ( ဖုန်းနံပါတ် - 09-954086841, 2, 3 )

My Mandalay

 


Read 463 times
Rate :
(2 votes)

Related items

Leave a comment

Make sure you enter the (*) required information where indicated. HTML code is not allowed.